BaganMart

ပြည်တွင်းအခွန်များဦးစီးဌာနက လုံခြုံမှုအဆင့်အတန်းရှိပြီး တုပပြုလုပ်မှုကို ကာကွယ်နိုင်သည့် အခွန်အမှတ်တံဆိပ်များ ၀ယ်ယူရန် တင်ဒါခေါ်

တည်နေရာ  : နေပြည်တော်

Buyer     :Bagan Tender

Type    :အစိုးရတင်ဒါ
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်

ပြည်တွင်းအခွန်များဦးစီးဌာနက လုံခြုံမှုအဆင့်အတန်းရှိပြီး တုပပြုလုပ်မှုကို ကာကွယ်နိုင်သည့် အခွန်အမှတ်တံဆိပ်များ ၀ယ်ယူရန် တင်ဒါခေါ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်စီမံခန့်ခွဲမှုစနစ်တစ်ရပ်ဖြစ်သော ကုန်စည်နှင့် ၀န်ဆောင်မှုအမျိုးအစားအလိုက် အခွန် အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချခြင်းလုပ်ငန်းအစီအစဉ်တွင် အသုံးပြုရန်အတွက် လုံခြုံမှုအဆင့်အတန်းရှိပြီး တုပပြုလုပ်မှုကို ကာကွယ်နိုင်သည့် အခွန်အမှတ်တံဆိပ်များ ၀ယ်ယူလိုပါ၍ ထုတ်လုပ်ရောင်းချပေးနိုင်မည့် နိုင်ငံသားလုပ်ငန်းရှင်နှင့် ကုမ္ပဏီများမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားသည်။

အိတ်ဖွင့်တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်းများကို (၁၁.၂.၂၀၁၉) ရက်မှ (၁.၃.၂၀၁၉) ရက်အထိ ရုံးချိန်အတွင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၊ စီမံရေးရာဌာနခွဲ၊ ရုံးအမှတ် (၄၆)၊ နေပြည်တော်တွင် ၀ယ်ယူနိုင်ကြောင်း သိရသည်။

အိတ်ဖွင့်တင်ဒါများကို (၄.၃.၂၀၁၉) ရက် မွန်းတည့် (၁၂း၀၀)နာရီ နောက်ဆုံးထား၍ ပြည်တွင်းအခွန်များဦးစီးဌာန၊ စီမံရေးရာ ဌာနခွဲ၊ ရုံးအမှတ် (၄၆)၊ နေပြည်တော်ရှိ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီထံ လာရောက်ပေးသွင်းရန်ဖြစ်ပြီး သတ်မှတ် ချိန်ကျော်လွန်သည့်တင်ဒါများကို လုံးဝထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း သိရသည်။

အိတ်ဖွင့်တင်ဒါများကို ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆) နေပြည်တော်တွင် ဖွင့်ဖောက်ရွေးချယ်ခြင်း ဆောင်ရွက် သွားမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါကျင်းပမည့်ရက်အား ရက်သတ္တပတ်ကြိုတင်၍ အကြောင်းကြားပေးသွားမည်ဖြစ်သည်။

အသေးစိတ်အချက်အလက်များကို ပြည်တွင်းအခွန်များဦးစီးဌာန၊ စီမံရေးရာဌာနခွဲ၊ ရုံးအမှတ် (၄၆)၊ နေပြည်တော်၊ ၀၆၇-၃၄၃၀၅၅၃၊ ၀၉-၄၅၇၄၄၄၇၀၃ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

 
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Closing Date       : 01-Mar-2019 | Fri

 
ဆက်သွယ်ရန်

Address :