BaganMart

အဆောက်အအုံဟောင်း (1)Lot ကို မျက်မြင်အခြေအနေအတိုင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်

တည်နေရာ  : ရန်ကုန်တိုင်းဒေသကြီး

Buyer     :Bagan Gifts

Type    :အစိုးရတင်ဒါ
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်
ပြည်ကြားရေးဝန်ကြီးဌာနက ဗဟန်းမြို့နယ်ရှိ အသုံးမလိုသည့် အဆောက်အအုံဟောင်း (1)Lot ကို
မျက်မြင်အခြေအနေအတိုင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်
ရန်ကုန်၊ အောက်တိုဘာ ၃
ပြည်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊
ဗဟန်းမြို့နယ်၊ မြေတိုင်း ရပ်ကွက် အမှတ် (၂ အီး ၁) ၊ မြေကွက်အမှတ် ၄၂၁ ဒီ/၆ အေ၊
အရှေ့ရွှေဂုံတိုင်ရပ်ကွက်ရှိ မြေဧရိယာ (၀ ဒသမ ၂၇၀) ဧကပေါ် တွင် အသုံးမလိုသည့်
အဆောက်အအုံဟောင်း (1)Lot ကို မျက်မြင်အခြေအနေအတိုင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့်
ရောင်းချသွား မည်ဖြစ်သည်။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို (၃.၁၀.၂၀၁၈) ရက်မှ
(၃၁.၁၀.၂၀၁၈) ရက်ထိ ရုံးဖွင့်ချိန် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအတွင်း တင်ဒါပုံစံများကို
တစ်စောင်လျှင် ကျပ် (၅၀၀၀) နှုန်းဖြင့် ၀ယ်ယူနိုင်ကြောင်း သိရသည်။ ဈေးနှုန်းကမ်းလှမ်းလွှာများကို
(၃၁.၂၀၁.၂၀၁၈) ရက် နံနက် (၉)နာရီခွဲမှ ညနေ ၄ နာရီခွဲအတွင်း လာရောက်ပေးသွင်းရမည်ဖြစ် ပြီး
သတ်မှတ်ကာလထက်ကျော်လွန်သော တင်ဒါများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း သိရသည်။
အိတ်ဖွင့်တင်ဒါပုံစံများကို ထုတ်ယူရန်နှင့် တင်သွင်းရန်လိပ်စာမှာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး
ဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးရုံး၊ အမှတ် (၂၂/၂၄) ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်
ဖြစ်သည်။ အိတ်ဖွင့်တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ၀၁-၃၈၈၁၀၃ ၊
၀၁-၃၇၁၃၃၉ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
 
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Closing Date       : 31-Oct-2018 | Wed

 
ဆက်သွယ်ရန်

Address :