Recent posts
- 2018-07-17 22:36:41
- 2018-07-18 08:39:33
- 2018-07-18 03:35:43
- 2018-07-18 09:23:45
- 2018-07-17 06:38:21
- Apr 02, 2017
ဟိုတယ်နှင့်ခရီးသွား လာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် Digital Marketing စနစ်ကို အကောင်အထည်ဖော်ရန် စီစဉ်နေ

မန်မာနိုင်ငံသည် ဟိုတယ်နှင့်ခရီးသွား လာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အထူးသဖြင့် ဟောင်ကောင်၊ မက္ကာအိုတို့မှ ခရီးသည်များကို စွဲဆောင်ရန်အတွက် ခရီး သွားဈေးကွက် မြှင့်တင်ခြင်းလုပ်များကို တိုးမြှင့်ရန်အတွက် ဒီဂျစ်တယ်မာကက်တင်း စနစ်ကို အကောင်အထည်ဖော်ရန် စီစဉ်နေ သည်။
ထိုအကြောင်းကို ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီး ဦးအုန်းမောင်နှင့် Hong Kong Macao Myanmar Chamber of Commerce and Industry (HKMM CCI) ဥက္ကဋ္ဌDr. Lin Khin Wan တို့နေပြည်တော်တွင် ဆွေးနွေးခဲ့ကြခြင်းဖြစ် သည်။
ဝန်ကြီးဌာနအတွင်း သတင်းအချက်အ လက်နှင့် ဆက်သွယ်ရေးကျွမ်းကျင်သူများ တိုးတက်စေရေး သင်တန်းများပေးခြင်း၊ ခရီး သွားဝက်ဆိုဒ်အတွက် လိုအပ်သော အကြံ များ၊ နည်းပညာအထောက်အပံ့များ ပေးရေး၊မြန်မာနိုင်ငံသို့ လေ့လာရေးခရီးစဉ်များ စီစဉ် ခြင်းတို့ ကို ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် ဝန်ကြီးဌာန၏ စာ ရွက်စာတမ်း ကိစ္စများကို လျှော့ချရန်အတွက် သင့်လျော်သော ဒီဂျစ်တယ်နည်းပညာကို အသုံးပြုသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဟောင်ကောင်နှင့် မကာ အိုတို့ကို ဆိုက်ရောက်ဗီဇာပေးထားသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလအထိ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်ပေါင်း ၂ ဒသမ၈၄ သန်းဝင်ရောက်ခဲ့ကြောင်း ဟို တယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရ သည်။
Credit - Myanmar Business Today
#BaganMart.com
Related Posts
မြန်မာ့ ပိုးထည် နှင့် ချည်ထည် ကဏ္ဍတွင် ကန်ဒေါ်လာ ၁.၄ သန်းခန့် ရင်းနှီးမြှုပ်နှံသွားမည်
- 2019-02-19 04:02:23
- 0
Mytelpay ကို ယခုနှစ် ပထမလေးလပတ်တွင် မိတ်ဆက်နိုင်ရန် လုပ်ဆောင်လျက်ရှိ
- 2019-02-18 03:23:27
- 0
အခွန်ကင်းလွတ်ခွင့်ရုတ်သိမ်းလိုက်ခြင်းက မြန်မာ့ဆန်တင်ပို့မှုဈေးကွက်ကို များစွာထိခိုက်နိုင်မည်မဟုတ်
- 2019-02-05 03:59:29
- 0
စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်ဖို့ သင့်ခန္ဓာကိုယ်မှာရှိနေရမည့်အချက်များ
- 2019-01-28 05:14:01
- 0
နိုင်ငံတကာ ကျောက်မျက်ရတနာပြပွဲကို မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့တော် မန္တလေးမြို့တွင် ပြုလုပ်သွားမည်
- 2019-01-25 08:36:46
- 0
အစိုးရက အလေးပေးလာတဲ့ ပြည်တွင်း မော်တော်ယာဉ် ထုတ်လုပ်တပ်ဆင်မှု
- 2019-01-21 03:26:44
- 0