BaganMart

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရုံးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ရုံးသုံးစက်နှင့် ပရိဘောဂများ ၀ယ်ယူရန် တင်ဒါခေါ်

တည်နေရာ  : မန္တလေးတိုင်းဒေသကြီး

Buyer     :Bagan Tender

Type    :အစိုးရတင်ဒါ
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရုံးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ရုံးသုံးစက်နှင့် ပရိဘောဂများ ၀ယ်ယူရန် တင်ဒါခေါ်

ရန်ကုန်၊ မတ် ၁၃

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရုံးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ရုံးသုံးစက်ပစ္စည်း (၉)မျိုးနှင့် ရုံးသုံးပရိဘောဂ (၂)မျိုး စုစုပေါင်း (၁၁)မျိုးအား ၀ယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူထားသည်။

တင်ဒါစည်းကမ်းချက်များ ပါဝင်သော အိတ်ဖွင့်တင်ဒါပုံစံကို (၁၅.၃.၂၀၁၉) ရက်မှ (၂၂.၃.၂၀၁၉) ရက်အထိ ရုံးဖွင့်ရက်များတွင် ရုံးဖွင့်ရက်များတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရုံးအမှတ် (၅၅)၊ စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန၊ အင်ဂျင်နီယာ ဌာနစိတ် (စက်မှု)နှင့် ပစ္စည်း (၁)ဌာနစိတ်တို့တွင် လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

အိတ်ဖွင့်တင်ဒါများကို (၂၂.၄.၂၀၁၉) ရက်နောက်ဆုံးထား၍ (၉း၃၀ မှ ၁၆း၀၀ နာရီ)အတွင်း ရုံးအမှတ် (၅၅) စီမံခန့်ခွဲမှုနှင့် လူသား အရင်းအမြစ်ဖွံ့ဖြိုးရေးဌာနတွင် တင်သွင်းရမည်ဖြစ်ပြီး သတ်မှတ်ကာလကျော်လွန်သော တင်ဒါများကို ထည့်သွင်းစဉ်း စားမည်မဟုတ်ကြောင်း သိရသည်။

အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူများသည် သတ်မှတ်ထားသော တင်ဒါအာမခံကြေးပေးသွင်းပြီးမှ သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံ တင်သွင်းရမည်ဖြစ်သည်။

အသေးစိတ်သိရှိလိုသော အချက်များရှိပါက ဖုန်း ၀၆၇-၃၄၁၈၂၉၃ (အင်ဂျင်နီယာဌာနစိတ်၊ စက်မှု)နှင့် ဖုန်း ၀၆၇-၃၄၁၈၅၉၀ (ပစ္စည်း-၁ ဌာနစိတ်)သို့ ရုံးချိန်အတွင်း စုံစမ်းနိုင်ကြောင်း သိရသည်။

 
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Closing Date       : 22-Apr-2019 | Mon

 
ဆက်သွယ်ရန်

Address :