BaganMart

တောင်ကြီးမြို့တွင် ကုန်သည်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း အပါအ၀င် တည်ဆောက်ရေးလုပ်ငန်းအချို့အတွက် တင်ဒါခေါ်

တည်နေရာ  : ရှမ်းပြည်နယ်

Sector    :Decoration & Construction Services

Type    :အစိုးရတင်ဒါ
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်
တောင်ကြီးမြို့တွင် ကုန်သည်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း အပါအ၀င် တည်ဆောက်ရေးလုပ်ငန်းအချို့အတွက် တင်ဒါခေါ်

ရန်ကုန်၊ ဇန်န၀ါရီ ၂၅

ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ကွပ်ကဲမှုအောက်ရှိ တောင်ကြီးမြို့နှင့် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနများ၏ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အပိုင်း (၂)တွင် ဆောင်ရွက်မည့်လုပ်ငန်းများအတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား အိတ်ဖွင့် တင်ဒါခေါ်ယူထားသည်။

တောင်ကြီးမြို့တွင် ကုန်သည်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းအတွက် လမ်းသွယ်တံတား (၉)စင်း ပြုလုပ်ခြင်း၊ လမ်းဖြတ် တံတား (၁)စင်းပြုလုပ်ခြင်း၊ ရေမြောင်းနှင့် ရေမြောင်းဖုံးပြုလုပ်ခြင်း၊
ပလက်ဖောင်းပြုလုပ်ခြင်း၊ လမ်းနယ်တိုးချဲ့ခြင်း၊ ကတ္တရာ လမ်းချဲ့ခြင်းနှင့် တာချီလိတ်မြို့တွင် (၄)ခန်းတွဲ နှစ်ထပ်ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်းလုပ်ငန်းတို့ဖြစ်သည်။

တင်ဒါလျှောက်လွှာရောင်းချမည့်ရက်မှာ (၂၅.၁.၂၀၁၉) ရက်မှ (၂၅.၂.၂၀၁၉) ရက်အထိ ရုံးချိန်အတွင်း ဖြစ်သည်။

တင်ဒါလျှောက်လွှာတင်သွင်းရမည့်နောက်ဆုံးအချိန်မှာ (၂၆.၂.၂၀၁၉) ရက် ညနေ (၁၆း၀၀)နာရီဖြစ်ပြီး တင်ဒါဝယ်ယူ/တင်သွင်း / စိစစ်ရွေးချယ်မည့်နေရာမှာ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၊
တောင်ကြီးမြို့ဖြစ်သည်။

အိတ်ဖွင့်တင်ဒါတင်သွင်းရန် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနတွင် လူကိုယ် တိုင်ဖြစ်စေ၊ ဖုန်း ၀၈၁-၂၁၂၃၉၁၅ သို့ဖြစ်စေ ရုံးချိန်အတွင်း
ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။
 
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Closing Date       : 26-Feb-2019 | Tue

 
ဆက်သွယ်ရန်

Phone : ၀၈၁-၂၁၂၃၉၁၅

Address : ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၊ တောင်ကြီးမြို့