Products

လုံခြုံရေးနှင့် လျှို့ဝှက် ထောက်လှမ်းရေးကင်မရာ (X009 Spy Camera)

Price: 45000 Kyats  Send Enquiry

 Piece(s)



Delivery Information

Yangon:1 to 5 Days

Other City:7 to 14 Days



Payment Information

Pay by Credit Card or Paypal

Bank Transfer

Cash On Delivery

GSM Sim Card နှင့် Memory Card ထည့်သုံးရသော သေးငယ်သည့် စွယ်စုံသုံး လျှို့ဝှက်ထောက်လှမ်းရေး ကင်မရာတစ်မျိုး ဖြစ်ပြီး ကမ္ဘာတလွှား ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပါ အသုံးပြုနေဆဲ အမျိုးအစားဖြစ်ပါသည်။ ရေ/ဆီသဲဝင်ခြင်း၊ အားသွင်းစဉ် မီးအားဆောင့်တက် ၍လောင်ကျွမ်းခြင်း၊ လွတ်ကျကွဲရှပျက်စီးခြင်း၊ ဖွင့်လှပ် ပြုပြင်ထားခြင်း၊ အပူချိန်များသည့်နေရာတွင် ကြာရှည်ထားမိပြီး ဘတ္ထရီချို့ယွင်းခြင်းတို့မှလွဲ၍ ၁ နှစ်အတွင်း ပျက်စီးချို့ယွင်းပါက အခမဲ့ ပြုပြင်/ လဲလှယ်ပေးပါမည်။ မိမိ၏ ရုံးခန်း၊ နေအိမ်၊ ဂိုထောင်၊ အရေးကြီးပစ္စည်း ထားရာ အခန်း၊ မော်တော်ကား၊ မီးခံသေတ္တာတို့အနီးတွင် လျှို့ဝှက်တပ်ဆင်ထားလိုက်ပါက မိမိ၏ ဟမ်းဖုန်းဖြင့် မိုင်ပေါင်းများစွာဝေးသော နေရာမှပင် ၎င်းကင်မရာကို လိုသလို စေခိုင်း ထိန်းချုပ် နိုင်ပါသည်။ မိမိ၏ အခန်းတွင်းသို့မသိအောင် တစုံတယောက် ဝင်ရောက်လာပါက အသံကြားလျှင်ကြားချင်း မိမိ၏ဖုန်းသို့ call ခေါ်ပေးခြင်း၊ message ပို့ပေးခြင်း တို့ကို ပြုလုပ် ပေးရန် စေခိုင်နိုင်ပါသည်။ တန်ဖိုးကြီး ကားပေါ်တွင် လျှို့ဝှက်စွာ ထားထားပါက ကားခိုးသူ စက်နှိုးလိုက်သည်နှင့် မိမိ၏ဖုန်းသို့ call ခေါ်ပေးခြင်း၊ message ပို့ပေးခြင်း တို့ကို ပြုလုပ်ခိုင်းစေနိုင်ပါသည်။ ကားရောက်နေသည့်နေရာ (ခန့်မှန်း) ကိုလည်း သိရှိနိုင်ပြီး ကားအတွင်း ပြောနေသည့်စကားသံများကိုလည်း တိုက်ရိုက် ကြားသိနိုင်သဖြင့် ကားလုံခြုံရေးအတွက် အထူးအဆင်ပြေပါသည်။ အသံအတိုးအကျယ်ကိုလည်း 8dbမှ 255db အထိ လိုသလိုချိန်ညှိထားနိုင်ပါသည်။အနည်းငယ်မြည်သံကြား ရုံဖြင့် callခေါ်ပေးခြင်း၊ အလွန်ကျယ်လောင်သော အသံကြားမှ call ခေါ်ပေးခြင်း တို့ကို မိမိဖုန်းမှ message ပို့ပေးရုံဖြင့် လိုသလိုချိန်ညှိနိုင်ပါသည်။ မိမိဟမ်းဖုန်းဖြင့် ( မြန်မာနိုင်ငံအတွင်း ဖုန်းလိုင်းမိ သည့် မည်သည့်နေရာမှမဆို ) ၎င်းကင်မရာကို ဓာတ်ပုံရိုက် ခိုင်းခြင်း၊ ဗီဒီယိုရိုက်ခိုင်းခြင်း၊ အသံဖမ်းခိုင်း ခြင်းတို့ကိုလည်း စေခိုင်းနိုင်ပါသေးသည်။ Video ကို ကြည်လင်ပြတ်သားသော HD ဖြင့် မှတ်တမ်းတင်ပေးပြီး ၎င်းကင်မရာအနီး ပေ၃၀ပတ်လည်အတွင်းမှ 60db အဆင့်ရှိ အသံများကို ကြည်လင်ပြတ်သားစွာ ဖမ်းယူ ပေးထားနိုင်ပါသည်။ ပြန်လည်ကြည့်ရှုနားထောင်လိုပါက ၎င်းကိရိယာထဲ ထည့်ထားသော memory card ကိုဖြုတ်၍ ကွန်ပျူတာ၊ လက်ပ်တော့၊ smart phone တို့ဖြင့် ပြန်လည်ကြည့်ရှုနားထောင်နိုင်ပါသည်။ ☎ spy X009 ထဲတွင်ထည့်ထားသော sim card နံပါတ်ကို မိမိဖုန်းဖြင့် ခေါ်ဆိုလိုက်ပါက စက္ကန့်ပိုင်းအတွင်း ၎င်း X009 အနီး ပေ၃၀ပတ်လည်အတွင်းမှ အသံများကို ကြည်လင်ပြတ်သားစွာ တိုက်ရိုက်နားထောင်နိုင်ပါသည်။ GPRS စနစ်ရှိသော နိုင်ငံများတွင် ၎င်း X009 ကင်မရာမှ ဓာတ်ပုံများကို မိမိ၏ဖုန်းဖြင့် မိုင်ပေါင်းများစွာမှနေ၍ တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ မြန်မာနိုင်ငံတွင်ကား ယခုအချိန်အထိ GPRS စနစ် မရှိသေးသောကြောင့် တိုက်ရိုက် မကြည့်ရှုနိုင်သေးပါ။ SOS ပို့ရုံဖြင့် ၎င်းစက်၏ တည်နေရာ၊ ဘတ္ထရီလက်ကျန်အား၊ ဖုန်းလိုင်းမိသည့် ရာခိုင်နှုန်း IMEI ကုဒ် စသည်တို့ကိုလည်း သိရှိနိုင်ပါသေးသည်။ မက်ဆေ့ခ်ျ စာတိုပို့ စေခိုင်းရန် ကုဒ်များ 000