BaganMart

လျှပ်စစ်ဆိုင်ရာလုပ်ငန်းများအတွက် ပစ္စည်းများဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်

တည်နေရာ  : ပဲခူးတိုင်းဒေသကြီး

Sector    :Measurement & Analysis

Type    :အစိုးရတင်ဒါ
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့်လျှပ်စစ်ဆိုင်ရာလုပ်ငန်းများအတွက် ပစ္စည်းများဝယ်ယူရန်
အိတ်ဖွင့်တင်ဒါခေါ်
ရန်ကုန်၊ ဒီဇင်ဘာ ၆
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့်
ဆောင်ရွက်မည့် လျှပ်စစ်ဆိုင်ရာလုပ် ငန်းများ၏ ပစ္စည်းများဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်
ယူထားသည်။ အဆိုပါ ၀ယ်ယူသွားမည့် ပစ္စည်းများမှာ 9 Meter , 10 Meter , 12 Meter
ကွန်ကရစ်တိုင်များ၊ 11/0.4 kV ထရန်စဖော်မာများ၊ 11 kV နှင့် 400 V ဓာတ်အားလိုင်းနှင့်
ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ ဆက်စပ်ပစ္စည်းများ ဖြစ်သည်။ တင်ဒါပုံစံများကို (၆.၁၂.၂၀၁၈) ရက်
(၁၀း၀၀)နာရီတွင် စတင်ရောင်းချသွားမည်ဖြစ်ပြီး တင်ဒါပုံစံပိတ်မည့်အချိန်မှာ (၂၀.၁၂.၂၀၁၈)
ရက် (၁၄း၀၀)နာရီဖြစ်သည်။ တင်ဒါတင်သွင်းရမည့် နောက်ဆုံးအချိန်မှာ (၆.၁.၂၀၁၉) ရက်
(၁၂း၀၀)နာရီဖြစ်ပြီး တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံး၊ ပဲခူးမြို့ဖြစ်သည်။
တင်ဒါဆိုင်ရာများကို ကြိုတင်ရှင်းလင်းမည့်ရက်မှာ (၂၁.၁၂.၂၀၁၈)ရက် (၁၄း၀၀)နာရီဖြစ်သည်။
တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး၊
အင်ဂျင်နီယာဌာနတွင် (၆.၁၂.၂၀၁၈) ရက်မှစ၍ လာရောက်စုံစမ်းဝယ်ယူနိုင်ကြောင်း သိရသည်။
 
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Closing Date       : 06-Jan-2019 | Sun

 
ဆက်သွယ်ရန်

Phone : -

Address : တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံး၊ ပဲခူးမြို့