Products

အဝေးထိန်း သူခိုးဖမ်း/ စုံစမ်းထောက်လှမ်းရေးစက် (PIR MP.ALERT A9)

Price: 38000 ~ 38000 Kyats  Send Enquiry

 Piece(s)



Delivery Information

Yangon:1 to 5 Days

Other City:7 to 14 Days



Payment Information

Pay by Credit Card or Paypal

Bank Transfer

Cash On Delivery

Warranty 6 month ရေ၊ဆီ၊သဲဝင်ခြင်း၊ ဆီးလ်ပျက် နေခြင်း၊ လွတ်ကျကွဲရှကျိုးပဲ့ခြင်း၊ ဖွင့်လှပ်ပြုပြင်ထားခြင်း တို့မှလွဲ၍ ၆လအတွင်း ပျက်စီးချို့ယွင်းပါက အခမဲ့ ပြုပြင် လဲလှယ်ပေးပါမည်။ 2G GSM Sim Card ကို ထည့်သွင်းအသုံးပြုရသော ကမ္ဘာတဝှမ်း တွင်ကျယ်စွာအသုံးပြုနေသည့် လုံခြုံရေး စက်ကိရိယာတစ်မျိုးဖြစ်ပါသည်။ ယခင်နှစ်များက burglar alarmဟု ခေါ်ဆိုသည့် GSM Sim Card ထည့်သုံးရသော စက်များ သုံးခဲ့ကြသော်လည်း အရွယ်အစား အလွန်ကြီးမားသည့်အတွက် တိတ်တဆိတ် ဝှက်၍ တပ်ရန် အဆင်မပြေခဲ့ပါ။ ယခု PIR A9 ဆိုသည့် စက်လေးမှာ burglar alarm မှ Setting အားလုံးနီးပါး ပါဝင်ပြီး အရွယ်အစားမှာလည်း မီးခြစ်ဆံဗူး၏ တဝက်မျှ သာ ရှိသောကြောင့် အလွန်ပင် လူကြိုက်များ အသုံးများ လာကြပါသည်။ ဘဏ်တိုက်၊ မီးခံသေတ္တာ၊ အထူးကြပ်မတ်ခန်း၊ တန်ဖိုးကြီးပစ္စည်းထားရာဂိုဒေါင်၊ လျှို့ဝှက်ခန်း၊ အပြင် လူစိမ်းမဝင်စေလိုသောအခန်းတို့တွင် တပ်ဆင်ထားပြီး တဦးတယောက်ဝင်လာသည်နှင့် ၎င်းစက်လျို့ဝှက်ကွန်ယက်ချိတ်ဆက်ထားသည့် မိမိ၏ ဟမ်းဖုန်းကို (ဖုန်းလိုင်းမိသော မည်မျှဝေးသည့်နေရာဒေသသို့မဆို) ချက်ချင်းဖုန်းခေါ်ပေးပြီး ၎င်းစက်အနီးတဝိုက် (၁၅မီတာ) ၄၅ပေခန့်ပတ်လည်မှအသံများကို ကြားနိုင်ပြီး မည်သူဝင် လာသည် မည်သည့်စကားများပြောနေသည်ကို သိရှိနိုင်သဖြင့် အချိန်နှင့်တပြေးညီ လုပ်သင့်သည့် ကိစ္စများကို လုပ်နိုင်ပါလိမ့်မည်။ တံခါးပေါက်ဝအနီးတွင် လျှို့ဝှက်တပ်ဆင်နိုင်ပြီး ၎င်းစက်နှင့် ၁၂၀° ထက်အောက် ဘယ်ညာပတ်လည် အကွာအဝေး ၅မီတာအထိ လူဖြတ်သွားသည်နှင့် သိနိုင်သော အလွန်အားကောင်းသည့် sensitivit ဖြစ်သော motion sensor ပါရှိပါသည်။ လူ၏ ကိုယ်အပူရှိန်၊ လူ၏ခန္ဓာကိုယ်အရွယ်အစား လှုပ်ရှားမှုကိုသာ sensor က အတည်ပြု ဖုန်းခေါ်ပေးသောကြောင့် အခြားသော ကြောင်၊ ကြွက် တိရစ္ဆာန်များ ဖြတ်သန်းရုံဖြင့် ဖုန်းခေါ်နေမည်မဟုတ်ပါ။ Operating frequency ; 850Mhz.900Mhz.1800Mhz.1900Mhz အသုံးပြုနိုင်ပါသည်။ 3Gစနစ်ဖြစ်သော Ooredoo မရပါ။ mpt / telenor GSM သာ ရပါသည်။ ဘတ္ထရီအားအပြည့်သွင်းထားပါက လူဖြတ်သန်းမှုရှိလျှင် ၅ရက်မှ ၇ရက်အထိ၊ မရှိလျှင် ၁၅ရက်မှ ရက်၂၀အထိ standby ထားနိုင်ပါသည်။ ဆိုက်ဒ်အရွယ်အစား အလွန်သေးငယ်ပြီး 4.5 x 3x 1.4cmသာ ရှိပါသည်။ Standby အနေအထားတွင် 0.05mA၊ ဖုန်းခေါ်လျှင် 10mA သာ စွမ်းအင်အသုံးပြုရ သောကြောင့် ဘတ္ထရီအားစား အလွန်သက်သာပါသည်။ အသုံးပြုနည်း  စက်ကို ၃/၄နာရီခန့် အားပြည့်အောင်သွင်းပါ။  2G GSM card ကို ထည့်ပါ။ ပါဝါဖွင့်စရာမလိုပဲ sim card ထည့်ရုံဖြင့် ပါဝါဖွင့်ပြီးဖြစ်ပါသည်။  ထည့်ထားသည့် Sim Card နံပါတ်ကို မိမိ၏ ဟန်းဖုန်းဖြင့် ခေါ်ကြည့်ပါ။ အလိုအလျောက် (Auto Answer) ဖုန်းကိုင်ပါလိမ့်မည်။၎င်းအနီးတဝိုက် ၄၅ပေအတွင်းမှ အသံများကို ကြည်လင်ပြတ်သားစွာ ကြားနိုင်ပါသည်။  Sim Card နံပါတ်သို့ 1111 ဟု မက်ဆေ့ခ်ျပို့ပါ။ ထိုအခါ Sensor စတင်အလုပ်လုပ်ပါပြီ။ ၎င်းရှေ့မှ တစ်စုံ တစ်ယောက် ဖြတ်သွားသည်နှင့် မိမိ၏ ဟန်းဖုန်းကို ဖုန်းခေါ်ပေးပါလိမ့်မည်။ ဖြတ်သွားသည့် အကြိမ်တိုင်း ခေါ်နေပါမည်။ ၎င်းစက်မှ နံပါတ်ဖြင့် ဖုန်းcall ဝင်လာလျှင် အခန်းထဲ တစ်ဦးတစ်ယောက် ဝင်နေကြောင်း သိနိုင်ပါပြီ။  အခန်းပိတ်ထားချိန်မဟုတ်ပဲ လူဝင် လူထွက်များသည့်အချိန်တွင် 0000 ဟု မက်ဆေ့ခ်ျပြန်ပို့ထားပါက ဖုန်းCall ခေါ်တော့မည်မဟုတ်ပါ။  motion & temperature ၂မျိုးလုံးကို ခြေရာခံနိုင်သော sensor ဖြစ်သောကြောင့် လှုပ်ရှားမှုပုံရိပ် မြင်မှသာ ဖုန်းခေါ်ပေးသည်မဟုတ်ပဲ စက်ကို ကပ်ထူပြား၊ ပလပ်စတစ်ပြားတို့ဖြင့် ဖုံးအုပ်ထားလျှင်လည်း ၎င်းရှေ့မှ လူဖြတ်သွားလျှင် လူ၏ အပူရှိန်ကြောင့် sensor က သိရှိအတည်ပြုပြီး ဖုန်းခေါ်ပေးပါမည်။ လုံခြုံရေးညစောင့်ငှားသည်ထက် ကုန်ကျစားရိတ် များစွာ သက်သာခြင်း၊ အိပ်ငိုက်ခြင်း မေ့လျော့ခြင်းမရှိတတ်သည့် စက်ဖြစ်သောကြောင့် 90%ထိ စိတ်ချရခြင်း၊ ဖုန်းခေါ်ပေးရုံသက်သက် ဖြစ်သောကြောင့် ကိုင်နားမထောင်လျှင် ဘီလ်မကုန်ခြင်း စသည့် အားသာချက်များ ရှိပါသည်။ စိတ်ဝင်တစားဖြင့် မရှင်းလင်းသည်များကို မေးလိုပါက (သို့မဟုတ်) ပစ္စည်း မှာယူလိုပါက 09- 777918199, 09- 777918211 တို့ကို ဖုန်းဆက်၍ ဆက်သွယ်ရမည့် ဖုန်းနံတ်၊ မြို့နယ် နှင့် မှာယူလိုသည့် ပစ္စည်းအမျိုးအမည် တို့ကို မေးမြန်း မှာယူနိုင် ပါသည်။ ဆိုင်မှာ လာရောက်လေ့လာကြည့်ရှု စမ်းသပ်ပြီး စိတ်ကြိုက်ဖြစ်မှ ဝယ်ယူလည်း ရပါသည်။ နယ်များမှ မှာယူလျှင် ဘဏ်မှ ငွေကြိုလွှဲရပြီး ငွေလက်ခံရရှိမှသာ ကားဂိတ်အရောက် ပို့ဆောင်ပေးပါ သည်။