- Apr 02, 2017
နည်းပညာအသုံးပြုစွန့်ပစ်ပလတ်စတစ်အမှိုက်မှ လောင်စာဆီထုတ်နိုင်မည့်စက်ရုံ မြန်မာ့ယဉ်ကျေးမှု ပုဂံ-ညောင်ဦးဒေသတွင် တည်ဆောက်နိုင်ရန်စီစဉ်နေဟုဆို
သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်း စေမည့် နည်းပညာအသုံးပြု စွန့်ပစ်ပလတ် စတစ်အမှိုက်မှ လောင်စာဆီထုတ်လုပ်နိုင် မည့်စက်ရုံကို မြန်မာ့ယဉ်ကျေးမှု ပုဂံ-ညောင်ဦး ဒေသတွင် တည်ဆောက်နိုင်ရန်စီစဉ်နေကြောင်း ချင်းတွင်းဓာတုအင်ဂျင်နီယာ ဦးသန့်ဇင်ထွန်း ထံမှ သိရသည်။
"နိုင်ငံတကာနဲ့ထိတွေ့နေတဲ့ ပုဂံ-ညောင် ဦးဒေသကို ပထမအဆင့်အနေနဲ့ ရွေးချယ် ပါမယ်။ စက်ရုံကို ယဉ်ကျေးမှုနယ်မြေ ပြင်ပ ယဉ်ကျေးမှုဝန်ကြီးဌာနက ကန့်ကွက်ဖို့မရှိတဲ့ နေရာကို ရွေးချယ်မှာပါ။ မြန်မာနိုင်ငံမှာ စွန့် ပစ်အမှိုက်တွေစီမံခန့်ခွဲရာမှာ မီးရှို့ဖျက်တဲ့ အခြေအနေမှာသာရှိပါတယ်။ အဲဒီလိုမီးရှို့ ရင် ပါသွားတဲ့ပလတ်စတစ်တွေ လေထဲမှာ မီးလောင်ရင် ထွက်လာမယ့်မီးခိုးငွေ့တွေကိုပညာရှင်တွေ လေ့လာထားတာကတော့ သဘာဝပတ်ဝန်းကျင်နဲ့ လူသားတွေရဲ့ ကျန်းမာ ရေးအတွက် မသင့်လျော်တဲ့အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်"ဟု ဦးသန့်ဇင် ထွန်းက ပြောဆိုသည်။
လောင်စာဆီကြမ်း
စက်ရုံတည်ဆောက်ပြီးပါက ဘေးအန္တရာယ် ကင်းပြီး အရည်အသွေးကောင်းလောင်စာ ဆီရစေမည့်နည်းစနစ်ဖြင့် ရေနံချက်လုပ်မှု ကိုအခြေခံ၍ ဆောင်ရွက်သွားမည်ဖြစ်ကာ ရေနံစိမ်းကို ပထမအဆင့်အနေဖြင့် Atmospheric Distillation Unit ဖြင့် ချက် လုပ်မည်ဖြစ်ကြောင်းသိရသည်။ ထိုသို့ချက်လုပ် သည့်အဆင့်တွင် ရေနံစိမ်းမှ အရည်အသွေး မြင့် ဓာတ်ဆီ၊ ဒီဇယ်ဆီရရှိမည်ဖြစ်ပြီး အဆိုပါ အဆင့်မှထွက်လာသည့် Atm Residue ကို စွန့်ပစ်ပလတ်စတစ်ဖြင့်ပေါင်းစပ်ပြီး Pyrolysis Reactor တွင်ချက်လုပ်ပြီး ပလတ်စတစ် လောင်စာဆီကြမ်းရရှိမည်ဖြစ်ကြောင်း ဦးသန့် ဇင်ထွန်းကရှင်းပြသည်။
"ရလာမယ့် ပလတ်စတစ်လောင်စာဆီ ကြမ်းကို Catalytic Cracking Process နည်းစနစ်နဲ့ အရည်အသွေးမြှင့်ပြီး ဓာတ်ဆီ၊ ဒီဇယ်ဆီရယ်လို့ ခွဲထုတ်မှာဖြစ်ပါတယ်။ စက်ရုံ ပြီးရင် တစ်ရက်ကို ရေနံစိမ်းကနေ လောင်စာ ဆီပီပါ ၁၀ဝ နဲ့ ပလတ်စတစ်လောင်စာဆီ ပီပါ ၃၀ ကနေ ၅၀ ကြားထုတ်လုပ်နိုင်ပါမယ်။ လက်ရှိလိုနေတဲ့ မ-တည်ရင်းနှီးငွေကို အစုရှယ် ယာရောင်းတာ၊ ဘဏ်ချေးငွေရယူတာတွေနဲ့ လုပ်ဆောင်သွားဖို့ရှိပါတယ်"ဟု ၎င်းကပြောသည်။
မတည်ရင်းနှီးငွေ
စက်ရုံတည်ဆောက်မှုကိုအဆင့်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ရာ ပထမအဆင့် အနေဖြင့် ကျပ်သိန်း ၁çဝ၀ဝ အသုံးပြုကာ ပလတ်စတစ်မှ လောင်စာဆီထုတ်လုပ်နိုင်မည့် Pyrolysis Reactor ကိုတည်ဆောက်လည် ပတ်မည်ဖြစ်ပြီး စွန့်ပစ်ပလတ်စတစ်မှ လောင် စာဆီထုတ်လုပ်နိုင်မည့် စက်ရုံမ-တည်ရင်းနှီး ငွေတန်ဖိုးကို ကျပ်သိန်း ၁၀,ဝ၀ဝ ရည်မှန်း ထားကြောင်း သိရသည်။
ဖိတ်ခေါ်
"နည်းပညာသစ်စိန်ခေါ်မှုမှာ ပါဝင်လို တဲ့အစုရှယ်ယာတွေကို ဖိတ်ခေါ်နေပါတယ်။ အစုတစ်စုကို ကျပ်သိန်း ၁၀ဝ သတ်မှတ်ထားပြီး ကိုယ်တိုင်ပါဝင်လိုသူတွေကို ဖိတ်ခေါ်နေပါ တယ်။ အကြံပြုဆွေးနွေးတာတွေကိုလည်း လိုလိုချင်ချင်လက်ခံနေပါတယ်"ဟု ဦးသန့်ဇင် ထွန်းက ရှင်းပြသည်။
ခံစားနိုင်မည်
ချင်းတွင်းဓာတုအင်ဂျင်နီယာလုပ်ငန်းမှ ဒီဇိုင်းရေးဆွဲခြင်း၊ တည်ဆောက်ခြင်းနှင့် စက် ရုံလည်ပတ်ခြင်းများကို တာဝန်ယူဆောင် ရွက်သွားမည်ဖြစ်ပြီး စက်ရုံမ-တည်တန်ဖိုး သတ်မှတ်ကာ ရှယ်ယာရှင်များက ထည့်ဝင်ငွေ တန်ဖိုးအရ အကျိုးအမြတ်ရယူခံစားရမည် ဖြစ်ကြောင်း သိရသည်။ အကျိုးအမြတ်ခွဲဝေ မှုအဖြစ် ရှယ်ယာရှင်များက ၅၅ ရာခိုင်နှုန်း နှင့် ချင်းတွင်းဓာတုအင်ဂျင်နီယာအဖွဲ့က ၄၅ ရာခိုင်နှုန်းကို ခွဲဝေခံစားနိုင်ရန်စီစဉ်ထား ကြောင်း သိရသည်။
#baganmart.com
#b2becommerceplatform
Credit - The Myanmar Times