60 LED PIR Security Light & Solar Panel
ID#117
Description
ရာသီဥတုက တဖြည်းဖြည်းချင်း ချို့ယွင်းပျက်စီးလာပါပြီ။ ဒီဇယ်၊ ဓာတ်ဆီတို့နှင့် ကားမောင်း၊ မီးစက်နှိုးခြင်း တို့ကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်ဒ်များ လွန်ကဲလာပြီး ရေကြီး၊ ငလျင်လှုပ်စသော သဘာဝဘေးများ ကြုံလာရ ရုံမက ကျန်းမာရေးပါ ထိခိုက်လာကြသောကြောင့် Green Energy အစီအစဉ်ဖြင့် ဘေးအန္တရာယ်ကင်းသည့် ပြည့်မြဲစွမ်းအင်ကို ဦးစားပေး အသုံးပြုလာကြပါသည်။ ပြည့်မြဲစွမ်းအင်များတွင် ဆိုလာစနစ်သည် အကောင်းဆုံးနှင့် ဘေးအန္တရာယ်အကင်းဆုံးဖြစ်ကြောင်း နိုင်ငံတကာက အသိအမှတ်ပြုထားသည်ဖြစ်ရာ ကမ္ဘာတဝှမ်း အသုံးများသည့် Lighting တစ်မျိုးကို မိတ်ဆက်ပေးပါရစေ။ 60 LED PIR Security Light & Solar Panel သည် (၁) ဆိုလာစနစ်သုံး ဖြစ်သောကြောင့် လျှပ်စစ်မီးမရှိသော အရပ်ဒေသများတွင် သုံးနိုင်ရုံသာမက လျှပ်စစ်မီးရှိသော မြို့ပြများတွင်ပါ အရေးပေါ်အခြေအနေကြောင့် မီးပျက်လျှင်လည်း ပွဲမပျက်အောင် ထိန်းနိုင်သော second energy ဖြစ်ပါသည်။ (၂) လင်းအားကောင်းသော LEDမီးလုံး ၆၀ အသုံးပြုထားသောကြောင့် ၁၅မီတာ (၄၅ပေ)ပတ်လည် အလင်းရောင်ဖြန့်ကျက်နိုင်ပါသည်။ (၃) PIR Sensor စနစ်ပါဝင်သဖြင့် ၁၈၀ဒီဂရီ ပတ်လည်၊ ပေ၁၃၀အတွင်း လူဖြတ်သွားသည်နှင့် မီးလင်းပေးသော အာရုံခံစနစ်ကြောင့် ညည့်နက်သန်းခေါင် မှောင်မိုက်နေချိန်တွင် အလစ်အငိုက် ဝင်ရောက်လာသော သူခိုး ဓားပြတို့အား အဟန့်အတားဖြစ်စေပါသည်။ (၄) လူဖြတ်သွားမှ လင်းပေးသောစနစ် (Auto) အမြဲလင်းပေးသောစနစ်(ON) ပိတ်(OFF) ခလုတ်၃မျိုး ရွေးချယ်နိုင်သဖြင့် နေရာအမျိုးမျိုး အချိန်အမျိုးမျိုး နယ်ပယ်အသီးသီးတွင် အသုံးပြုနိုင်ပါသည်။ (၅) အာရုံခံစနစ်၏ အနီးအဝေး (SENS) မီးလင်းကြာချိန် (TIME) မီးအလင်းရောင်အလင်းအမှိန် (LUX) တို့ကို လိုသလို ချိန်ညှိနိုင်သော Control များလည်း ပါရှိပါသည်။ (SENS) စနစ်တွင် ၈မီတာမှ ၁၅မီတာအတွင်း လူဖြတ်သွားမှ လင်းပေးသောစနစ်၏ အာရုံခံမှုကို အနီး/အဝေး ချိန်ညှိနိုင်ပါသည်။ ဆိုလာပါဝါ 1.2W 9V အသုံးပြုထားပြီး အားအပြည့်ရှိပါက ၅နာရီဆက်တိုက် ထွန်းထားနိုင်ပါသည်။ ဘုန်းတော်ကြီးကျောင်း၊ ဟိုတယ်၊ စာသင်ကျောင်း၊ ဥယျာဉ်ပန်းခြံ၊ တရားရိပ်သာ၊ ဆောက်လုပ်ရေးဆိုက်ဒ်များအတွက် အရေအတွက်များများ ၀ယ်ယူပါက လက်ကားဈေး ညှိနှိုင်းနိုင်ပါသည်။ စိတ်ဝင်တစားဖြင့် မရှင်းလင်းသည်များကို မေးလိုပါက (သို့မဟုတ်) ပစ္စည်း မှာယူလိုပါက 09-263430191, 09- 777918199, 09- 777918211 တို့ကို ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ မြို့နယ် နှင့် မှာယူလိုသည့် ပစ္စည်းအမျိုးအမည် တို့ကို မေးမြန်း မှာယူနိုင် ပါသည်။ ဆက်သွယ်မှာယူပါက ရန်ကုန် မြို့တွင်း Door to Door အိမ်အရောက်ပို့စနစ်ဖြင့် ပို့ဆောင်ပေး ပါသည်။ ဆိုင်မှာ လာရောက်လေ့လာကြည့်ရှု စမ်းသပ်ပြီး စိတ်ကြိုက်ဖြစ်မှ ဝယ်ယူလည်း ရပါသည်။ အခြားနယ်များမှ မှာယူလျှင် ဘဏ်မှ ငွေကြိုလွှဲရပြီး ငွေလက်ခံရရှိမှသာ ကားဂိတ်အရောက် ပို့ဆောင်ပေးပါ သည်။