BaganMart

အနုပညာဦးစီးဌာနက ပြုပြင်မွမ်းမံရေးနှင့် တည်ဆောက်ရေး လုပ်ငန်းအချို့အတွက် အိတ်ဖွင့်တင်ဒါ

တည်နေရာ  : ရန်ကုန်တိုင်းဒေသကြီး

Buyer     :Bagan Gifts

Type    :အစိုးရတင်ဒါ
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနက ပြုပြင်မွမ်းမံရေးနှင့် တည်ဆောက်ရေး
လုပ်ငန်းအချို့အတွက် အိတ်ဖွင့်တင်ဒါခေါ်
ရန်ကုန်၊ အောက်တိုဘာ ၁
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနက အနုပညာပြတိုက်ဖွင့်လှစ်ရန်အတွက်
ပြုပြင်မွမ်းမံခြင်း လုပ်ငန်း များ အပါအ၀င် တည်ဆောက်ရေးလုပ်ငန်းအချို့အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ
ထားသည်။
အောက်ဖော်ပြပါလုပ်ငန်းများ-
(က) ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘောဇရိပ်သာဝင်းအတွင်းတွင် ပန်းချီပန်းပုဌာန သင်ကြားဆောင်
(၁)လုံး တည်ဆောက်ခြင်း လုပ်ငန်း (RC - ၂ ထပ်)၊ ပေ (၇၀ x ၁၁၀ x ၂၈)
( ခ) ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ယဉ်ကျေးမှုဝင်းအတွင်း အာဇာနည်ဝန်ထမ်းအိမ်ရာ (၁)လုံး တည်ဆောက်
ခြင်းလုပ်ငန်း ပေ (၁၁၀ x ၃၆) (RC – ၂ ထပ်)
(ဂ) ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘောဇရိပ်သာတွင် အနုပညာပြတိုက်ဖွင့်လှစ်ရန်အနတွက် ပြုပြင်မွမ်းမံ
ခြင်းလုပ်ငန်း (၈’ x ၇’ board 360PCS ပြုလုပ်၊ ပတ်တီး၊ ဆေးသုတ်၊ ၅၇၄၄၅ စတုရန်းပေဆေးသုတ်)
(ဃ) အာဇာနည်ဝန်ထမ်းအိမ်ရာနှင့်သူရဲကောင်းဗိမာန်ကြား အုတ်တံတိုင်းခြံစည်းရိုးကာရံခြင်းလုပ်ငန်း
(၄၃၀’ အရှည် ၊ ၆’ အမြင့် RC တိုင်၊ အုတ်ကာ)
( င) ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အာဇာနည်ဝန်ထမ်းအိမ်ရာ ၀င်းအတွင်း သန့်စင်ခန်း (၅)ခန်းတွဲ ၂ လုံး
ဆောက်လုပ်ခြင်းလုပ်ငန်း ပေ (၂၄x၁၀x၁၀၊ သွပ်မိုးအုတ်ကာ)
တင်ဒါလျှောက်လွှာများအား (၁.၁၀.၂၀၁၈) ရက်မှစတင်ကာ ရောင်းချပေးသွားမည်ဖြစ်ပြီး
တင်ဒါပိတ်ချိန်မှာ (၃၁.၁၀.၂၀၁၈) ရက် (၁၂း၀၀)နာရီဖြစ်သသည်။
အမျိုးသားဇာတ်ရုံ၊ မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်တွင် တင်ဒါများ ၀ယ်ယူ/တင်သွင်းရမည်ဖြစ်ပြီး
လုပ်ငန်း (က)နှင့် (ခ) တို့အတွက် တင်ဒါပုံစံ တစ်စောင်လျှင် ကျပ် (၁၀၀၀၀ိ/-) နှင့် လုပ်ငန်း (ဂ)၊
(ဃ) နှင့် (င)တို့အတွက် ကျပ် (၂၀၀၀ိ/-) ကျပ်ဖြစ်ကြောင်း သိရသည်။
တင်ဒါစည်းကမ်းချက်များနှင့် တင်ဒါခေါ်ယူသည့်အချက်များ အသေးစိတ်သိရှိလိုပါက
ဖုန်း (0673-408034၊ 0673-408165 ၊ 01-555642 ၊ 01-382489 )တို့ထံ ရုံးချိန်အတွင်း
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
တင်ဒါဖွင့်လှစ်မည့်နေ့ရက်နှင့် အချိန်များအား ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားသွားမည်ဖြစ်ကြောင်း
သိရသည်။
 
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Closing Date       : 31-Oct-2018 | Wed

 
ဆက်သွယ်ရန်

Address :