အကောင်းဆုံး LED Bulb
ID#2118
Description
ယခုခေတ်ဟာ စွမ်းအင်ချွေတာရမယ့်အချိန်ကာလကိုရောက်ရှိနေပါပြီ။ မြေကမ္ဘာကြီးကို ကယ်တင်နိုင်ဖို့ စွမ်းအင်များကို ချွေတာသုံးစွဲကြရပါတော့မယ်။ သို့သော် လူ့ဘ၀နဲ့ အလင်းရောင်ဟာ ခွဲခြားလို့မရပါဘူး။ နေ့စဉ်လူမှုဘ၀လှုပ်ရှားမှုတိုင်းဟာ အလင်းရောင်ရှိမှဖြစ်မှာပါ။ အဖြေကတော့ LED Bulb တွေပြောင်းသုံးကြရပါမယ်။ LED Bulb ကောင်းကောင်းတစ်လုံးကို ဘယ်လိုရွေးရမလဲ။ အဖြေကတော့ "အလင်းတုန်ခါမှုကင်းတဲ့" LED Bulb မျိုးကိုရှာဝယ်ပါ။ ဈေးပေါတဲ့ LED မီးသီးတွေဟာ အလင်းတုန်ခါမှုရှိပြီး လင်းအားမလုံလောက်မှုတွေရှိပါတယ်။ အလင်းတုန်ခါမှုရှိတဲ့ မီးသီးတွေအောက်မှာ အလုပ်လုပ်ရတာဟာ သင့်အမြင်အာရုံကိုထိခိုက်စေနိုင်ပါတယ်။ သင့်ရဲ့လုပ်နိုင်စွမ်းအားတွေကို လျော့ကျစေပါတယ်။ သင့်မျက်လုံးဆဲလ်တွေကို ပျက်စီးစေနိုင်ပါတယ်။ သင့်အနာဂတ်အတွက် LED Bulb မီးသီးအမျိုးအစားကောင်းလေးတွေ ပိုသုံးဖြစ်အောင်လို့ OPPLE Lighting မှ PRO 1 Home Center များတွင် LED Bulb များကို "တစ်လုံးဝယ်၊ တစ်လုံးလက်ဆောင်" (BUY 1, GET 1 FREE) ပေးနေပါပြီ။ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လအတွင်းသာဖြစ်လို့ အခွင့်အရေးကို လက်မလွတ်ရအောင် သတင်းကောင်းပါးလိုက်ပါတယ်။