Instruction
Welcom BaganMart Help Center
BaganMart မှကြိုဆိုပါ၏
BaganMart ဆိုတာ ဘာလဲ?
BaganMart သည် လုပ်ငန်းရှင်များ အချင်းချင်း ချိတ်ဆက်ရောင်းဝယ် နိုင်တဲ့ Myanmar B2B eCommerce platform ဖြစ်ပါတယ်။ လုပ်ငန်းရှင်များအနေနဲ့ မိမိရဲ့ Showroom ထဲက ပစ္စည်းတွေကို Virtual Showroom အနေနဲ့ BaganMart.com ပေါ်မှာတင်ထားခြင်းဖြင့် ကုန်ပစ္စည်း အသေးစိတ် အချက်လက်တွေကို အနယ်နယ်အရပ်ရပ်က ဝယ်ယူလိုတဲ့ လုပ်ငန်းရှင်များ အင်တာနက်မှ အလွယ်တကူ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဝယ်ယူလိုတဲ့ လုပ်ငန်းရှင်များအနေဖြင့် ဝယ်လိုတဲ့ ကုန်ပစ္စည်းအကြောင်းကို Showroom တစ်ခုပြီး တစ်ခု သွားကြည့်ရမယ့်အစား အင်တာနက်ပေါ်မှာ ဓါတ်ပုံ ၊ ဗီဒီယိုတွေ နဲ့ အသေးစိတ်ကြည့်ပြီး အကြိုက်ဆုံးပစ္စည်းကို Online က မှာယူ၍ပဲဖြစ်ဖြစ် ၊ လူကိုယ်တိုင် သွားရောက်၍ပဲဖြစ်ဖြစ် ဝယ်ယူနိုင်ပါတယ်။

ဘာကြောင့်လဲ ?

နိုင်ငံတကာမှာ အင်တာနက် ကို အသုံးချပြီး လုပ်ငန်းတစ်ခုနဲ့ တစ်ခု ချိတ်ဆက် ရောင်းဝယ် နေတာ ဆယ်စု နှစ် ၂ ခုနီးပါးရှိပါပြီ။ မြန်မာပြည်မှာတော့ လုပ်ငန်းတစ်ခု နဲ့ တစ်ခု ချိတ်ဆက် ရောင်းဝယ် နိုင်ဖို့ အခုအချိန်အထိ လမ်းညွှန်စာအုပ် တွေကို အားကိုး နေရ တုန်းပါပဲ။ သင်လိုအပ် တဲ့ ပစ္စည်းတစ်ခုဝယ်ဖို့ လမ်းညွှန်စာအုပ်တွေမှာရှာရင် မိနစ် အတော်ကြာ အချိန်ပေးပြီး ၊ သင်ရလိုက်တာက လိပ်စာ နဲ့ ဖုန်းနံပါတ်ပါဘဲ။ အခု ၂၁ ရာစု အင်တာနက် ခေတ်ကြီးမှာ ပြောင်းလဲဖို့ အချိန်တန်ပါပြီ။ အဲဒီတော့ မြန်မာ့လုပ်ငန်းများအချင်းချင်း ကုန်ပစ္စည်းတွေ ချိတ်ဆက်ရောင်းဝယ်နိုင်ဖို့ Information အလွယ်တကူ ဖလှယ်နိုင်ဖို့ Online Platform မရှိမဖြစ်လိုအပ်နေပါပြီ။ မြန်မာပြည်ရဲ့ စီးပွါးရေးလုပ်ငန်းများ အချင်းချင်း အင်တာနက်ကနေ ချိတ်ဆက် ရောင်းဝယ် နိုင်ဖို့ BaganMart.com ဟာ မြန်မာ့စီးပွါးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ဖို့ မဖြစ်မနေ လိုအပ်တဲ့ B2B e-Commerce platform ဖြစ်ပါတယ်။
ဘယ်လိုလုပ်ဆောင်မှာလဲ?
ဝယ်သူ လမ်းညွှန် (ဘယ်လိုဝယ်မလဲ?)
သင့်လုပ်ငန်းအတွက် လိုအပ်တဲ့ ပစ္စည်း နာမည်ကို Enter တစ်ချက် နှိပ်ပြီး ရှာလိုက်ရုံနဲ့ ထောင်ပေါင်းများစွာ သော Product တွေကို စက္ကန့်ပိုင်းအတွင်း တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ ကုန်ပစ္စည်း နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ဓါတ်ပုံ ၊ ဗွီဒီယို တွေ နဲ့ပါ ကြည့်ရှု နိုင်မှာ ဖြစ်ပါတယ်။ သင်လိုအပ်တဲ့ ပစ္စည်းကို တွေ့ပါက Online ကနေ မှာယူ နိုင်သလို လူကိုယ်တိုင် သွားရောက်ပြီးတော့လည်း ဝယ်ယူ နိုင်ပါတယ်။ အသေးစိတ်ကို How To Buy Instruction မှာ ကြည့်နိုင်ပါတယ်။
အဆင့် ၃ ဆင့်ဖြင့် လွယ်ကူစွာဝယ်ယူနိုင်ပါသည်
ရောင်းသူ လမ်းညွှန်(ဘယ်လို ရောင်းမလဲ?)
ကုန်ပစ္စည်းရောင်းချလိုသူတွေ အနေနဲ့ မိမိရဲ့ Showroom ထဲက ပစ္စည်းတွေကို Virtual Showroom အနေနဲ့ BaganMart.com ပေါ်မှာတင်ထားခြင်းဖြင့် ကုန်ပစ္စည်း အသေးစိတ် အချက်လက်တွေကို အနယ်နယ်အရပ်ရပ်က လုပ်ငန်းရှင်များ အင်တာနက်မှ အလွယ်တကူ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ကုန်ပစ္စည်းရောင်းချလိုသူတွေ နေနဲ့ အဆင့် (၃) ဆင့်ပဲ ပြုလုပ်ရမှာဖြစ်ပါတယ်။
၁) Join (သင့်ရဲ့ email (သို့) Facebook account နဲ့ BaganMart မှာ Member ဝင်ပါ။
၂) Post (လူကြီးမင်းတို့ရဲ့ ကုန်ပစ္စည်း အကြောင်းအရာ အသေးစိတ်ကို ဓါတ်ပုံ နှင့်တကွ Post တင်ပါ။
၃) Get Orders / Customers (Customer များ၏ မေးမြန်းမှုကို ဖြေကြားပေးပြီး Order များရရှိ နိုင်ပါပြီ။)
အသေးစိတ်ကို How To Sell Instruction မှာ ကြည့်ရှုနိုင်ပါတယ်။
လူကြီးမင်းတို့ ရုံးပိတ်ပြီး အနားယူနေပေမယ့် BaganMart ပေါ်မှာတင်ထားတဲ့ လူကြီးမင်းတို့ရဲ့ Online Showroom က ၂၄ နာရီ အလုပ်လုပ် နေပြီး Customer တွေ ဝင်ရောက် ကြည့် ရှုနိုင်မှာ ဖြစ်ပါတယ်။
BaganMart.com Website နဲ့ Mobile Application ကို အသုံးပြုခြင်းဖြင့်
လူကြီးမင်းတို့ လုပ်ငန်းအတွက် ကုန်ပစ္စည်းတွေကို Online ကနေ အလွယ်တကူ ရောင်းဝယ်နိုင်ခြင်း
ကုန်ပစ္စည်း ၊ ဝန် ဆောင်မှု နဲ့ လုပ်ငန်းတွေကို အခမဲ့ ကြော်ငြာ နိုင်ခြင်း
စီးပွါးရေး နဲ့ ပတ်သက် တဲ့ သတင်း အချက်အလက် မျိုးစုံကို တစ်နေရာတည်းမှာ သိရှိနိုင်ခြင်း
စတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပါတယ်။
ဒါကြောင့် လူကြီးမင်းတို့ ရဲ့ လုပ်ငန်းကို အင်တာနက် ကနေ တိုးချဲ့ဆောင်ရွက် နိုင်ဖို့ မြန်မာပြည်ရဲ့ အကောင်းဆုံး စီးပွါးရေး Website ဖြစ်တဲ့ BaganMart.com နဲ့ Mobile Application ကို အခုပဲ အသုံးပြုလိုက်ပါလို့ ဖိတ်ခေါ်ပါရစေ။
BaganMart.com
လုပ်ငန်းရှင်များ ရောင်းဝယ်ရာ
“Let your business grow online”
အဆင့် ၃ ဆင့်ဖြင့် လွယ်ကူစွာရောင်းချနိုင်ပါသည်