Products

Items 1 to 16 of 72 total
1 review
Day (1) ရန်ကုန်မြို့မှ ည(၇)နာရီတွင် ကားစတင်ထွက်ခွာပါမည်။ ညလည်စာကို ( ) မိုင်ရှိ ( ) စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထိုညကို ကားပေါ်တွင် အိပ်စက်အနားယူပြီး ကျန်းမာရေးအတွက် လိုအပ်သောနေရာများတွင် ကားခေတ္တရပ်နားပေးပါမည်။ Day (2) မနက်စောစောတွင်ပုပ္ပါးပြီးနောက်မနက်စာသုံးဆောင်ပါမည်။ ထို့နောက် ပုပ္ပါးတောင်ကလပ်သို့ ပို့ဆောင်ပေးပါမည်။ နေ့လည်စာကို သုံးဆောင်ပြီးနောက် ပုဂံသို့ ဆက်လက်ထွက်ခွာပါမည်။ ပုဂံမြို့ရှိ ( ) Hotel တွင် ခေတ္တအနားယူပါမည်။ ညနေပိုင်းတွင် ညောင်ဦးတ၀ိုက်ရှိ ထီးလိုမင်းလိုဘုရား၊ ငှက်ပစ်တောင်၊ ဓမ္မရာဇက၊ ဓမ္မရံကြီး၊ စဠာမဏိ ဘုရားများသို့ ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီးနောက် အလိုတော်ပြည့်ဘုရားသို့ ပို့ဆောင်ပေးပါမည်။ ထိုညကို ပုဂံရှိ ( ) Hotel တွင် အိပ်စက်အနားယူပါမည်။ Day (3) Hotel တွင်မနက်စာ သုံးဆောင်ပြီးနောက် စွယ်တော်လေးဆူဖြစ်သော ရွှေစည်းခုံ၊ လောကနန္ဒာ၊ တုရင်တောင်နှင့် တန့်ကြည်တောင်ဘုရား များသို့ပို့ဆောင်ပေးပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Hotel တွင်ခေတ္တအနားယူပါမည်။ ညနေပိုင်းတွင် အာနန္ဒာ၊သဗ္ဗုညု၊ ကန်တော့ပလ္လင်၊ မင်္ဂလာစေတီ၊ မြစေတီ၊ မနူဟာဘုရားများသို့ ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီးနောက် မန္တလေးမြို့သို့ ဆက်လက်ထွက်ခွာပါမည်။ ထိုညကို ကားပေါ်တွင် အိပ်စက်အနားယူပြီး ကျန်းမာရေးအတွက် လိုအပ်သောနေရာများတွင် ကားခေတ္တရပ်နားပေးပါမည်။ Day (4) မနက်စောစောတွင် မန္တလေးမြို့သို့ ရောက်ရှိပြီး မဟာမြတ်မုနိဘုရားသို့ သွားရောက်ဖူးမြော်ပါမည်။ နံနက်စာသုံးဆောင်ပြီးနောက် မန္တလေးတောင်တ၀ိုက်ရှိ ကုသိုလ်တော်၊ ရွှေကျောင်း၊ ကျောက်တော်ကြီး၊ မန္တလေးတောင်ဘုရားများသို့ သွားရောက်ပို့ဆောင်ပေးပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် တောင်သမန်အင်းရှိ ဦးပိန်တံတားသို့ ပို့ဆောင်ပေးပါမည်။ ညနေပိုင်းတွင် ပြင်ဦးလွင်မြို့သို့ ဆက်လက်ထွက်ခွာပါမည်။ ညစာကို ပြင်ဦးလွင်မြို့တွင် သုံးဆောင်ပါမည်။ ထိုညကို ပြင်ဦးလွင်မြို့ရှိ ( ) Hotel တွင် အိပ်စက်အနားယူပါမည်။ Day (5) Hotel တွင်မနက်စာသုံးဆောင်ပြီးနောက် မဟာအံ့ထူးကံသာဘုရား၊ ပွဲကောက်ရေတံခွန်၊ ပိတ်ချင်းမြောင် မဟာနန္ဒမူလိုဏ်ဂူတော်သို့ ပို့ဆောင်ပေးပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ညနေပိုင်းတွင် တရုတ်ဘုံကျောင်း နှင့်အမျိုးသားကန်တော်ကြီးဥယျာဉ် သို့ပို့ဆောင်ပေးပါမည်။ ညနေပိုင်းတွင်ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာပါမည်။ ညစာကို ၂၈၅မိုင်ရှိ ( ) စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထိုညကိုကားပေါ်တွင် အိပ်စက်အနားယူပြီး ကျန်းမာရေးအတွက် လိုအပ်သော နေရာများတွင် ကားခေတ္တရပ်နားပေးပါမည်။ Day (6) မနက်ပိုင်းတွင် ရန်ကုန်မြို့သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိပါမည်။
$
1 review
မန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားလေးဆူတွင် တစ်ဆူအပါအ၀င်ဖြစ်သော ကျိုက်ထီးရိုးစေတီတော်သည် အရှေ့ရိုးမတောင်တန်း၏ ပေါင်းလောင်း တောင်ပေါ်တွင် စံပယ်တော်မူသည်။ ပင်လယ်ရေမျက်နှာနှာပြင်အထက် ပေ ၃၆၀၀တွင်တည်ရှိသော ကျိုက်ထီးရိုး စေတီတော်၏ကျောက်တုံးကြီး လုံးပတ်မှာ ၅၅တောင်တစ်မိုက်ခန့်ရှိပြီး အမြင့်မှာ ၈၃ တောင်မြင့်သည်။ ဗုဒ္ဓမြတ်စွာ၏ ဆံတော်များ ကိန်းဝပ် အပူဇော်ခံယူနေသည်ဟူသော ယုံကြည်မှုဖြင့် မြန်မာနိုင်ငံအရပ်ရပ်မှ ဘုရားဖူးများလာရောက် ဖူးမြော်ကြသည်သာမက ယခုနောက်ပိုင်းတွင်နိုင်ငံတကာမှကမ္ဘာလှည့်ခရီးသွား များပါ လာရောက်ကြရာ များစွာစည်ကားလှသည်။ ရန်ကုန်မှကျိုက်ထီးရိုးစေတီတည်ရှိရာ ကင်ပွန်းစခန်းတောင်ခြေအထိ မိုင်၁၂၀၀န်းကျင်၊ ၎င်းမှစေတီရင်ပြင်သို့ရှစ်မိုင်ခန့်ကွာဝေးသည်။ ဘုရားသို့တက်ရာလမ်းတလျှောက်တွင် ဘုရားဖူးများနားနေတည်းခိုရန်အတွက် ရေမြောင်လေး၊ ရွှေရင်ဆို့၊ ရေမြောင်ကြီး၊ ဘိုးပြန်တောင်၊ စိုင်တမော့အစရှိသည့်စခန်းများ၌ ဈေးဆိုင်ကန္နားများရှိပြီး မျှော်တော်ယောင်စေတီ၊လွမ်းစေတီ၊ ကျောက်သမ္ဗာန် စသော စေတီငယ်များနှင့်ရွှေနန်းကျင်နတ်၊ ပန်းတင်နုတ်စသည့်နတ်နန်းများကို လည်းတွေ့ရှိနိုင်သည်။ကျိုက်ထီးရိုးဘုရားမှ တဆင့် မုဆိုးဘုရား၊ ဖားဘုရား၊ ငါးဘုရား၊ နဂါးဘုရားများကိုဖြတ်၍ လေးမိုင်ခန့်ဝေးသော ကျောက်ထပ်ကြီးဘုရားသို့လည်းသွားရောက်ဖူးမြော် ဆုတောင်း လေ့ရှိပြီး ရင်ပြင်တော်ပေါ်ရှိ ဘိုးဘိုးကြီးနတ်နန်း၊ ဘုရားမြောက်ဘက်ရှိ ကျီးကန်းပါးစပ်(ခေါ်) ကျောက်ဂူနေရာတို့မှာဘုရားဖူးများ ဆုတောင်းအဓိဋ္ဌာန်ပြုလေ့ရှိကြသည်။ ကျိုက်ထီးရိုးရင်ပြင်တော်မှမြင်ရသော ရှုမျှော်ခင်းများမှာ အလွန်သာယာပြီး သဘာဝရေတံခွန် ကလည်းတမူထူးခြားစွာ လှပသည်။ သစ်တောထွက်ပစ္စည်းမျိုးစုံ၊ ယိုမျိုစုံ၊ သစ်ခွနှင့် သဘာဝတိုင်းရင်းဆေး၊ ဘယဆေးမျိုးစုံတို့ကိုလည်း ရရှိနိုင်သည်။ ကျိုက်ထီးရိုးဘုရားသို့အဆင့်မြင့်ခရီးစဉ် Day (1) ရန်ကုန်မြို့မှ ည ၈နာရီတွင် စတင်ထွက်ခွာပါမည်။ ပဲခူးမြို့ရှိ ရှမ်းမေတ္တာစားသောက်ဆိုင်တွင် ခေတ္တ၀င်ရောက်နားပါမည်။ ကင်ပွန်းစခန်းသို့ မနက်စောစောတွင်ရောက်ရှိပြီး ကောင်းစ်ထမင်းဆိုင်တွင် အနားယူပါမည်။ Day(2) မနက် ၆နာရီိတွင် ကျိုက်ီထီးရိုး တောင်ပေါ်သို့ စတင်ထွက်ခွာပါမည်။ တောင်ပေါ်မှတဆင့်မုဆိုးဘုရား၊ ဖားဘုရား၊ ငါးဘုရားများကို ဖူးမြှော်ရင်း ၄မိုင်ခန့်ကွာဝေးသော ကျောက်ထပ်ကြီးသို့ သွားရောက်ဖူးမြှော်နိုင်ပါသည်။ ညပိုင်းတွင် ကျိုက်ထီးရိုးတောင်ပေါ်တွင် အေးချမ်းစွာ ဘုရားဝတ်ပြုနိုင်ပါသည်။ ကြိုက်နှစ်သက်ရာ တည်းခိုဆောင်၊ ဟိုတယ်များတွင်တည်းခိုပြီး ဈေးနှုန်းသင့်တင့်မျှတသောစားသောက်ဆိုင်များတွင် သုံးဆာင်နိုင်ပါသည်။ Day(3) မနက်စောစောအာရုဏ်တက်ချိန်တွင်ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီးကိုအာရုဏ်ဆွမ်းလှူဒါန်းကပ်လှူနိုင်ပါသည်။ ကင်ပွန်းစခန်းမှ နေ့လည် ၁၂နာရီတွင် ကားပြန်လည်ထွက်ခွာမည်ဖြစ်ပြီး လမ်းခရီးစဉ်တလျှောက် ကျိုက်ထိုမြို့ရှိ ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရား၊ ပဲခူးမြို့ရှိ ရွှေမောဓေါဘုရားများသို့ ၀င်ရောက်ဖူးမျှော်ပါမည်။ အပြန်ပဲခုးအထွက် ရှမ်းမေတ္တာ စားသောက်ဆိုင်တွင် ကျန်းမာရေးအတွက်ခေတ္တ ၀င်ရောက်ပြီးနောက် ရန်ကုန်မြို့သို့ ညပိုင်းပြန်လည်ရောက်ရှိပါမည်။
$
1 review
1. Prices include transfers from your hotel, balloon flight and a light champagne breakfast. 2. There are 16 pax in a balloon for classic service. Premium balloon flight accommodates 8 pax only offering more privacy in a separate compartment (two persons). 3. Pregnant women will not be permitted to fly. 4. Any Passenger in excess of 125 kg / 280 pounds, or any passenger who requires the space in the basket for 2 passengers, will be required to pay a 100% surcharge of the ticket price. Failure to provide accurate information in advance could lead to the refusal of flight at the launch site, whereby no refund will be offered. . 5. No refunds will be given for failure to arrive for a pre-arranged flight. 6. Receipt of payment vouchers / flight tickets must be produced at launch site. 7. Balloons over Bagan will not fly children under the age of 8 years. A child under the age of 16 years will only be flown if accompanied by a responsible adult, and the child is over 4' 6" tall (or 137 cm). 8. If the balloon flight is cancelled due to the bad weather, we will refund the full amount.
$
1 review
မန္တလေး မြန်မာနိုင်ငံအလယ်ပိုင်းအချက်အချာကျသောနေရာတွင် တည်ရှိသည့် မန္တလေးမြို့သည် မြန်မာဘုရင်တို့၏ နောက်ဆုံးထီးနန်းစိုးစံရာ နန်းတော်တည်ရှိသော မြို့လည်းဖြစ်သည်။ မဟာမြတ်မုနိဘုရား၊ ကျောက်တော်ကြီးဘုရား၊ ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးအဖြစ် သတ်မှတ်ခြင်းခံရသော ကုသိုလ်တော်ဘုရား၊ ကမ္ဘာ့အရှည်ဆုံးသစ်သားတံတားဖြစ်သည့် ဦးပိန်တံတား၊ အရိပ်ရ၍လှပသောမယ်ဇယ်ပင်တန်းနှင့် တောင်သမန်အင်းအလှ၊ ရန်ကင်းတောင် ဘုရားများနှင့် လှပလွန်းသော မန္တလေးတောင်ပေါ် ရှုခင်းများနှင့် ဘုရားစေတီများ၊ နေ၀င်ချိန် ရှုခင်းအလှကြည့်စရာနေရာများ၊ ဂေါဝိန်ဆိပ်ကမ်းနှင့်ဧရာဝတီမြစ်အလှ၊ မြန်မာဘုရင် နောက်ဆုံး ထီးနန်းစိုက်ခဲ့သော မြို့ဖြစ်သည့်အားလျော်စွာ မြို့ရိုး၊ ကျုံးနှင့် မြန်မာအနုပညာလက်ရာများစွာကို တွေ့မြင်ရမည်ဖြစ်သည်။ ပြင်ဦးလွင် ပန်းမြို့တော်ဟုတင်စားခေါ်ဝေါ်ကြသော ပြင်ဦးလွင်သည် မန္တလေးမြို့နှင့်မဝေးလှဘဲ သာယာလှပသော တောင်စခန်းမြို့အဖြစ်ထင်ရှားသည်။ ၁၉၁၅ခုနှစ်တွင် အင်္ဂလိပ်လူမျိုး ရုက္ခဗေဒပညာရှင် အဲလက်စ်ရော်ဂျာဆိုသူက စတင်တည်ထောင်ပေးခဲ့သောပြင်ဦးလွင်ရှိ ရုက္ခဗေဒဥယျာဉ်မှာ ပိုမိုလှပရှုချင်စဖွယ်ဖြစ်အောင် ပြုပြင်ထိန်းသိမ်းထားပြီး ယခုအခါ အမျိုးသားကန်တော်ကြီးဥယျာဉ်အဖြစ် ထင်ရှားကျော်ကြားသည်။ လိပ်ပြာပြတိုက်၊ ရွံ့ညွှန်တော၊ သစ်ခွမျိုးစုံ၊ အပင်မျိုးစိတ် စုံလင်စွာဖြင့် လှပတင့်တယ်ကာ လေ့လာအပန်းဖြေစရာ နေရာကောင်းတစ်ခုဖြစ်သည်။ ဥယျာဉ်နှင့်မျက်နှာချင်းဆိုင်တွင် နိုင်ငံတ၀ှမ်းရှိ ထင်ရှားကျော်ကြားသော နေရာဒေသများကို ပုံစံတူဆောက်လုပ်ပြသထားသော National Land Mark လည်းရှိသည်။ တရုတ်ဘုံကျောင်းနှင့်လှပစွာ စီးဆင်းဖြာနေသော ပွဲကောက်ရေတံခွန်တို့မှာ အမှတ်တရများစွာ ရရှိနိုင်သော နေရာများဖြစ်ပြီး ပြည်ချစ်ဘုရား(ခ)မဟာအံ့ထူးကံသာဘုရားကိုလည်း သွားရောက်ဖူးမြှော် နိုင်သည်။ ကိုလိုနီခေတ်က မေမြို့ဟုခေါ်သော တောင်စခန်း မြို့ဖြစ်သည့် ပြင်ဦးလွင်မြို့သည် ကြည့်ရှုလေ့လာစရာ လည်ပတ်စရာနေရာကောင်းတစ်ခုပင် ဖြစ်သည်။ ဒေသထွက်စားသောက်ဖွယ်ရာများ၊ ၀ိုင်နှင့်ပန်းမျိုးစုံရရှိနိုင်သည်။ ပိတ်ချင်းမြောင်မဟာနန္ဒမူလိုဏ်ဂူ ပင်ဦးလွင်မြို့အရှေ့မြောက်ဘက် (၁၂)မိုင်ခန့်အကွာ ၀က်ဝံရွာအနီးတွင်တည်ရှိသော ပိတ်ချင်းမြောင် မဟာနန္ဒမူလိုဏ်ဂူသည် သဘာဝထုံးကျောက်ဂူဖြစ်ပြီး ဂူအတွင်းတွင် သဘာဝအလျောက်ဖြစ်တည်နေသော ကျောက်စက်မိုးမျှော်၊ ကျောက်စက်ပန်းဆွဲများမှာ ပန်းပုဆရာ လက်မှိုင်ချလောက်အောင် အံ့ဖွယ်ကောင်းလှသည့်အပြင် စီးဆင်းနေသော ရေတံခွန်စိမ့်စမ်းများနှင့်အတူ ကြည်ညိုသဒ္ဒါပွားဖွယ် ဗုဒ္ဓဆင်းတုတော်များစွာ ထုဆစ်ပူဇော်ထားသည်။ လှိုဏ်ဂူပြင်ပ၀န်းကျင်တွင်လည်း စိမ့်စမ်းရေတံခွန်များဖြင့် သာယာလှပပြီး ဒေသထွက်ပစ္စည်းများ၊ ပရဆေးမျိုးစုံတို့ကို ရရှိနိုင်ပါသည်။ အလောင်းတော်ကဿဖ ရဟန္တာအရှင် မဟာကဿဖ မထေရ်မြတ်ကြီး၏ ခန္ဓာဝန်ချပြီး ကြွင်းကျန်သော ရုပ်ကလာပ်တော်ရှိရာ အလောင်းတော်ကဿဖ လှိုဏ်ဂူသည် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကပိုင်ကျေးရွာအုပ်စုအတွင်းရှိ တော်နက်အတွင်းတည်ရှိသည်။ ရှေးယခင်ကာလက အလောင်းတော်ကို ဖူးမြှော်ရန် နွားလှည်းဝိုင်းကြီးများ၊ ဆင်များစီး၍ တောလမ်းခရီးကို စွန့်စွန့်စားစားသွားခဲ့ကြရသည်။ ယခုအခါ လှိုဏ်ဂူမရောက်မှီ နှစ်မိုင်ခန့်အလို ဆင်စခန်းနေရာအထိ ကားဖြင့်သွားရောက်နိုင်ပြီး ထိုမှဆင့် ခြေလျင်ဖြစ်စေ၊ ဆင်စီး၍ဖြစ်စေ အရှင်မဟာကဿဖ မထေရ်မြတ်ကြီး၏ အလောင်းတော်ကို သွားရောက်ဖူးမြော်နိုင်ပြီဖြစ်သည်။ မထေရ်မြတ်ကြီး သီတင်းသုံးရာဒေသကို အလောင်းတော်ကဿပ ဘေးမဲ့ကြိုးဝိုင်းဒေသအဖြစ် နိုင်ငံတော်မှ သတ်မှတ်ထားရာ ကုသိုလ်ပြုရ ဗဟုသုတစုံလင်စွာရသော တော်တွင်းခရီးစဉ်တစ်ခုဖြစ်သည်။ ဒေသထွက်၊တောထွက်ပစ္စည်းများကိုလည်း စုံလင်စွာဝယ်ယူရရှိနိုင်သည်။
$
1 review
ချောင်းသာကမ်းခြေ ချောင်းသာကမ်းခြေသည် ရန်ကုန်မြို့မှ အချိန်(၇း၀၀)နာရီ ၀န်းကျင်ပေးရုံဖြင့် သွားရောက်နိုင်သောကမ်းခြေတစ်ခု ဖြစ်သည်။ ရန်ကုန်မြို့ပြနှင့် အလှမ်းမဝေးသလို လမ်းများကောင်း ၍ ကမ်းခြေတည်ရှိရာ ချောင်းသာရွာနှင့်လည်း တစ်ဆက်တည်းဆက်စပ်နေသောကြောင့် သွားလာရလွယ်ကူ၊ အစားအသောက်ပေါကာ ကုန်ကျစရိတ် နည်းပါးသက်သာစွာဖြင့် အပန်းဖြေအနားယူနိုင်သည့် ကမ်းခြေတစ်ခုလည်းဖြစ်သည်။ ပင်လယ်စာမျိုးစုံကို ဈေးနှုန်းချိုသာစွာဖြင့် စားသောက်နိုင်ပြီး ပင်လယ်ရေပြင်ကို တဖြူးဖြူးတိုက်ခတ်လာသော ဆားငွေ့နံ့သင်းသည့် လေကို ရှူရှိုက်ရင်း ကမ်းခြေတွင်အပန်းဖြေနိုင်သည့်အပြင် ထူးခြားစွာတည်ရှိသော ကျောက်မောင်နှမ၊ ကျောက်ဖားကြီးတို့ရှိရာ ငွေဆောင်ကမ်းခြေသို့သွားရောက်နိုင်ပြီး ကမ်းခြေနှင့်မနီးမဝေးမှ လှပသော သဲဖြူကျွန်း၊ ဖိုးကုလားကျွန်းတို့ ဆီသို့လည်း အချိန်အနည်းငယ်ပေးပြီး စက်လှေစီးကာ သွားရောက်လည်ပတ်နိုင်သည်။ Speed Board လေးများ စီး၍လည်း ချောင်းသာကမ်းခြေတလျှောက်နေရာအနှံ့အရောက် သွားနိုင်သည်။ ချောင်းသာကမ်းခြေအပန်းဖြေခရီးစဉ် Day(1) ရန်ကုန်မြို့မှ ည(၁၀း၀၀) တွင် ကားစတင်ထွက်ခွာပါမည်။ ညလည်စာနှင့်ကျန်းမာရေးအတွက် ညောင်တုန်းမြို့နယ်၊ ဗိုလ်မြတ်ထွန်းတံတား အနီးရှိပြည်ကြီးတံခွန်စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ၎င်းညကိုကားပေါ်တွင် ကားပေါ်တွင် အိပ်စက်အနားယူပြီး ချောင်းသာကမ်းခြေသို့ ဆက်လက်ထွက်ခွာပါမည်။ ကျန်းမာရေးအတွက် လိုအပ်သော နေရာများတွင် ရပ်နားပေးပါမည်။ Day(2) မနက်စောစောတွင် ချောင်းသာကမ်းခြေသို့ရောက်ရှိပါမည်။ မနက်စာသုံးဆောင်ပြီးနောက် ( ) Hotel သို့ဝင်ရောက်ပါမည်။ ထိုနေ့တွင် ချောင်းသာကမ်းခြေ၌ ရေကူးရင်းအပန်းဖြေအနားယူနိုင်ပါသည်။ ကျောက်မောင်နှမကမ်းခြေနှင့် ဖိုးကုသားကျွန်းသို့လည်း သွားရောက်လည်ပတ်နိုင်ပါသည်။ ထို့နေ့အတွက် နေ့လည်စာနှင့်ညစာကို ( ) စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ၎င်းညကို ( ) Hotel တွင် အိပ်စက်အနားယူပါမည်။ ၎င်းညတွင် အိမ်အပြန်လက်ဆောင်ဝယ်ရန် ချောင်းသာရွာထဲသို့ ပို့ဆောင်ပေးပါမည်။ Day(3) Hotel တွင် မနက်စာ သုံးဆောင်ပြီးနောက် (၉:၀၀) နာရီတွင် ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာပါမည်။ နေ့လည်စာကို ပုသိမ်မြို့တွင် သုံးဆောင်ပြီးနောက် အိမ်အပြန် လက်ဆောင် ပုသိမ်ထီး၊ ဟာလ၀ါဝယ်ရန် ခေတ္တ ရပ်နားပေးပါမည်။ ပုသိမ်မြို့၏ ကျက်သရေဆောင် ရွှေမုဋ္ဌောစေတီတော်မြတ်သို့ ပို့ဆောင်ပေးပါမည်။ ထို့နောက် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာပြီး ဗိုလ်မြတ်ထွန်းတံတားအနီး ပြည်ကြီးတံခွန်စားသောက်ဆိုင်တွင် ကျန်းမာရေးအတွက် ခေတ္တရပ်နားပေးပါမည်။ ညနေ(၆း၀၀)နာရီခန့်တွင် ရန်ကုန်မြို့သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိပါမည်။ ငွေဆောင်ကမ်းခြေ ငွေဆောင်ကမ်းခြေသည် ရန်ကုန်မြို့မှ မိုင်(၁၆၀)၀န်းကျင်၊ ပုသိမ်မြို့မှ အနောက်ဘက်သို့ ၄၈ကီလိုမီတာ(မိုင်၃၀) ခန့်အကွာတွင်တည်ရှိပြီး ကြည်လင် ၍အပြာရောင်ရှိသော ပင်လယ်ရေပြင် ဖြူဖွေးသောလှိုင်းများ၊ ရှည်လျားလှပသောသဲသောင်ပြင်တို့အပြင် ညစ်ညမ်းမှုကင်းစင်သည့် သဘာဝအတိုင်း ပတ်ဝန်းကျင်များရှိသဖြင့် မြန်မာနိုင်ငံ၏ အသာယာဆုံးနှင့် ချစ်စရာအကောင်းဆုံးကမ်းခြေတစ်ခုဖြစ်သည်။ ကမ်းခြေမှ မနီးမဝေးတွင်တည်ရှိသော ချစ်သူများကျွန်းသို့ ဒီရေကျချိန်တွင်လမ်းလျှောက်သွားနိုင်ပြီး ကျွန်းပေါ်တွင် တောင်ကလပ်တစ်ခုရှိရာ နေ၀င်ချိန်ညနေ ရှုခင်းကို တောင်ပေါ်မှ မြင်တွေ့ရခြင်းသည် လွန်စွာပြီးပြည့်စုံသော သဘာဝအလှတရားတစ်ခုပင်ဖြစ်သည်။ အမှတ်တရဓါတ်ပုံများ ရိုက်ကူးရန်နေရာကောင်းတစ်ခုလည်းဖြစ်သည်။ ငွေဆောင်ကမ်းခြေနှင့် မဝေးလှသောနေရာတွင် သွားရောက်လေ့လာစရာ ဆင်စခန်းရှိသည်။ သဘာဝကျသော တောတွင်းတစ်နေရာမှ ဗဟုသုတရပြီး အပန်းဖြေနေရာတစ်ခုလည်းဖြစ်သည်။ ကံကြီးချောင်း၊ ဒီရေရောက်တောနှင့် တံငါရွာ၊ သစ်ရောင်းကျွန်းနှင့် ငရုတ်ကောင်းကျွန်းများဆီသို့လည်း သွားရောက်လည်ပတ်နိုင်သည်။ ငွေဆောင်ကမ်းခြေ အပန်းဖြေခရီးစဉ် Day(1) ရန်ကုန်မြို့မှ ည (၁၂း၀၀)နာရီတွင် ကားစတင်ထွက်ခွာပါမည်။ ညလည်စာနှင့် ကျန်းမာရေးအတွက် ညောင်တုန်းမြို့နယ်၊ ဗိုလ်မြတ်ထွန်းတံတားအနီးရှိ ပြည်ကြီးတံခွန်စားသောက်ဆိုင်တွင်သုံးဆောင်ပါမည်။ ၎င်းညကို ကားပေါ်တွင် အိပ်စက်အနားယူပြီး ငွေဆောင်ကမ်းခြေသို့ဆက်လက်ထွက်ခွာပါမည်။ ကျန်းမာရေးအတွက် လိုအပ်သောနေရာများတွင် ရပ်နားပေးပါမည်။ Day(2) မနက်စောစောတွင် ငွေဆောင်ကမ်းခြေသို့ရောက်ရှိ ၍ AMBO Hotel သို့ဝင်ရောက်ပါမည်။ ထိုနေ့တွင် ငွေဆောင်ကမ်းခြေတွင် ရေကူးရင်း အပန်းဖြေအနားယူနိုင်ပါသည်။ ထိုနေ့အတွက် နေ့လည်စာနှင့် ညစာကို Hotel တွင်သုံးဆောင်ပါမည်။ ၎င်းညကို AMBO Hotel တွင်အိပ်စက်အနားယူပါမည်။ Day(3) Hotel တွင် မနက်စာသုံးဆောင်ပြီးနောက် Hotel တွင်အနားယူအပန်းဖြေပါမည်။ ၎င်းနေ့တွင် ငွေဆောင်ရှိ ချစ်သူများကျွန်းသို့ လိုက်လံပို့ဆောင်ပေးပါမည်။ ထို့နေ့အတွက် ညနေစာနှင့်ညစာကို Hotel တွင်သုံးဆောင်ပါမည်။ ၎င်းညကို AMBO Hotel တွင်အိပ်စက်အနားယူပါမည်။ Day(4) နံနက်(၉း၀၀)နာရီတွင် ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာပါမည်။ နေ့လည်စာကို ပုသိမ်မြို့ဘုရင်မထမင်းဆိုင် တွင်သုံးဆောင်ပြီးနောက် (မိမိအစီအစဉ်ဖြင့်) အိမ်အပြန်လက်ဆောင် ပုသိမ်ထီး၊ ဟာလ၀ါဝယ်ရန်ခေတ္တရပ်နားပေးပါမည်။ ထို့နောက်ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာပြီး ဗိုလ်မြတ်ထွန်းတံတားအနီး ပြည်ကြီးတံခွန်စားသောက်ဆိုင်တွင် ကျန်းမာရေးအတွက် ခေတ္တရပ်နားပေးပါမည်။ ညနေ(၆း၀၀)နာရီိခန့်တွင် ရန်ကုန်မြို့သို့အဆင်ပြေချောမွေ့စွာပြန်လည်ရောက်ရှိပါမည်။
$
1 review
Day (1) ရန်ကုန်မြို့မှ ည(၉)နာရီတွင် ကားစတင်ထွက်ခွာပါမည်။ ညလည်စာကို ၃၉မိုင်ရှိ ( )စားသောက်ဆိုင်တွင်သုံးဆောင်ပါမည်။ ထိုညကို ကားပေါ်တွင် အိပ်စက်အနားယူပြီး ကျန်းမာရေးအတွက် လိုအပ်သောနေရာများတွင် ကားခေတ္တရပ်နားပေးပါမည်။ Day (2) မနက်စောစောတွင် မော်လမြိုင်မြို့သို့ရောက်ရှိပြီးနောက် (A-1) စားသောက်ဆိုင်တွင် မနက်စာသုံးဆောင်ပါမည်။ ထို့နောက် ထားဝယ်မြို့သို့ ဆက်လက်ထွက်ခွာပြီး နေ့လည်စာကို ရေးမြို့တွင်သုံးဆောင်ပါမည်။ ညနေပိုင်းတွင် ထားဝယ်မြို့သို့ရောက်ရှိပြီးနောက် အနားယူပါမည်။ ညစာသုံးဆောင်ပြီးနောက် ထိုညကို ထားဝယ်မြို့ရှိ ( ) Hotel တွင် အိပ်စက်အနားယူပါမည်။ Day (3) Hotel တွင်မနက်စာသုံးဆောင်ပြီးနောက် လောင်းလုံမြို့နယ်ရှိ ရှင်မော်ဘုရားသို့ တစ်ဆင့်သွားကားဖြင့် ပို့ဆောင်ပေးပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Hotel တွင် ခေတ္တအနားယူပါမည်။ ညနေပိုင်းတွင် သရက်ချောင်းမြို့နယ်ရှိ ရှင်တောင်ပုံစေတီတော်သို့ သွားရောက်ဖူးမြှော်ပါမည်။ အပြန်တွင် ရှင်မုတ္တီးဘုရား၊ ရှင်ဥသြဘုရား၊ ရှင်ခရုဘုရားသို့ ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီးနောက် ထိုညကို ထားဝယ်မြို့ရှိ ( ) Hotel တွင်အိပ်စက်အနားယူပါမည်။ Day (4) Hotel တွင်မနက်စာသုံးဆောင်ပြီးနောက် မောင်းမကန်ကမ်းခြေသို့ပို့ဆောင်ပေးပါမည်။ ကမ်းခြေတွင်နေ့လည်စာသုံးဆောင်ပြီးနောက် မျှော်ရစ်ဘုရား၊ ရှင်ဇလွန်ဘုရား၊ ရှင်ဓါတ်ဝဲဘုရားနှင့် ရှင်တောက်ထိန်ဘုရားများသို့ ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီးနောက် ထိုညကို ထားဝယ်မြို့ရှိ ( ) Hotel တွင်အိပ်စက်အနားယူပါမည်။ Day (5) Hotel တွင် မနက်စာသုံးဆောင်ပြီးနောက် မော်လမြိုင်သို့ ပြန်လည်ထွက်ခွာပါမည်။ ကလိန်အောင်ရွာရှိ ဆံတော်ရှင်စေတီတော်သို့ တောင်တက်ကားဖြင့်ပို့ဆောင်ပေးပါမည်။နေ့လည်စာကို ရေးမြို့တွင်သုံးဆောင်ပြီးနောက် ညနေပိုင်းတွင် စက်စဲကမ်းခြေသို့ ရောက်ရှိပါမည်။ ညစာသုံးဆောင်ပြီးနောက် ထိုညကို စက်စဲမြို့ရှိ ( ) Hotel တွင်အိပ်စက်အနားယူပါမည်။ Day (6) Hotel တွင်မနက်စာသုံးဆောင်ပြီးနောက် ကျိုက်က္ခမီရေလည်ဘုရားသို့ ပို့ဆောင်ပေးပါမည်။ ထို့နောက်မုဒုံမြို့နယ်ရှိ ကမ္ဘာအကြီးဆုံး ၀င်းစိန်တောရဘုရားသို့ ပို့ဆောင်ပေးပါမည်။ နေ့လည်စာကို မော်လမြိုင်မြို့ရှိ (A-1)စားသောက်ဆိုင်တွင်သုံးဆောင်ပါမည်။ ထို့နောက် ကျိုက်သလန်ဘုရားနှင့် မော်လမြိုင်တောင်ပေါ်တန်းဘုရားများသို့ ပို့ဆောင်ပေးပါမည်။ ထို့နောက် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာပါမည်။ ညပိုင်းတွင် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိပါမည်။
$
1 review
Day 1: Yangon arrival & sightseeing (by car) Arrive at Yangon International Airport and welcome by Asia Graet Travels representative and our tour guide. Check in hotel. Yangon sightseeing includes; the Royal Park, one of the most popular green spaces in the downtown area of Yangon. Here you see the glittering Karaweik Barge, a replica of the Royal Bridge and enjoy the view over the lake up to the ShwedagonPagoda.Visit to the city center with the gilded 2500 years Sule Pagoda. And visit colonial style buildings surrounding Mahabandula Park. Then drive to stroll through a narrow street of China Town including the short visit to Tao Temple. Then, shortly before sunset, the 107 meters high golden stupa of Shwedagon Pagoda will glitter in the soft light of the early evening. Overnight at hotel in Yangon. Day 2: Yangon – Bago – Kyaikhtiyo (Golden Rock) (by car) After breakfast at hotel, drive to Kyaikhtiyo and on the way Bago sightseeing. Visit to Kyat Khet Wine Monastery, where a thousand monks take their last meal of the day at 10:00 am in total silence. Then continue to Kyaikthiyo, one of Myanmar’s landmark, which is famous for its position and religious importance: Kyaikhtiyo the “Golden Rock “, huge boulder completely covered by gold leaf and delicately balanced on the edge of a cliff. To reach the pagoda from Kin Pun a steep 11km road leads to the upper staging point by truck. Take a light trekking on the summit through bamboo forest. Enjoy the sunset beauty on the hill top and overnight at the hotel in Kyaikhtiyo. Day 3: Kyaikhtiyo (Golden Rock) – Bago – Yangon (by car) After breakfast at hotel, take a half hour walk to small cave. Also stop at the roadside shops for rare product of jungle, Midmorning, drive down to the base camp and return to Yangon. On the way visit most important sights of this old capital of the Mon People. Visit in Bago sightseeing: Shwemawdaw Pagoda, Hinthargone Pagoda and KanbawzaThardi Palace built by King Bayinnaung.Then visit in and Shwethalyaung Pagoda (the world's most beautiful reclining Buddha) and MahaZedi the Mon style. Then visit to Chinese Kwanyin Temple and a walk around the colorful Bago Market. Visit also and the huge 4 sitting Buddha's "Kyaikpun"(28 meter high huge Buddha Image). After that, drive back to Yangon and on the way visit the Allied War Cemetery near Htaukkyan, the final resting place for over 27,000 allied soldiers. Overnight at hotel in Yangon. Day 4: Yangon sightseeing & departure (by car) After breakfast at hotel, visit to National Museum. After lunch visit in Bogyoke (Scott) Market where you can buy many souvenirs.Thne transfer to Airport for departure.
$
1 review
Asia International Link Travel and Tour Co.,Ltd သည် ၂၀၁၂ ခုနှစ်တွင် စတင်ဖွဲ့ စည်းတည်ထောင်ခဲ့ပြီး ပြည်တွင်းမှ ခရီးသွားပြည်သူများနှင့် နိုင်ငံခြားသားဧည်သည့်များ အဆင်ပြေပြေ ချောမွေ့ စွာ ခရီးသွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ ပြည်တွင်း၊ပြည်ပရှိခရီးသွား ဧည့်သည်များကို အမှတ်တရခရီးစဉ်များအဖြင့် Cambodia, China, Hong Kong, Laos, Malaysia, Singapore, Myanmar, Thailand, Vietnam အစရှိသော နာမည်ကြီးနေရာများသို့  မိတ်ဆွေစိတ်တိုင်းကျ ခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးပါသည်။ ဒါ့အပြင် ကုမ္ပဏီအဖွဲ့ အစည်းများ၊ သင်တန်းကျောင်းများမှ အဖွဲ့ လိုက် Tour Package များကိုလည်း မိတ်ဆွေစိတ်တိုင်းကျ စီစဉ်ဆောင်ရွက်ပေးပါသည်။ မိတ်ဆွေရဲ့ ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်များကို ကျွန်တော်တို့  Asia International Link Travel and Tour မှ အတွေ့အကြုံရှိ Tour Leader များနှင့် စတင်လိုက်ကြပါစို့။ မိမိသွားလိုသော နေရာကို အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပါသည်။
$
1 review
Asia International Link Travel and Tour Co.,Ltd မှ ဆောင်းရာသီနှင့်အတူ သီတင်းကျွတ်ပွဲတော်ကို ပျော်ရွင်စွာအတူဆင်နွဲပြီး မြန်မာပြည်၏ အထင်းရှားသော နေရာတစ်ခုဖြစ်သည့် ကျိုက်ထီးရိုးဘုရား ခရီးစဉ်ကို ကျွန်တော်တို့ Asia International Link Travel and Tour မှ တာဝန်ယူ ဆောင်ရွက်ပေးနေပါသည်။ လမ်းခရီးတစ်လျှောက် ငြိမ်းချမ်းစွာ သွားလာနိုင်ရန် နှင့် အဆင်ပြေချောမွေ့စေရန် ၁၀၀% ဝန်ဆောင်မှုပေးပရစေ။
$
1 review
MNA ရဲ့ ရန်ကုန်/ ဟောင်ကောင် လက်မှတ်ဈေးနှုန်းကို ၂ဦး အသွားအပြန် အတွက် USD 392နဲ့ အခုပဲဝယ်ယူလိုက်ပါ။ အသေးစိတ်အချက်အလက်ကိုတော့ အုဋ်ခေါင် ခရီးသွားလုပ်ငန်း အောင်ဆန်းကွင်းရုံး အမှတ်(W-၁) အောင်ဆန်းကွင်းအရှေ့ဘက်၊ ဂျိုးဖြူလမ်း၊မင်္ဂလာတောင်ညွန့်မြို့နယ် ဖုန်း ;၀၁ ၂၅၅၉၃၃၊ ၂၅၅၉၄၄၊ ၂၅၂၉၅၃၊ ၃၈၃၉၆၈ မေးလ် [email protected]သို့လည်းကောင်း လူကြီးမင်းများအဆင်ပြေမှုရှိစေရန် ထပ်မံဖွင့်လှစ်ထားသော အုဋ်ခေါင် ခရီးသွားလုပ်ငန်း ရေကျော်ရုံးခွဲ အမှတ်(၄၈),မြေညီထပ်(ညာ),ရေကျော်လမ်း။ ပုစွန်တောင်မြို့နယ် ဖုန်း ;၀၁ ၈၆၁၀၇၂၄၊ ၈၆၁၀၇၂၅ မေးလ် [email protected] သို့လည်းကောင်းဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ နောက်ထပ် သတင်းကောင်းလေးတစ်ခုက အုဋ်ခေါင် ခရီးသွားလုပ်ငန်းရဲ့အိမ်တိုင်ရာရောက် လာရောက်ရောင်းချတဲ့ Home Service ဝန်ဆောင်မှုဖြစ်ပါတယ်။ ဖုန်းတစ်ချက်ဆက်ရုံ၊ စာတိုတစ်စောင်ပို့ရုံ၊ Facebook, Viber စသည့် Social app များမှ Confirm ပြုလုပ်ပေးရုံဖြင့် အုဋ်ခေါင် Home Service Sales Team မှ လူကြီးမင်းတို့ အိမ်တိုင်ရာရောက် လာရောက်ရောင်းချပေးမှာဖြစ်ပါတယ်။ ဝန်ဆောင်မှုလဲကောင်းမွန်၊ ဈေးနှုန်းလဲ မှန်ကန်တဲ့ အုဋ်ခေါင် ခရီးသွားလုပ်ငန်းကို အခုပဲ ဆက်သွယ်လိုက်ပါ။
$
1 review
လူကြီးမင်းများအနေဖြင့် မြန်မာအပြည်အနှံ့ ခရီးသွားလိုသော် Company၏ ဝန်ဆောင်မှုများအနေဖြင့် ပြည်တွင်း၊ ပြည်ပ၊ အပန်းဖြေ ခရီးစဉ်များ၊ လူကြီးမင်းစိတ်တိုင်းကျသီးသန့်ခရီးစဉ်များစီစဉ်ပေးခြင်း၊ ဗီဇာဝန်ဆောင်မှု (အလည်အပတ်။စီးပွားရေး)၊ ပြည်တွင်း၊ပြည်ပ ဟိုတယ်များနှင့်လေယာဉ်လက်မှတ်များစီစဉ်ပေးခြင်း၊ ဟန်းနီမွန်းခရီးစဉ်များစီစဉ်ပေးခြင်း၊ ခရီးသွား အာမခံ၊ ကားအမျိုးမျိုး စီးလုံးငှားရမ်းပေးခြင်း၊ ဧည်လမ်းညွန်များစီစဉ်ပေးခြင်း စသည့် ဝန်ဆောင်မှုများကို ရယူလိုက်ပါ။ လူကြီးမင်းတို့ သိလိုသောအကြောင်းအရာများကို မေးမြန်းနိုင်ပါသည်။
$
1 review
One of the most important Buddhist pilgrimage sites in Myanmar, located in Mon State, 170 km away from Yangon. It is a pagoda above the rock is about 7.3 meters in height, build on the top of a granite boulder covered with gold leaves pasted on by devotees, which balances on the cliff. The balancing rock seems to defy gravity, as it perpetually appears to be on the verge of rolling down the hill. The rock and the pagoda are at the top of Mt. Kyaikhtiyo 1100 meters above sea-level.
$
1 review
Mandalay is the royal capital of the last monarchy of Myanmar and is also a capital of Mandalay region nowadays. It was founded by King Mindon in 1857. Most of the monuments there including the Mandalay Palace, the city walls, pagodas and monasteries were built in that year or soon after. Mandalay lies on the east bank of the Ayeyarwaddy River and in the upper part of Myanmar. Mandalay is linked by air, rail, road and river with Yangon and other principal towns of Myanmar...
$
1 review
Pyin Oo Lwin was formerly known as May Myo. It is a resort town in Mandalay Division in Myanmar, located some 67 kilometers east of Mandalay. Pyin Oo Lwin is also known as " Pan Myo Daw", means "The City of Flowers", for its different species and colorful flowers grown intensively. During the British colonial occupation, the British, in 1896, developed it as a hill station because of its cool alpine climate, especially during the hot season. It is also well known for its colonial style houses with large compound and pine trees, unique horse carriages in town. Knitted sweaters, wines, Strawberry jams and various fresh fruits are popular products of Pyin Oo Lwin. Organic ground coffee from local plantations is good enough for export, as well.
$
1 review
U Bein Bridge is a crossing that spans the Taungthaman Lake near Amarapura in Myanmar. The 1.2-kilometre (0.75 mi) bridge was built around 1850 and is believed to be the oldest and longest teakwood bridge in the world. Construction began when the capital of Ava Kingdom moved to Amarapura, and the bridge is named after the mayor who had it built. It is used as an important passageway for the local people and has also become a tourist attraction and therefore a significant source of income for souvenir sellers. It is particularly busy during July and August when the lake is at its highest.
$
1 review
This vast picturesque lake is 900 meters above sea-level and one of the main tourist attractions in Myanmar. This lake 22 km long and 10 km across, has a population of some 150,000, many of whom live of floating islands of vegetation. It is famous for its scenic beauty, floating gardens and the unique leg-rowing and of the Inthas, the native lake dwellers. Local villages and 5 days rotating colorful local market make interesting and picturesque spot. The most convenient ways to get there is to fly from Yangon to Heho, which is nearest airport to the lake
$
Items 1 to 16 of 40 total
 
Myanmar 's largest B2B marketplace for Electrical and Electronics products in Myanmar. You can buy and sell Cables & Wires, Motors, Dynamo, Transformers, Electrical components, Security & Safety, Automation Instruments in Myanmar. You can order from online or just see information online and buy directly from their showroom.