BaganMart

မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်ရုံးတွင် နိုင်ငံတကာ အရည်အသွေးသတ်မှတ်ချက် ANSI TIA-942 Tier 3 အဆင့်မီ Disaster Recovery (DR) Site ၏ Facilities တည်ဆောက်ခြင်း လုပ်ငန်းအတွက် တင်ဒါခေါ်

တည်နေရာ  : နေပြည်တော်

Buyer     :Bagan Tender

Type    :အစိုးရတင်ဒါ
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်

မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်ရုံးတွင် နိုင်ငံတကာ အရည်အသွေးသတ်မှတ်ချက် ANSI TIA-942 Tier 3 အဆင့်မီ Disaster Recovery (DR) Site ၏ Facilities တည်ဆောက်ခြင်း လုပ်ငန်းအတွက် တင်ဒါခေါ်

ရန်ကုန်၊ မတ် ၁၁

မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်ရုံးရှိ လက်ရှိအဆောက် အဦတွင် နိုင်ငံတကာအရည်အသွေးသတ်မှတ်ချက် ANSI TIA-942 Tier 3 အဆင့်မီ Disaster Recovery (DR) Site ၏ Facilities တည်ဆောက်ခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါတင် သွင်းရန် ဖိတ်ခေါ်ထားသည်။

တင်ဒါစည်းကမ်းချက်များ ပါဝင်သော အိတ်ဖွင့်တင်ဒါပုံစံများကို (၁၁.၃.၂၀၁၉) ရက်မှ (၁၅.၃.၂၀၁၉) ရက်အထိ ရုံးဖွင့်ရက်များ အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရုံးအမှတ် (၅၅)၊ စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန၊ အင်ဂျင်နီယာဌာနစိတ် (စက်မှု)တွင် လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

အိတ်ဖွင့်တင်ဒါများကို (၁၀.၄.၂၀၁၉) ရက် နောက်ဆုံးထား၍ (၀၉း၃၀) နာရီမှ (၁၆း၀၀)နာရီအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရုံးအမှတ် (၅၅)၊ စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနတွင် တင်သွင်းရန်ဖြစ်ပြီး သတ်မှတ်ကာလထက်ကျော်လွန်သော တင်ဒါများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း သိရသည်။

အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူများသည် သတ်မှတ်ထားသော တင်ဒါအာမခံကြေးပေးသွင်းပြီးမှ သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံ တင်သွင်းရမည်ဖြစ်သည်။

အသေးစိတ်သိရှိလိုသောအချက်များကို ညွှန်ကြားရေးမှူး၊ စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန၊ ဖုန်း ၀၁-၅၄၃၇၇၀၊ ၀၆၇-၃၄၁၈၅၁၂၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန၊ ဖုန်း ၀၆၇-၃၄၁၈၁၇၁ တို့သို့ လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

 
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Closing Date       : 10-Apr-2019 | Wed

 
ဆက်သွယ်ရန်

Address :