8" Panel Light(အဝိုင်းအကပ်)
ID#4226
Description
Quality ကောင်းတဲ့ LED Chip အမျိုးအစားတွေထည့်သုံးထားတဲ့အတွက် မီးအလင်းအားမှာ ပြစ်ပြစ်နှစ်နှစ်ရှိပြီး သုံးစွဲသူတိုင်းအကြိုက်တွေ့ပါတယ်။ ပစ္စည်းသက်တမ်း မှာနာရီပေါင်း (၅)သောင်း အထက်ကြာရှည်ခံပါတယ်။ မီးအလင်းရောင်ရဲ့Colour ကိုလည်းသဘာဝအလင်းရောင်နဲ့ အတူညီဆုံးဖြစ်အောင် ချိန်ဆပေးထားပါတယ်။ အလင်းဧရိယာလည်းကျယ်ပြန့်တဲ့အတွက် အခန်းရဲ့နေရာတိုင်းကို အလင်းရောင်ဖြန့်လင်းပေးနိုင်ပါတယ်။ “ကုမ္ပဏီအကြောင်းအရာ” TTH-LED ကုမ္ပဏီကို (၁၉၉၈) ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ယခုနှစ်ပေါင်း (၂၀)ကျော်တိုင်အောင် အောင်မြင်စွာ ရပ်တည်နေပါသည်။ ပစ္စည်းတစ်ခုကို အစကနေအဆုံးထိ ထုတ်လုပ်ဖြန့်ချီမှု့ဖြင့် ဦးစားပေးရောင်းချပါတယ်။ ရုံးချုပ်အနေနဲ့ ထိုင်ဝမ် တိုင်ပေမှာရှိပြီး စက်ရုံအနေနဲ့က တရုတ်ပြည်မှာ (၂)ခု၊ ဗီယက်နမ်နိုင်ငံမှာ (၁)ခုရှိပါတယ်။ TTH-LED ရဲ့မီးပစ္စည်းများကိုအဆင်သင့်ဖြစ်အောင် ဈေးကွက်ထဲမဖြန့်ခင် သေချာစွာ စနစ်တကျ အချိန်ပေးစမ်းသပ်ထားပါတယ်။ ဒါ့အပြင် နိုင်ငံပေါင်းများစွာရဲ့ လက်မှတ်မျိုးစုံကိုလည်း ရရှိပိုင်ဆိုင်ထားပါတယ်။ ခေတ်မှီဆန်းသစ်တဲ့မီးပစ္စည်းတွေကို လူကြီးမင်းတို့အတွက် နေရာမရွေး အဆောက်အအုံမရွေး အိမ်တွင်းအိမ်ပြင်ကို ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်။