BaganMart

ရေလွှဲဆည်များ တည်ဆောက်ခြင်း၊ တူးမြောင်းစနစ်ပြုပြင်ခြင်း၊ ရေနုတ်မြောင်းနှင့် ရေပေးမြောင်းများ တူးဖော်ခြင်း၊ စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါခေါ်

တည်နေရာ  : ကချင်ပြည်နယ်

Type    :အစိုးရတင်ဒါ
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ကချင်ပြည်နယ်အတွင်း ရေလွှဲဆည်များ
တည်ဆောက်ခြင်း၊ တူးမြောင်းစနစ်ပြုပြင်ခြင်း၊ ရေနုတ်မြောင်းနှင့် ရေပေးမြောင်းများ တူးဖော်ခြင်း၊
စိုက်ပျိုးရေ ရရှိရေးလုပ်ငန်း (၁၇)ခုအတွက် အိတ်ဖွင့်တင်ဒါခေါ်
ရန်ကုန်၊ ဒီဇင်ဘာ ၅
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊
ဗန်းမော်ခရိုင်၊ ပူတာအိုခရိုင်များတွင် ရေလွှဲဆည်များ တည်ဆောက်ခြင်း၊ တူးမြောင်းစနစ်ပြုပြင်ခြင်း၊
ရေနုတ်မြောင်းနှင့် ရေပေးမြောင်းများ တူးဖော်ခြင်း၊ စိုက်ပျိုးရေ ရရှိရေးလုပ်ငန်း (၁၇)ခုအတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူထားသည်။ ယင်းလုပ်ငန်းများကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ၏
သာမန်အသုံးစရိတ်ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အနည်းဆုံး R.S.E
(Water Resources Engineer) လက်ရရှိထားသော ဆည်မြောင်းအတွေ့အကြုံရှိသူများကို
ဦးစားပေးသွား မည်ဖြစ်သည်။ ဒုတိယဦးစားပေးအနေဖြင့် R.S.E (Construction) လက်မှတ် ရရှိပြီး
ဆည်မြောင်းလုပ်ငန်းအတွေ့အကြုံရှိသူ များကို ရွေးချယ်သွားမည်ဖြစ်သည်။
အိတ်ဖွင့်တင်ဒါပုံစံများကို (၅.၁၂.၂၀၁၈) ရက် (၀၉း၃၀)နာရီတွင် စတင်ရောင်းချသွားမည်ဖြစ်သည်။
တင်ဒါလျှောက်လွှာများ တင်သွင်းရမည့်နောက်ဆုံးရက်မှာ (၅.၁.၂၀၁၉) ရက် (၁၄း၀၀)နာရီဖြစ်ပြီး
လက်ထောက်ညွှန်ကြားရေး မှူးရုံး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ (၀၇၄-၂၅၂၂၄၃၇) သို့ တင်ဒါတင်သွင်းရမည်ဖြစ်သည်။
 
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Closing Date       : 05-Jan-2019 | Sat

 
ဆက်သွယ်ရန်

Phone : ၀၇၄-၂၅၂၂၄၃၇

Address : လက်ထောက်ညွှန်ကြားရေး မှူးရုံး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့။