BaganMart

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ စက်သုံးဆီနှင့် Marine Paint (8) Items ပစ္စည်းများအား ၀ယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်

တည်နေရာ  : ရန်ကုန်တိုင်းဒေသကြီး

Buyer     :Indoor Plants Shop Yangon

Type    :အစိုးရတင်ဒါ
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ စက်သုံးဆီနှင့် Marine Paint (8) Items ပစ္စည်းများအား ၀ယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ စက်သုံးဆီနှင့် Marine Paint (8) Items ပစ္စည်းများအား မြန်မာကျပ်ငွေဖြင့် ၀ယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူထားသည်။

စက်သုံးဆီများဖြစ်သည့် ဒီဇယ်ဆီ၊ ပရီမီယံဒီဇယ်ဆီ နှင့် ဓာတ်ဆီ (Octane-92) တို့အတွက် တင်ဒါပုံစံများကို (၈.၂.၂၀၁၉) ရက်မှ (၆.၃.၂၀၁၉) ရက်အထိ ရောင်းချသွားမည်ဖြစ်ပြီး တင်ဒါပိတ်မည့်ရက်မှာ (၇.၃.၂၀၁၉) ရက် (၁၄း၀၀)နာရီဖြစ်သည်။

Marine Paint (8) Items အတွက် တင်ဒါပုံစံများကို (၈.၂.၂၀၁၉) ရက်မှ (၂၁.၂.၂၀၁၉) ရက်အထိ ရောင်းချသွားမည်ဖြစ်ပြီး တင်ဒါပိတ်မည့်ရက်မှာ (၂၂.၂.၂၀၁၉) ရက်ဖြစ်သည်။

တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနားလမ်းသစ် (ဗိုလ်တထောင်ဘုရား အနောက်ဘက် Toll Gate အနီး) ဆိပ်ကမ်းမြို့နယ်တွင် အထက်ဖော်ပြပါနေ့ရက်များတွင် ဆက်သွယ် ၀ယ်ယူနိုင်ပြီး သိရှိလို သော အချက်အလက်များကို (ဖုန်း ၀၁-၈၆၁၀၂၃၀ နှင့် ၀၁-၈၆၁၀၂၃၂) တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

 
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Closing Date       : 07-Mar-2019 | Thu

 
ဆက်သွယ်ရန်

Address :