BaganMart

ဒုတိယတန်းသင်ရိုးသစ် (Grade-2) သင်ကြားရာတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများအား ခရိုင်ပညာရေးမှူးရုံးများသို့ အရောက်ပေးပို့ရန် တင်ဒါခေါ်

တည်နေရာ  : နေပြည်တော်

Type    :အစိုးရတင်ဒါ
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်
၂၀၁၈-၁၉ ပညာသင်နှစ် ဒုတိယတန်းသင်ရိုးသစ် (Grade-2) သင်ကြားရာတွင် အသုံးပြုမည့်
သင်ထောက်ကူပစ္စည်းများအား ခရိုင်ပညာရေးမှူးရုံးများသို့ အရောက်ပေးပို့ရန် တင်ဒါခေါ်
ရန်ကုန်၊ ဒီဇင်ဘာ ၅
၂၀၁၈-၁၉ ပညာသင်နှစ် ဒုတိယတန်းသင်ရိုးသစ် (Grade-2) သင်ကြားရာတွင် အသုံးပြုမည့်
သင်ထောက်ကူပစ္စည်းများအား ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ခရိုင်ပညာရေးမှူးရုံး
များသို့ အရောက်ပေးပို့ရန် ရှိပါသဖြင့် နိုင်ငံသားပိုင်လုပ်ငန်း မှတ်ပုံတင်တင်ရှိသော ပုဂ္ဂလိကလုပ်ငန်း
ရှင်များအား အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်ထားသည်။
အိတ်ဖွင့်တင်ဒါပေးသွင်းရမည့်ပုံစံများကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ နေပြည်တော်
တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှစ၍ လာရောက်စုံစမ်းဝယ်ယူနိုင်ကြောင်း သိရသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက် (၁၃း၀၀)နာရီတွင် ရုံးအမှတ် (၁၃) ပညာရေးဝန်ကြီးဌာန၊
အခြေခံပညာဦးစီး ဌာန၊ နေပြည်တော်၌ သင်ရိုးသစ် (Grade-2) သင်ထောက်ကူပစ္စည်းများနှင့်
ပတ်သက်၌ ရှင်းလင်းပွဲပြုလုပ်သွားမည်ဖြစ်သည်။ တင်ဒါနှင့်ပတ်သက်သော အချက်အလက်များကို
တင်ဒါမတင်သွင်းမီ ရှင်းလင်းပွဲနေ့၌ တင်ဒါဆိုင်ရာ မေးမြန်းချက်များကို ပြန်လည် ဖြေကြားပေးမည်
ဖြစ်ပြီး နောက်ပိုင်းရက်တွင် လူကိုယ်တိုင် လာရောက်မေးမြန်းခြင်း၊ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခြင်း
များကို ဖြေကြားပေးမည် မဟုတ်ကြောင်း သိရသည်။ တင်ဒါတင်သွင်းရမည့်နောက်ဆုံးရက်မှာ
(၂၀၁၈) ခုနှစ် ဒီဇင်ဘာလ ၂၄ ရက် (၁၁း၀၀)နာရီ နောက်ဆုံးထားကာ ရုံးအမှတ် (၁၃)
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ နေပြည်တော်တွင် တင်သွင်းရမည်ဖြစ်သည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် (၁၃း၀၀)နာရီတွင် အိတ်ဖွင့်တင်ဒါများအား ဖွင့်ဖောက်မှတ်တမ်းတင်
ဆောင်ရွက်သွားမည်ဖြစ်သည်။
 
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Closing Date       : 24-Dec-2018 | Mon

 
ဆက်သွယ်ရန်

Phone : ၀၆၇-၄၀၇၆၈၁

Address : ရုံးအမှတ် (၁၃) ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ နေပြည်တော်