Products

Items 1 to 16 of 165 total
1 review
သာယာဝတီသာပဌာန်းကျောင်း ၊ အောင်မင်္ဂလာ ကျောင်းဝင်း ၊ လှိုင်သာယာရှိ ဘုန်ကြီးကျောင်း အစရှိသော သာသနဘောင်များတွင်လည်း ကျွန်တော်တို့ LD-10078 ဖြင့် Floor King မှ ဝန်ဆောင်မှု ပေးထားသည့် ပုံများဖြစ်ပါသည်။ Floor King မှ ဝန်ဆောင်မှုပေးရာမှာ ရေငွေ့ပြန်မှု နဲ့ ရေစိုမှုကို အကောင်းဆုံးထိန်းပေး နိုင်တဲ့ အလူမီနီယံပြားပါတဲ့ ၃ မီလီမီတာ ထူတဲ့ဖော့ကို ကြမ်းခင်းပြား မခင်းခင် အရင်ခင်းပေးပါတယ်။ ပြီးမှ ကြမ်းခင်းပြား ခင်းတာပါ ခင်ဗျာ။ ကျွန်တော်တို့ Floor King ဈေးနှုန်ူက ပစ္စည်းလက်ခ အားလုံးအပြီးအစီး ဈေးနှုန်းဖြစ်ပါတယ်။ပစ္စည်းဆိုရာမှာ တကျင်းအတွက် ကြမ်းခင်းပြား အရေအတွက် အတိအကျ ၊ ဘေးဘောင်မှာ အလှဆင်တဲ့ စကာတင် နှင့် ခြေနင်း အခန်းအထွက် ခြေနင်း၊ လှေကားဘောင်နား တိုင်နားတွေမှာ လိုအပ်ရင် လိုအပ်သလို သုံးရတဲ့ ဘိတင်တွေ အားလုံးပါဝင်ပါတယ်။ ဘေးမှာ ကာတဲ့ Skirting (စကာတင်) လို လို့ဆိုပြီး အပိုကြေး ဘာမှထပ်မတောင်းပါဘူး ခင်ဗျာ။ လူကြီးမင်းတို့ အထူးအလေးပေးပြီး ဝန်ဆောင်မှုပေးထားပါတယ် ခင်ဗျာ။ပုံပါ ဒီဇိုင်းက ၁.၃ မီလီမီတာ အထူရှိပြီး ၁၀ပေပတ်လည် ၁ကျင်းကို ၂သိန်း ၃သောင်း ကျပ်ဖြစ်ပါတယ်။ယုံကြည်စိတ်ချ လှပခင်းကျင်း Floor King.
$
1 review
ISO-9001, ISO-14001 လက်မှတ်ရရှိထားသော Myanmar AAC & Panel Co., Ltd. မှ အရည်အသွေးမြင့်ထုတ်လုပ်လိုက်သော ECO-Block အမှတ်တံဆိပ် Autoclaved Aerated Concrete Block (AAC Block) အမျိုးအစားအား မိတ်ဆက်ပေးလိုက်ပြီးဖြစ်ကြောင်း လေးစားစွာဖြင့် သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျာ။ မိမိတို့ အသုံးပြုလိုသည့်အရွယ်အစားများကိုလည်း အထူးအော်ဒါအနေအဖြင့် လက်ခံဆောင်ရွက်ပေးပါသည်။ မြေဆီလွှာပျက်စီးမှုနှင့် သစ်တောပြုန်းတီးမှုကို ECO-Block မှ ကာကွယ်လိုက်ပါပြီ။ ဝန်းကျင်ကမ္ဘာကို စောင့်ရှောက်ဖို့ ECO-Block ကိုသုံးစွဲကြပါစို့ လားခင်ဗျာ။ • အပူခံနိုင်မှုစွမ်းရည်ရှိခြင်း • ကုန်ကျစရိတ် သက်သာစေခြင်း • ပေါ့ပါးသော အလေးချိန်ရှိခြင်း • အသံလှိုင်းကာကွယ်နိုင်ခြင်း • တိကျသော အရွယ်အစားနှင့် ပုံသဏ္ဍန်ရှိခြင်း • ရာသီဥတုအပူ/အအေးဒဏ်ခံနိုင်ရည်ရှိခြင်း • မြေနီအုတ်အစားထိုး • ပတ်ဝန်းကျင်ညစ်ညမ်းမှု ကာကွယ်နိုင်ခြင်း • လျင်မြန်စွာ တည်ဆောက်နိုင်မှုရှိခြင်း **သင့်အဆောက်အအုံများကို မြေနီအုတ်အစားထိုး ECO-BLOCK ဖြင့်တည်ဆောက်ပါ**
$
1 review
မြင်သာ ၁ လမ်း၊တောင်ဥက္ကာလာပမြို့နယ်ရှိ အိမ်ကို LN-171 ဖြင့် ဝန်ဆောင်မှုပေးထားသည့် ပုံများဖြစ်ပါတယ်။ဒီ ဒီဇိုင်းကုဒ်က ၁၀ပေပတ်လည် ၁ကျင်းကို ၂ သိန်း၁သောင်းကျပ် ဖြစ်ပါတယ်။ ကျွန်တော်တို့ Floor King ကြမ်းခင်းပြားက အထူ (၁၂ မီလီမီတာ)၊ အပါး (၈ မီလီမီတာ) ပေါ်မူတည်ပြီး ဈေးနှုန်းအမျိုးမျိုးရှိပါတယ်။ ကျွန်တော်တို့ Floor King ဈေးနှုန်းက ပစ္စည်းလက်ခ အပြီးအစီး ဈေးနှုန်းပါ ခင်ဗျာ။ ကျွန်တော်တို့ Floor King Shoroom များသို့ ကြမ်းခင်းပြား ဒီဇိုင်းများ လာရောက်လေ့လာပြီး Floor King စားပွဲတင် ပြက္ခဒိန်များကို နှစ်ဦးလက်ဆောင်အဖြစ် ရယူနိုင်ပါသည်။ကျွန်တော်တို့ Floor King မှ Customer များ အဆင်ပြေစေဖို့အတွက် ကျွန်တော်တို့ ကြမ်းခင်းကို အသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည် ဖြစ်စေ Customer များ အိမ်ကို Survey အခမဲ့ ကြည့်ရှုပေးပါတယ် ခင်ဗျာ။ဘယ်လောက်ကုန်ကျမယ်ဆိုတာ အတိအကျ သိချင်ရင်ပဲ ဖြစ်ဖြစ် မိမိအိမ်က ကိုရီးယား laminate ခင်းလို့ သင့်တော်၊မသင့်တော် စတဲ့ လိုအပ်တဲ့အကြံဥာဏ်တွေအတွက် ကျွန်တော်တို့နဲ့ ဆက်သွယ်လိုက်ရင် Customer များရဲ့ အိမ်ကိုလာရောက်ပြီး အခမဲ့ ဝန်ဆောင်မှုပေးပါတယ် ခင်ဗျာ။ကျွန်တော်တို့ Floor King ရဲ့ တကျင်းဈေးနှုန်းတွင် ဘေးဘောင် စကာတင် ဘီတင် အားလုံးကို လိုအပ်သလို သုံးစွဲပေးမှာ ဖြစ်ပြီး တကျင်းအတွက် အချပ်ရေ အတိကျပေး မှာ ဖြစ်ပါသည်။ တကျင်းအထက်ပိုသွားတဲ့ အချပ်အရေအတွက် ကို နှုတ်ပေးပြီး လိုသွားရင်လည်း အချပ်အရေအတွက် တန်ဖိုးကိုပဲ ပေးရတာ ဖြစ်တာကြောင့် ကျွန်တော်တို့ customer များ ခေါင်းရှုပ်ခြင်း မရှိပဲ အဆင်ပြေ စိတ်ချမ်းသာမှာပါ။Floor King ဝန်ဆောင်မှုပေးရာမှာ စကာတင် ဘိတင်တွေက PVC လို့ခေါ်တဲ့ ကော်ပြားကို အသုံးမပြုပဲ သစ်သားကို အခြေခံပြီး ပြုလုပ်ထားတဲ့ အရည်အသွေးမြင့် လှပသော ကြိတ်သား စကာတင် ဘိတင်သာ အသုံးပြုခြင်း၊ ရေစိုခံ မြင့်မားတဲ့ အရည်အသွေးမြင့် အလူမီနီယံပါတဲ့ ၃ မီလီမီတာ အထူရှိတဲ့ ဖော့ကိုသာ အသုံးပြုခြင်း စတဲ့ အရည်အသွေးမြင့် ပစ္စည်းကိုသာ အသုံးပြုပါတယ်။"သင့်အိမ်မက်များ လှပစေဖို့ Floor King ကြမ်းခင်းပြားဖြင့် အလှဆင်စို့"။
$
1 review
New Look ကုမ္ပဏီမှလူကြီးမင်းတို့ ၏ မီးဖိုချောင်များကို လူကြီးမင်းတို့ စိတ်ကြိုက် အလှဆင်နိုင်သည့်အပြင် လိုအပ်သော ကုန်ပစ္စည်းများကိုလူကြီးမင်းတို့ စိတ်တိုင်းကျဝယ်ယူ အသုံးပြုနိုင်ပါသည်။ ဒါကြောင့်လူကြီးမင်းတို့ ၏ မီးဖိုချောင်များကိုအလှဆင်လိုပါက New Look ကုမ္ပဏီကို တိုက်ရိုက်ဆက်သွယ်မေးမြန်းစုံစမ်းနိုင် ပါသည်။
$
1 review
GREAT WALL BUILDING MATERIALS ကုမ္ပဏီမှ လူကြီးမင်းတို့ အတွက် အရောင် အ သွေးစုံလှသောအုတ်ခဲ အမျိုးမျိုးကိုထုတ်လုပ် ဖြန့် ဖြူး ရောင်းချလျက် ရှိပါသည်။မြို့ ပြလူနေ မူစနစ်မြင့်မားရန်နှင့် ဟန်ချက်ညီမူရှိစေရန် ကားလမ်းများနှင့် လူသွားလမ်းများတွင်ရောင်ပြန် ဟပ်ခြင်းကိုကာကွယ်နိုင်သည်။ လမ်းမများပေါ်တွင် ရေကြီးရေလျှံခြင်းကိုကာကွယ်နိုင်ပီး အ စိုဓာတ်ကိုခုခံနိုင်သည်။ အပူကိုစုပ်ယူကာ ရာသီဥတုဒဏ်ခံနိုင်ပီး ဆူညံသံများကိုလဲစုပ်ယူ ကာမိုးရေများကိုမြေသို့ လျင်မြန်စွာ စိမ့်ဝင်သွားနိုင်သည့်အာနိသင်ရှိသည်။လူသွားလမ်းများ၊ ပန်းခြံများနှင့်အိမ်ခြံဝန်းကျယ်များတွင် အသုံးပြုရန်သင့်တော်ပါသည်။ဒါကြောင့်လူကြီးမင်းတို့ အဆောက်အဦးများကိုစိတ်တိုင်းကျဆောက်လုပ်နိုင်ရန် GREAT WALL BUILDING MATERIALS CO.,LTD ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
$
1 review
Aluminum Ceiling Panel, မျက်နှာကျက်
$
1 review
Natural Clay Exterior Wall Tile များကို Japanese Industrial Standard (JIS) နှင့်အညီ ထုတ်လုပ်လျက်ရှိပြီး ပထမဆုံး နှင့် တစ်ခုတည်းသော ပြည်တွင်းဖြစ် Japanese Clay Tile များဖြစ်သည်။ Natural Clay Exterior Wall Tile များသည် Japan နိုင်ငံလုပ် ခေတ်မှီစက်များကို အသုံးပြု၍ ဝါရင့် Japan နည်းပညာရှင်များကိုယ်တိုင်ကြီးကြပ်ထုတ်လုပ်ထားခြင်းကြောင့် Japan Quality အတိုင်းဖြစ်သည်။Natural Clay Exterior Wall Tile များကို အရည်အသွေးမြင့် သဘာဝမြေသားစစ်စစ်ဖြင့် အသုံးပြုထားပြီး Production Process တစ်ခုလုံးတွင် Chemical ပစ္စည်းများ လုံးဝသုံးစွဲထားခြင်းမရှိသောကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော အကျိုးကျေးဇူးများ ရရှိစေနိုင်ပါသည်။Natural Clay Exterior Wall Tile ၏ထူးခြားချက်မှာ Product Color ဖြစ်သည်။အရောင်များသည် သဘာဝအတိုင်း ထူးခြားလှပသော အရောင်ညီ ၊ အရာင်ပြေး နှင့် အရောင်စပ်များ ဖြစ်သည်။(ဥပမာ - အနီ ၊ ခဲ ၊ သနပ်ခါး ၊ ဆင်စွယ်) Exterior Wall Tile များ၏ အရောင်မှာ မည်သည့် အကြောင်းကြောင့် ဖြစ်စေ တစ်သက်တာ ပြောင်းလဲခြင်းမရှိပါ။ ( ဥပမာ - Acid ဖြင့် ဆေးသော်လည်း မူလအရောင် မပြောင်းလဲပါ)
$
1 review
မင်္ဂလာပါ MAXBOND 809 AAC Block Adhesive သည် အခုနောက်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုလာသော AAC Block များနှင့်တွဲသုံးရသော ဘိလပ်မြေအုတ်ကပ် ကော် အမျိုးအစားဖြစ်ပါသည်။ Light Weight Block/AC Block များအတွက် သီးသန့် ရည်ရွယ်ကာ ဖော်စပ်ထားသော ကပ်အားမြင့် ဘိလပ်မြေအမျိုးအစားဖြစ်ပါသည်။ CLC အုတ်များနှင့် AAC အမျိုးအစားအုတ်များအတွက် တွဲစပ်အားအထူးကောင်းမွန်အောင်ပြုလုပ်ထားသောကြောင့် အချိန်နှင့်လုပ်အားခတို့ ကိုများစွာလျော့ချနိုင်ပြီး အကျိုးရလဒ်မှာလဲ အထူးကောင်းမွန်ပါသည်။ ဆက်သွယ်ဝယ်ယူလိုပါက MAX BOND Myanmar Co.Ltd Ph 09450915538 ကိုဆက်သွယ်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ
$
1 review
*Timber products and decorative timber furnished materials. *Livestock and fisheries products. *Agricultural products & Beans. *Construction materials and paints. *Stationary and photographic film for printing and publishing. *Import from original sources and sales at fair price. *Import & distribute superior quality products only. *Deliver to work site in time and as your request. *Special price for the construction of All Government Sectors. *Can deliver also to District Customer.
$
1 review
ALC block သည် အဆောက်အအုံ ၏ အတွင်းပိုင်း နှင့် အပြင်ပိုင်း နှစ်ခုလုံးအတွက် အသုံးပြုရသင့်တော်အောင် အထူးပြုလုပ်ထားသော Block ဖြစ်သည်။သင့်နေအိမ်ကို ယုံကြည်စိတ်ချ ဘေးကင်းလုံခြုံ မှု နှင့် ခိုင်ခံသော ထိန်းသိမ်းစောင့်ရှောက်မှု ကိုအပြည့်အဝ ပေးစွမ်းနိုင်သည်။လျှပ်စစ် စွမ်းအားကို ၃၀% အထိ ထိန်းသိမ်းနိုင်ပြီး သာမန် ကွန်ကရစ်ထက် ၁၀ ဆ အပူဒဏ်ကို ကာကွယ်တားဆီးပေးနိုင်သည်။ပတ်ဝန်းကျင်မှ ဆူညံသံများကို အထဲသို့ ဝင်မလာနိုင်အောင် တားဆီးပေးသည်။သာမန် ကွန်ကရစ်ထက် ငလျင်ဒဏ်မှ ဖြစ်ပေါ်သော Stress စုပ်ယူမှုအား ပိုကောင်းသည်။ရွှံအုတ်များထက် ၂ဆ ၃ဆ ပိုမို ပေါ့ပါးပြီး ၄ဆ ၅ဆ ပိုမို သိပ်သည်းပြီး strength ဆုံးရှုံးမှု မပါဝင်သောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ၏ စရိတ်များ လျော့ချနိုင်သည်။အချိန်တိုတိုဖြင့် အလွယ်တကူ ဆောက်လုပ်နိုင်သောကြောင့် Installation ကို ၅၀% လျော့ချပေးသည်။
$
1 review
ALC block သည် အဆောက်အအုံ ၏ အတွင်းပိုင်း နှင့် အပြင်ပိုင်း နှစ်ခုလုံးအတွက် အသုံးပြုရသင့်တော်အောင် အထူးပြုလုပ်ထားသော Block ဖြစ်သည်။သင့်နေအိမ်ကို ယုံကြည်စိတ်ချ ဘေးကင်းလုံခြုံ မှု နှင့် ခိုင်ခံသော ထိန်းသိမ်းစောင့်ရှောက်မှု ကိုအပြည့်အဝ ပေးစွမ်းနိုင်သည်။လျှပ်စစ် စွမ်းအားကို ၃၀% အထိ ထိန်းသိမ်းနိုင်ပြီး သာမန် ကွန်ကရစ်ထက် ၁၀ ဆ အပူဒဏ်ကို ကာကွယ်တားဆီးပေးနိုင်သည်။ပတ်ဝန်းကျင်မှ ဆူညံသံများကို အထဲသို့ ဝင်မလာနိုင်အောင် တားဆီးပေးသည်။သာမန် ကွန်ကရစ်ထက် ငလျင်ဒဏ်မှ ဖြစ်ပေါ်သော Stress စုပ်ယူမှုအား ပိုကောင်းသည်။ရွှံအုတ်များထက် ၂ဆ ၃ဆ ပိုမို ပေါ့ပါးပြီး ၄ဆ ၅ဆ ပိုမို သိပ်သည်းပြီး strength ဆုံးရှုံးမှု မပါဝင်သောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ၏ စရိတ်များ လျော့ချနိုင်သည်။အချိန်တိုတိုဖြင့် အလွယ်တကူ ဆောက်လုပ်နိုင်သောကြောင့် Installation ကို ၅၀% လျော့ချပေးသည်။
$
1 review
ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် Formwork လုပ်ငန်းသည် အလွန်အရေးပါသော အခန်းကဏ္ဍကနေ ပါဝင်နေသဖြင့်၊ ၎င်း Formwork လုပ်ငန်းနှင့် ပတ်သက်ပြီး - Safety အတွက် စိတ်ပူပန်နေရပါသလား ? ( Formwork ပွင့်ထွက်တာတွေ၊ ပြိုကျတာတွေ ဖြစ်မှာ စိုးရိမ်နေပါလား ) - သစ်ဈေးတွေတက်နေလို့ ကုန်ကျစရိတ်များမှာတွေ၊ သစ်အလွယ်တကူ ဝယ်ယူလို့ မရလို့ အခက်အခဲဖြစ်နေတာတွေအတွက် စိတ်မောနေရပါလား - Site တစ်ခုပြီးသွားတဲ့အခါ အသုံးမဝင်တော့တဲ့ waste ဖြစ်သွားတဲ့ သစ်တွေ အပုံလိုက်ကြီးကို ကြည့်ပြီး အမြဲ စိတ်ပျက်နေရပါသလား - Site တစ်ခုကို မြန်မြန်ပြီးချင်တယ်၊ အချိန်ကုန်သက်သာချင်တယ်၊ ဒါပေမယ့် Conventional Method (Traditional Method) နဲ့ဆိုရင် Formwork လုပ်ငန်းမှာတင် အချိန်ပေးရတာကို စိတ်ပျက်နေပါသလား - အလုပ်သမားတွေ အများကြီးကို ထိန်းရတဲ့ဒုက္ခ၊ အလုပ်သမား အလုံအလောက် ခေါ်ယူရရှိနိုင်ဖို့ စိတ်ပူပန်နေရတဲ့ဒုက္ခတွေကို စိတ်ပျက်နေပါသလား အထက်ပါ အခက်အခဲများကို ဖြေရှင်းပေးဖို့ Zulu Life Group of Companies က တာဝန်ယူပါရစေ။ ✔ လူကြီးမင်းတို့ အသုံးပြုနေကျ Traditional Method ကဲ့သို့ ကွန်ကရစ်လောင်းရင်း Formwork ပွင့်ကျမှာ၊ ပြိုကျမှာလည်း စိတ်ပူစရာမလိုခြင်း၊ ✔သစ်ဈေးတွေကြီးတာ၊ အလွယ်တကူ ဝယ်မရတာတွေ အတွက်လည်း ပူပန်စရာမလိုခြင်း၊ ✔ Formwork Installation လုပ်ရာမှာလည်း Conventional Method နှင့် နှိုင်းယှဉ်လျှင် အလွန်မြန်ခြင်း၊ ✔ လုပ်ငန်းခွင်တွင်း အမှိုက်ရှုပ် သက်သာခြင်း၊ လုပ်ငန်းပြီးချိန်တွင် waste materials များ စွန့်ပစ်ရန် စိတ်ပူနေစရာမလိုခြင်း၊ ✔ လုပ်ငန်းခွင်ကို ဘေးအန္တရာယ်ကင်းကင်းနဲ့ အချိန်တိုအတွင်း ပြီးနိုင်ခြင်း၊ ✔ Formwork ဖြုတ်ပြီးသည့်အခါတွင်လည်း မျက်နှာပြင်အား ပြန်လည်အချောကိုင်စရာမလိုဘဲ ပတ်တီးတန်းရိုက်၍ ဆေးသုတ်နိုင်ခြင်း စသည့် အားသာချက်တွေ အလွန်များတဲ့အပြင် ✔ ဈေးနှုန်းလည်း ပိုသက်သာ၊ အာမခံချက်လည်း အပြည့်အဝပေးပြီး၊ တာဝန်ယူနိုင်တဲ့ Zulu Life Group of Companies ရဲ့ Formwork လုပ်ငန်းကို စိတ်ဝင်စားတယ်ဆိုရင်တော့… ✔ ဖုန်း : 09454153430 ကို အခုပဲ ဖုန်းဆက်လိုက်ကြပါနော်… ကျွန်ုပ်တို့ရဲ့ ရောက်ပို့၊ တပ်ဆင်၊ ဖြုတ်သိမ်း စနစ်ဖြင့် လူကြီးမင်းတို့ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို တာဝန်ယူပေးပါရစေ…
$
1 review
ရောမ စတိုင် အလိပ်ကွန်ကရစ် ပုံစံ ခေါင်မိုးတစ်ခုဖြစ်သည်။ကွန်ကရစ် အမိုး Tile များသည် သာမန် အမိုးများထက် အပူဒဏ် ကာကွယ်ပေးပြီး အေးမြမှု ပေးစွမ်းနိုင်ခြင်း စွမ်းအင်ချွေတာ နိုင်ခြင်း၊ တာရှည်ခံစွာ အသုံးပြုနိုင်ခြင်း စသည်အကျိုးကျေးဇူးများ ရရှိစေနိုင်သည်။
$
1 review
SCG Smartboard Squared Edge ကို ချောမွေ့သော မျက်နှာပြင် များ ဖြစ်အောင် ဖန်တီးထုတ်လုပ်ထားသော မျက်နှာကြက် အမျိုးအစား တစ်ခု ဖြစ်သည်။တပ်ဆင်ရ လွယ်ကူစေပြီး အတွင်းရော အပြင် နှစ်ခုလုံး တပ်ဆင်ရသော gapping ဖြစ်သည်။ Acrylic ဆေးဖြင့် ခြယ်သထားသောကြောင့် ၁၀၀% အရောင်လွင့်ခြင်း ပြယ်ခြင်း မရှိပဲ လှပစေသည်။ Care Warning •Apply for ceiling only by following installation manual. •Do not use as structure apllication. •Do not eat. •Do not inhale the dust from cutting, screwing or polishing products.
$
1 review
ဂျာမန်နည်းပညာသုံး ကွန်ကရစ်နံရံပြား (Smart Concrete Wall) သည် Automatic Extruder စက်ဖြင့် ထုတ်လုပ်ထားသောကြောင့် အရည်အသွေးမြင့်မားပြီး ခိုင်ခံကျစ်လစ်မှုရှိသည်။ ရိုးရှင်းလွယ်ကူပြီး မြန်မြန်ဆန်ဆန်တည်ဆောက်နိုင်မည့် ဒီဇိုင်းဖြစ်ပြီး ကြာရှည်ခိုင်ခံမှု၊ မီးဒဏ်ခံနိုင်ခြင်း၊ ရေလုံခြင်း၊ အသံလုံခြင်းစသော အကျိုးသတ္တိများလည်းရှိပါသည်။ အထူးကျွမ်းကျင်ရန်မလိုဘဲ သာမာန်အလုပ်သမားဖြင့်တပ်ဆင်နိုင်ပြီ လုပ်သားလိုအပ်ချက်နည်းလို့ စရိတ်သက်သာနိုင်ပါသည်။ ချောမွတ်သည့် မျက်နှာပြင်ရှိသည့်အတွက် သရိုးကိုင်ရန်မလိုပါ။ သရွတ်လုပ်ငန်းနည်းပါးသည့်အတွက် လုပ်ငန်းခွင့်ခြောက်သွေ့သန့်ရှင်းစေသည်။ အဖို၊အမဆက်ကြောင်းများကြောင့် တာရှည်ခိုင်ခံပြီး ရေလုံစေပါသည်။ ရေပိုက်၊ မီးပိုက်များကို ခက်ခက်ခဲခဲထွင်းရန်မလိုအပ်ပဲ နံရံအတွင်းပါရှိသော ဒေါင်လိုက်အပေါက်များအတွင်းမှ သွယ်တန်းနိုင်ပါသည်။ Smart ကွန်ကရစ်နံရံသည် လုပ်ငန်းတွင်ကျယ်စေ၍ အချိန်ကုန်သက်သာစေပါသည်။
$
Items 1 to 16 of 40 total
 
Myanmar 's largest B2B marketplace for Building and Decoration. You can buy and sell building machine, bathroom and kitchen, aluminium and metal, flooring,ceiling and roofing,furniture,windows,doors and gates,indoor plants, shoe and equipment,decoration and construction services in Myanmar. You can order from BaganMart in express order or negotiate price in quotation process. You just select the best one and choose it. Then, you can give review good or bad.<p class="MsoNormal"><o:p></o:p></p>