Products

သုံးလုံးထိုး ခေါင်းစွပ်ဓာတ်မီး

Price: 22000 ~ 26000 Kyats  Send Enquiry

 Piece(s)

Call our Expert

09771204691



Delivery Information

Yangon:1 to 5 Days

Other City:7 to 14 Days



Payment Information

Pay by Credit Card or Paypal

Bank Transfer

Cash On Delivery

3T6 သည် CREE LED T6 အမျိုးအစား လင်းအားအလွန်ကောင်းသော မီး၃လုံးဖြင့် ပြုလုပ်ထားပြီး 1T6 သည် အလယ်မီးကြီးတစ်ခုသာ CREE LED T6 ဖြင့် ပြုလုပ်ထားပြီး ဘေးဘက် မီး၂ခုမှာ သာမန်မီးဖြင့်သာ ပြုလုပ်ထားပါသည်။ ညဘက် ခြေလျင် ခရီးထွက်ခြင်း၊ အုံ့ဆိုင်းညိုမှိုင်းသောတောင်တက်ခြင်း၊ တောပစ်ထွက်၊ တောလည်ခြင်း၊ လုပ်ငန်းခွင်နှင့် အရေးပေါ်ကယ်ဆယ်ခြင်း၊ ဆောက်လုပ်ရေး သတ္ထုတွင်း လုပ်ငန်း၊ လျပ်စစ်မီးမရသောနေရာတွင် ညဘက် စာကြည့်၊ စက်ပြင်၊ ကျောက်ရွေး စသည့် ကိစ္စများအတွက် အလင်းစူးအားကောင်းသော CREE LED T6 ဖြင့် ပြုလုပ်ထားသည့် ခေါင်းစွပ်ဓာတ်မီး ဖြစ်ပါသည်။ 3.7V ဓာတ်ခဲ၂လုံးပါဝင်ကာ အကြိမ်၅၀၀အထိ အားသွင်း အသုံးပြုနိုင်ပြီး တစ်ကြိမ်အားသွင်းလျှင် ၁လုံးတည်း ၆နာရီဆက်တိုက် ထွန်းနိုင်ပါသည်။ အားသွင်းသည့် ကြိုးလည်းပါရှိသည်။ ခလုတ်၁ခုသာ ပါရှိပြီး (၁ )အလယ်၁လုံး၊ (၂ )ဘေးနှစ်လုံး၊ (၃) သုံးလုံးတပြိုင်နက်၊ (၄) သုံးလုံးပြိုင်တူ မှိတ်တုတ် အချက်ပြ (၅) Off ဟူ၍ တဆင့်ချင်းနှိပ်ကာ ရွေးချယ်ထွန်းနိုင်ပါသည်။ အလင်းစူးအား ၁မိုင်ခွဲအထိ ရောက်သည်။ (ဆိုလိုသည်မှာ ၁မိုင်ခွဲအဝေးမှလူသည် ၎င်းမီးရောင်ကို တွေ့နိုင်၏။ ဦးခေါင်း အရွယ်ကြီးငယ်မရွေး တပ်ဆင် အသုံးပြုနိုင်ပြီး အသားအရေမထိခိုက်စေသော ရော်ဘာ+ချည်သား ပေါင်းစပ်ထားသောကြိုးဖြင့် ပြုလုပ်ထားပါသည်။ ဗို့အားပိုများသည့်ဘတ္ထရီနှင့် ထည့်သုံးခြင်း၊ ရေဝင်ခြင်း၊ ကြိုးပြတ်ခြင်း တို့မှလွဲ၍ မီးလုံးသည် နာရီပေါင်းတစ်သိန်း ဆက်တိုက်ထွန်း ၊ မကျွမ်းနိုင်ကြောင်း အာမခံပါသည်။ ညအမှောင်တွင် စက်ဘီးစီးပါက ရှေ့သို့ ဆိုင်ကယ်မီး ထွန်းထားသည့် အကွာအဝေးလောက် မြင်နိုင်ပြီး နောက်မှ မီးနီတစ်ခုပါရှိသောကြောင့် နောက်ကားများအခန့်မသင့်၍ ဝင်တိုက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသည်။ ကယ်ဆယ်ရေး RESCUE အဖွဲ့များအတွက် အကောင်းဆုံးသော အထောက်အပံ့ပစ္စည်းတစ်မျိုးဖြစ်ပါသည်။ စိတ်ဝင်တစားဖြင့် မရှင်းလင်းသည်များကို မေးလိုပါက (သို့မဟုတ်) ပစ္စည်း မှာယူလိုပါက 09- 263430191, 09- 777918199, 09- 975511477တို့ကို ဖုန်းဆက်၍ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ မြို့နယ် နှင့် မှာယူလိုသည့် ပစ္စည်းအမျိုးအမည် တို့ကို မေးမြန်း မှာယူနိုင် ပါသည်။ ဆက်သွယ်မှာယူပါက ရန်ကုန်မြို့တွင်း Door to Door အိမ်အရောက်ပို့စနစ်ဖြင့် ပို့ဆောင်ပေး ပါသည်။ ဆိုင်မှာ လာရောက်လေ့လာကြည့်ရှု စမ်းသပ်ပြီး စိတ်ကြိုက်ဖြစ်မှ ဝယ်ယူလည်း ရပါသည်။ အခြားနယ်များမှ မှာယူလျှင် ဘဏ်မှ ငွေကြိုလွှဲရပြီး ငွေလက်ခံရရှိမှသာ ကားဂိတ်အရောက် ပို့ဆောင်ပေးပါ သည်။