Reverse Osmosis နည်းပညာသုံးထားသော စားသောက်ဆိုင်သုံး၊ ကျောင်းသုံး ရေသန့်စက်များ (Water Purifiers)
ID#2763
Description
"ထူးခြားချက်များ" စားသောက်ဆိုင်များ၊ ကျောင်းများ နှင့် အများပြည်သူ နှင့် သက်ဆိုင်သောနေရာများအတွက် ဘေးအန္တရာယ်ကင်း၍ သန့်စင်သည့် သောက်ရေသန့်အား တစ်နေ့လျှင် ဂါလံ (၃၀၀) ထိ ထုပ်လုပ်ပေးနိုင်ခြင်း။ ရေပူ ၊ ရေအေး နှင့် ရိုးရိုးရေ စသည်ဖြင့် ရေအမျိုးအစား (၃) မျိုးထုတ်လုပ်ပေးနိုင်ခြင်း။ အပူချိန်လွန်ကဲခြင်း ၊ Tank ထဲတွင် ရေလက်ကျန်မရှိတော့သည့် အခြေအနေများတွင် အလိုအလျောက် အပူချိန်ဖြတ်တောက်စနစ်ကို ထည့်သွင်းထားသည့် အတွက် လုံခြုံစိတ်ချရခြင်း။ RO Membrane သန့်စင်ခြင်းအတွက် Flush Valve တပ်ဆင်ထားခြင်း။ ကြာရှည်ခံနိုင်သည့် Stainless Steel အိမ်တစ်ခုပါဝင်ပြီး ရွေ့လျားနိုင်သည့် အခြေဖြင့် ခေတ်မီ ဒီဇိုင်းပါရှိခြင်း။ "1- year " အာမခံပါရှိခြင်း။ RO Water Purifiers Series E သည် Reverse Osmosis နည်းပညာကို အသုံးပြု၍ ဘေးန္တရာယ်ကင်းပြီး သန့်စင်သည့် သောက်ရေသန့်များကို ထုတ်လုပ်ပေးပါသည်။ အရည်အသွေးမြင့် စစ်ထုတ်ကိရိယာများဖြင့် ရေသန့်စင်သော အဆင့်(5)ဆင့်မှ (၆) ဆင့်အထိပါရှိပြီး ကလိုရင်း၊ အိုင်းရွန်းဓါတ်စင်များ၊ လေးလံသော သတ္တုများ၊ အဆိပ်သင့်ပစ္စည်းများ၊ ဘက်တီးရီးယားများနှင့် ဗိုင်းရပ်စ်များကို (၀.ဝဝဝ၁) မိုက်ခရွန်ထိ လျှော့ချပေးပြီး ၉၉%နှင့် အထက် ဖယ်ရှားပေး နိုင်ပါသည်။ Model E1 The Standard Use တစ်နေ့လျှင်ဂါလံ(၁၀၀) ထုတ်ပေးနိုင်ခြင်း။ ရေအေးနှင့် ရိုးရိုးရေ(၂)မျိုးရရှိခြင်း။ (၁)နှစ်အထက်သက်တမ်းရှိသော အရည်အသွေးမြင့် စစ်ထုတ်ကိရိယာများ။ (၃)နှစ်မှ (၄)နှစ်သက်တမ်းရှိသော အရည်အသွေးမြင့် RO Membrane Model E2 More functions တစ်နေ့လျှင်ဂါလံ(၃ဝဝ) ထုတ်ပေးနိုင်ခြင်း။ ရေပူ၊ ရေအေး၊ နှင့် ရိုးရိုးရေ (၃) မျိုးရရှိခြင်း။ (၁)နှစ်အထက်သက်တမ်းရှိသော အရည်အသွေးမြင့် စစ်ထုတ်ကိရိယာများ။ (၃)နှစ်မှ (၄)နှစ်သက်တမ်းရှိသော အရည်အသွေးမြင့် RO Membrane