BaganMart

မြိုင်နှင့် ပေါက်မြို့နယ်တွင် ဓာတ်အားလိုင်းများ တည်ဆောက်ရန် တင်ဒါခေါ်

တည်နေရာ  : မကွေးတိုင်းဒေသကြီး

Buyer     :Bagan Tender

Type    :အစိုးရတင်ဒါ
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်

မြိုင်နှင့် ပေါက်မြို့နယ်တွင် ဓာတ်အားလိုင်းများ တည်ဆောက်ရန် တင်ဒါခေါ်

ရန်ကုန်၊ မတ် ၁၂

ကျောက်ခွက်-လက်ပံတို-အရာတော်ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ (ပခုက္ကူခရိုင်)၏ (၂၀၁၈-၁၉) ဘဏ္ဍာရေးနှစ်တွင် လူမှုရေး တာဝန်သိမှု (CSR) ရန်ပုံငွေဖြင့် မြိုင်မြို့နယ်၌ 11 KV ဓာတ်အားလိုင်း (၇)မိုင်နှင့် ပေါက်မြို့နယ်၌ 11 KV ဓာတ်အားလိုင်း (၇ ဒသမ၅)မိုင် တည်ဆောက်ရန် တရားဝင်အသိအမှတ်ပြု (လိုင်စင်ရအဖွဲ့အစည်း) ကုမ္ပဏီများထံမှ အိတ်ဖွင့်တင်ဒါခေါ်ယူ ထားသည်။

တင်ဒါစတင်ရောင်းချမည့်ရက်မှာ (၁၂.၃.၂၀၁၉) ရက် နံနက် (၈)နာရီ (ရုံးချိန်အတွင်း ပိတ်ရက်မရှိ) ရောင်းချပေးသွားမည်ဖြစ်ပြီး နောက်ဆုံး တင်သွင်းရမည့်ရက်မှာ (၁၂.၄.၂၀၁၉) ရက် ညနေ (၄)နာရီဖြစ်သည်။

တင်ဒါရောင်းချ/တင်သွင်းရမည့်နေရာမှာ လက်ပံတိုရေနံမြေ (ပေါက် မြို့နယ်)ဖြစ်ပြီး တင်ဒါကို (၂၃.၄.၂၀၁၉) ရက် နံနက် (၁၀)နာရီ တွင် ကျောက်ခွက်ရေနံမြေ (မြိုင်မြို့နယ်)တွင် ဖွင့်ဖောက်စစ်ဆေးသွား မည်ဖြစ်သည်။

အသေးစိတ်အချက်အလက်များ သိရှိလိုပါက လက်ပံတိုရေနံနှင့် သဘာဝဓာတ်ငွေ့မြေ (ပေါက်မြို့နယ်) သို့ လူကိုယ်တိုင် ဖြစ်စေ၊ ဖုန်း ၀၉-၄၀၂၄၃၆၉၅၆ ၊ ၀၉-၄၀၁၅၀၁၀၁၅ ၊ ၂၅၀ ၂၉၃၇၆၃ ၊ ၄၄၀၂၂၈၃၅၀၊ ၈၉၄၆၄၀၀၅၄ တို့သို့ ရုံးချိန်အတွင်းစုံစမ်းမေး မြန်းနိုင်ကြောင်း သိရသည်။

 
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Closing Date       : 12-Apr-2019 | Fri

 
ဆက်သွယ်ရန်

Address :