BaganMart

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးဈေးဆောက်လုပ်ရန်အတွက် အဆိုပြုလွှာတင်ဒါခေါ်

တည်နေရာ  : ကချင်ပြည်နယ်

Sector    :Flooring, Ceiling & Roofing

Type    :အစိုးရတင်ဒါ
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးဈေးဆောက်လုပ်ရန်အတွက် အဆိုပြုလွှာတင်ဒါခေါ်
ရန်ကုန်၊ ဒီဇင်ဘာ ၅
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးဈေးဆောက်လုပ်ရန်အတွက် အဆိုပြုလွှာတင်ဒါခေါ်
ယူထားသည်။ နမ္မတီးဈေးမြေနေရာ (၀ ဒသမ ၇၅) ဧကပေါ်ရှိ မူလဈေးဆိုင်ခန်းများအား ဖျက်သိမ်း၍
ဈေးဆိုင်ခန်းများ စနစ်တကျ ပြန်လည် ဆောက်လုပ်သွားမည်ဖြစ်သဖြင့် တည်ဆောက်မည့်ပုံစံများနှင့်
ဆောင်ရွက်မည့် အစီအစဉ်များအား အဆိုပြု တင်ပြရန် တိုင်းရင်းသားလုပ်ငန်းရှင်ကုမ္ပဏီများအား
တင်ဒါခေါ်ယူထားခြင်းဖြစ်သည်။ ဈေးဆောက်လုပ်ခြင်းခွင့်ရရှိသူလုပ်ငန်းရှင်မှ ၁၀၀ ရာခိုင်နှုန်း
ရင်းနှီးမြှုပ်နှံ၍ အပြီးတည်ဆောက်ရမည်ဖြစ်ပြီး တည်ဆောက်ပြီး ပါက မိုးကောင်းမြို့နယ်
စည်ပင်သာယာရေးအဖွဲ့သို့ အပ်နှံရမည်ဖြစ်သည်။ တင်ဒါလျှောက်လွှာများကို (၃.၁၂.၂၀၁၈) ရက်မှ
စတင်ကာ ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ရုံးချိန်အတွင်း ၀ယ်ယူနိုင်ပြီး
အဆိုပြုလွှာပုံစံတင်ဒါများကို (၁.၂.၂၀၁၉) ရက် ညနေ (၃း၀၀) နာရီနောက်ဆုံးထား၍
ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့သို့ တင်သွင်းရမည်ဖြစ်သည်။
အသေးစိတ်သိရှိလိုပါက ဖုန်း (၀၇၄-၂၅၂၆၀၆၂၀) ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
 
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Closing Date       : 01-Feb-2019 | Fri

 
ဆက်သွယ်ရန်

Phone : ၀၇၄-၂၅၂၆၀၆၂၀

Address : ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ရုံး