BaganMart

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီးအတွင်း တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူ

တည်နေရာ  : မန္တလေးတိုင်းဒေသကြီး

Sector    :Decoration & Construction Services

Type    :အစိုးရတင်ဒါ
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီးအတွင်း တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူ

ရန်ကုန်၊ ဇန်န၀ါရီ ၂

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် မန္တလေး တိုင်းဒေသကြီးအတွင်း ဗဟိုအဆင့်ဆေးရုံကြီးများမှ တည်ဆောက်ရေးလုပ်ငန်း (၈)ခု၊ ကုသရေးဦးစီးဌာနမှ တည်ဆောက်ရေး လုပ်ငန်း (၄၃)ခု၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တည်ဆောက်ရေးလုပ်ငန်း (၁၉)ခုတို့ကို ဆောင်ရွက်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံ သားပိုင် ဆောက်လုပ်ရေးလိုင်စင်ရကုမ္ပဏီအသင်းအဖွဲ့များထံမှ အိတ်ဖွင့်တင်ဒါများ ခေါ်ယူထားသည်။

တင်ဒါလျှောက်လွှာပုံစံများကို (၇.၁.၂၀၁၉) ရက်တွင် စတင်ရောင်းချသွားမည်ဖြစ်ပြီး တင်ဒါပိတ်ရက်မှာ (၆.၂.၂၀၁၉) ရက် ညနေ (၄း၃၀)နာရီဖြစ်သည်။

တင်ဒါစည်းမျဉ်းစည်းကမ်းချက် အသေးစိတ်ကို သိရှိလိုပါက နေ့စဉ်ရုံးချိန်အတွင်း မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး (ဖုန်း - ၀၂-၂၈၄၈၁၃၀) (ယာယီရုံး ၆၂ လမ်း၊ သရဖီလမ်းနှင့် စံပယ်လမ်းကြား၊ ကန်တော်နဒီဆေးရုံဆေးရုံ)သို့ လာရောက်စုံစမ်းနိုင်ကြောင်း သိရသည်။
 
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Closing Date       : 06-Feb-2019 | Wed

 
ဆက်သွယ်ရန်

Phone : ၀၂-၂၈၄၈၁၃၀

Address : ယာယီရုံး ၆၂ လမ်း၊ သရဖီလမ်းနှင့် စံပယ်လမ်းကြား၊ ကန်တော်နဒီဆေးရုံ