Products

ပတ်လည် သီးနှံအခြောက်ခံသည့်စက် FAR Series

Price: Not Define  Send Enquiry

 Piece(s)



Delivery Information

Yangon:1 to 5 Days

Other City:7 to 14 Days



Payment Information

Pay by Credit Card or Paypal

Bank Transfer

Cash On Delivery

အစားအသောက်များတွင် ကင်ဆာဖြစ်စေသည့် မှိုပါဝင်မှုနှုန်းကို လျှော့ချရန် အတွက် Dryerအခြောက်ခံစက်များ ယနေ့ မြန်မာပြည်ရှိ အစားအသောက်အများစုတွင် မှိုများစွာ ပါဝင်လျှက်ရှိပြီး ၊ ထိုမှိုများသည် ကင်ဆာကိုဖြစ်စေပါသည်။ ထိုသို့မှိုများကိုဖြစ်စေသည့် အဓိက အကြောင်းရင်းမှာ စိုထိုင်းစ များပါဝင်နေ၍ဖြစ်သည်။ သို့ဖြစ်ပါ၍ ဆန်စပါး ၊ ပြောင်း ၊ ပဲမျိုးစုံ ၊ ငါးခြောက် စသော အစားအသောက် ထုတ်လုပ်သော နေရာများတွင် နေပူလှမ်းခြင်းထက် Dryer အခြောက်ခံစက် ကိုသုံးခြင်းအားဖြင့် မှိုများကို လုံးဝကင်းစင်စေပါသည်။ ထိုင်ဝမ်နိုင်ငံတွင် နောက်ဆုံးပေါ် အဆင့်မြင့် နည်းပညာများဖြင့် ထုတ်လုပ်ထားသည့် စက်ဖြစ်သည့်အတွက် အရေအသွေး အလွန်ကောင်းမွန်သော စက်ဖြစ်ပါသည်။ (မိမိလိုအပ်ချက်ပေါ်မူတည်ပြီး ရွေးချယ်နိုင်ရန် Model မျိုးစုံရှိပါသည်။) ထူးခြားချက်များ အထက်ပါ ပတ်လည် သီးနှံအခြောက်ခံသည့်စက် ကိုအနီအောက်ရောင်ခြည်သုံးစက်များ (FAR 105,120) ဟုလဲ ခေါ်ဆိုနိုင်ပါသည်။ ၄င်း (FAR) အနီအောက်ရောင်ခြည်သုံးစက်ကို အသုံးပြုပြီးသီးနှံများ အခြောက်ခံခြင်းသည် သဘာဝနေရောင်ခြည်သုံး အခြောက်ခံခြင်းနှင့် ထပ်တူနီးပါးတူညီပါသည်။ အဆိုပါစက်တွင် အပျက်အစီးမရှိသော အစိုဓါတ်တိုင်းတာသည့် ကိရိယာ ပါရှိသောကြောင့် စပါးများမပျက်စီးနိုင်ပါ။ လောင်စာချွေတာပြီး လျှပ်စစ်ဓါတ်အားသုံးစွဲမှု နည်းပါသည်။ အခြောက်ခံမှု ကုန်ကျစရိတ်လျှော့နည်းစေသည်။ အရည်အသွေးမြင့် FAR အနီအောက်ရောင်ခြည်သုံးအခြောက်ခံမှုက သီးနှံအရသာကိုပိုမိုကောင်းစေသည်။ တစ်ဦးချင်းသုံးစွဲသူများ နှင့် နေရာအခက်အခဲရှိနေများအတွက် နံပတ်တစ် အကောင်းဆုံးရွေးချယ်မှုဖြစ်ပါသည်။ Farအနီအောက်ရောင်ခြည်သုံးစက်များ။ ။အပူဓါတ်သည်သီးနှံများထဲသို့ထွင်းဖောက်ပြီးသီးနှံမျက်နှာပြင်နှင့်အတွင်းပိုင်းကိုတစ်ပြိုင်နက်တည်းခြောက်သွေ့စေနိုင်ပါသည်။ ဤစမ်းသပ်မှု အစီရင်ခံစာကိုဂျပန်နိုင်ငံသီးနှံအဆင့်အတန်းအကဲဖြတ်ရေးအသင်းကြီးမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။ Far အနီအောက်ရောင်ခြည်သုံးစက်ကိုအသုံးပြုပြီးသီးနှံများအခြောက်ခံခြင်းသည်သဘာဝနေရောင်ခြည်သုံးအခြောက်ခံခြင်းနှင့်ထပ်တူနီးပါးတူညီပါသည်။ အပျက်အစီးမရှိသောအစိုဓါတ်တိုင်းတာသည့် ကိရိယာ ၁။ လျှပ်သို (Capacitance) အစိုဓါတ်တိုင်းတာသည့် ကိရိယာဖြစ်သည့်အတွက်အစိုဓါတ်ပါဝင်မှုတိုင်းတာရာတွင် စပါးများမပျက်စီးနိုင်ပါ။ ၂။ သီးနှံနမူနာများဆက်တိုက်စီးဆင်းထုတ်လုပ်ပေးသည့်အတွက် အစိုဓါတ် တိုင်းတာရာတွင်တိကျသေချာပါသည်။  PLC ထိန်းချုပ်စနစ် (ရွေးချယ်စရာ) ၁။ PLC/GUIကြားခံဆောင်ရွက်ပေးသည့် စနစ်ဖြင့်လွယ်ကူစွာဆောင်ရွက်နိုင်သည်။ ၂။ ပမာဏအများအပြားဝင်ဆန့်နိုင်သည့် လုပ်ငန်းသုံးစံချိန်စံညွှန်း။ ၃။ အဝေးထိန်းကိရိယာဖြင့် စက်ကိုအလိုအလျောက် ဆောင်ရွက်နိုင်သည်။ လက်ကျန် သန့်ရှင်းရေးစနစ် အခြောက်ခံမှု တစ်ကြိမ်နှင့် တစ်ကြိမ်အကြားစပါးများမကျန်ရှိစေရန် လက်ကျန် သန့်ရှင်းရေးစနစ်ကိုတပ်ဆင်ထားသည်။ ထို့ကြောင့် လက်ကျန်စပါးများကိုလွန်ကဲစွာအခြောက်ခံမိခြင်းသို့မဟုတ် မတူညီသောစပါးအမျိုးအစားများရောနှောကုန်ခြင်းတို့ မဖြစ်အောင်ကာကွယ်ပေးသည်။ စွမ်းဆောင်ရည်မြင့် အကြမ်းခံသောစက်ဒီဇိုင်း လှည့်ပတ်စီးဆင်းပြီးအခြောက်ခံရာတွင် စွမ်းဆောင်ရည်မြင့် လေမှုတ်စက်ကိုသုံးထားသောစပါးခြွေလှေ့စက် ပါဝင်သောကြောင့် အခြောက်ခံမှုလုပ်ငန်းစဉ် ပြီးဆုံးသည်နှင့် အမှိုက်သရိုက်များဖယ်ရှားပေးကာသန့်စင်သောစပါးများထွက်ရှိစေသည်။ သိသာစွာဓါတ်အားမသုံးစွဲဘဲစွန့်ထုတ်သောစနစ် သိသာစွာဓါတ်အားမသုံးစွဲဘဲစွန့်ထုတ်သောစနစ်ကစက်အတွက် အခြောက်ခံမှု ကုန်ကျစရိတ်နှင့် အချိန်ကိုသက်သာစေသည်။ Farအနီအောက်ရောင်ခြည်သုံးစက်များ လက္ခဏာရပ်များ။ ။အပူချိန် နည်းနည်းဖြင့် အခြောက်ခံသည့် ဒီဇိုင်းဖြစ်ပြီး လျှင်မြန်စွာအခြောက်ခံနိုင်သည်။ ၁။ လောင်စာချွေတာပြီး လျှပ်စစ်ဓါတ်အားသုံးစွဲမှု နည်းပါးသည်။စွမ်းဆောင်ရည် မြင့်မားပြီးအခြောက်ခံမှု ကုန်ကျစရိတ် လျှော့နည်းစေသည်။ ၂။ အရည်အသွေးမြင့် Far အနီအောက်ရောင်ခြည်သုံးအခြောက်ခံမှုကသီးနှံအရသာကိုပိုကောင်းစေသည်။ ဆူရှီထမင်းနှင့် အရည်အသွေးကောင်းမွန်သောထမင်းချက်ရန်သင့်တော်သည်။ ၃။ တစ်ဦးချင်းသုံးစွဲသူများ၊ ပျိုးခင်းဌာနများနှင့် နေရာအခက်အခဲရှိသူများအတွက် နံပါတ်တစ် ရွေးချယ်မှု စံသတ်မှတ်ထားသောပစ္စည်းကိရိယာများ - စပါးအစိုဓါတ်အလိုအလျောက် တိုင်းတာသည့်ကိရိယာ၊ လောင်းထည့်ရန်ခွက်၊ ဖုန်ခါစက်၊ လောင်စာတိုင်ကီ ရွေးချယ်စရာများ - မီးအားမလိုဘဲစွန့်ထုတ်သည့်နည်းလမ်း၊ မြေပြင်ညီလောင်းထည့်ရန်ခွက်/ စပါးခွံသိုလှောင်ကန်