Myanmar Distillery Co.,Ltd(MDC) တင်ဒါခေါ်ယူခြင်း

တည်နေရာ  :

Sector    :

Buyer     :0

Type    :
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်
၁။ Myanmar Distillery Co.,Ltd တွင် အောက်ဖော်ပြပါ ပြည်တွင်းဖြစ် ထုတ်ပိုးပစ္စည်းများ လိုအပ်ချက်ရှိပါ၍ ဈေးနှုန်းအပြိုင်စနစ်ဖြင့် ကိုယ်ပိုင်စက်ရုံရှိ၍ ထုတ်လုပ်ပေးသွင်းနိုင်သည့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ လုပ်ငန်းရှင်များ မည်သူမဆို ပစ္စည်းပေးသွင်းနိုင်ရေး အိတ်ပိတ်တင်ဒါ ပေးသွင်းနိုင်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ အိတ်ပိတ်တင်ဒါများကို ဒီဇင်ဘာလကုန်အပြီး တင်သွင်းရန်ဖြစ်ပါသည်။
၂။ ဝယ်ယူလိုသည့် ပစ္စည်းအမျိုးအစားနှင့်အရေအတွက်
- ထုတ်ပိုးစက္ကူ (Shipping Carton Box)
(ပြည်တွင်း၊ ထုတ်လုပ်မှုပစ္စည်းများဖြစ်ရန်)
မှတ်ချက်။ ။ ပေးသွင်းနိုင်မည့် ပစ္စည်းအများဆုံးအရေအတွက်နှင့် အနည်းဆုံးအရေအတွက်ကို ဈေးနှုန်းအသီးသီးဖြင့် ဖော်ပြ၍ အိတ်ပိတ်တင်ဒါ လျှို့ဝှက်တင်သွင်းရန်ဖြစ်ပါသည်။
၃။ အိတ်ပိတ်တင်ဒါ ရွေးချယ်ခြင်းစနစ်
- အိတ်ပိတ်တင်ဒါရွေးချယ်မှုကို MDC ကုမ္ပဏီ ပစ္စည်းဝယ်ယူမှု စီစစ်ရေးကော်မတီမှ ဆုံးဖြတ်ရွေးချယ်မည်ဖြစ်ပါသည်။
၎။ အိတ်ပိတ်တင်ဒါများကို ဤသတင်းစာကြေညာပါရှိသည့် နေ့မှစတင်၍ တရားဝင်ရုံးပိတ်ရက်များမပါ ၂၀၁၆ ခုနှစ် မတ်လ ၂၂ရက်အထိ နံနက် ၉နာရီမှ ညနေ ၅နာရီအထိ အထက်လိပ်စာပါ ဝယ်ယူရေးဌာနသို့ လာရောက်ပေးသွင်းရန်ဖြစ်ပါသည်။
မှတ်ချက်။ ။သတ်မှတ်ကာလအတွင်း ပေးသွင်းခြင်းမရှိသော တင်ဒါများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။
၅။ ပေးသွင်းသည့် အိတ်ပိတ်တင်ဒါတွင်
(၁) ပစ္စည်းအမျိုးအစား (အသေးစိတ်ဖော်ပြချက်)
(၂) အရည်အသွေး (Quality)
(၃) ပေးသွင်းနိုင်မည့် အမြင့်ဆုံးအရေအတွက် (Quantity)
(အနိမ့်ဆုံးနှင့် အမြင့်ဆုံး အရေအတွက် တိကျစွာဖော်ပြရန်)
(၄) အနိမ့်ဆုံးနှင့် အမြင့်ဆုံး လက်ကားဈေးနှုန်း
(၅) အမည်၊ လိပ်စာနှင့် ထုတ်လုပ်မည့် စက်ရုံအမည်၊ ဆက်သွယ်ရန်ဖုန်းအမှတ်များ ပြည့်စုံစွာ ဖော်ပြပေးသွင်းရန် ဖြစ်ပါသည်။
၆။ တင်ဒါဖောင်များကို ရန်ကုန်နှင့် မန္တလေးမြို့များရှိ အောက်ပါရုံးခွဲများရှိ ဝယ်ယူရေးဌာနများတွင် လာရောက်ထုတ်ယူနိုင်ပါသည်။
၇။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက MDC(ဝယ်ယူရေးဌာန) ရန်ကုန်ဖုန်း ၀၁-၆၅၄၉၃၇၊ ၀၉-၇၃၀၁၇၆၀၈ နှင့် မန္တလေးဖုန်း ၀၂-၅၁၅၄၃၅၇၊ ၀၉-၄၀၂၅၃၅၉၂၇ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Myanmar Distillery Co.,Ltd(MDC)
အမှတ်-(၃၃)၊ ပြည်လမ်း (၆)မိုင်ခွဲ
အမှတ်(၁၁)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တင်ဒါခေါ်ယူခြင်း

MDC(ဝယ်ယူရေးဌာန) ရန်ကုန်ဖုန်း ၀၁-၆၅၄၉၃၇၊ ၀၉-၇၃၀၁၇၆၀၈ နှင့် မန္တလေးဖုန်း ၀၂-၅၁၅၄၃၅၇၊ ၀၉-၄၀၂၅၃၅၉၂၇ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
 
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Opening Date     : 14-Mar-2016 | Mon

Closing Date       : 22-Mar-2016 | Tue

Expire In        : Coming 1 day
 
ဆက်သွယ်ရန်
0