ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တည်နေရာ  :

Sector    :

Buyer     :0

Type    :
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်
၁။ အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီဌာနမှ အောက်ဖော်ပြပါ လုပ်ငန်းများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆောက်ရွက်မည်ဖြစ်ပါ၍ မြန်မာကျပ်ငွေဖြင့် လုပ်ကိုင်လိုသော မြန်မာနိုင်ငံသားလုပ်ငန်းရှင် မည်သူမဆို ဝင်ရောက်အဆိုပြု တင်ပြနိုင်ပါသည်။

(က) အကြောင်းအရာ - လူပျို/အပျိုဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း ပေ ၅၀×ပေ ၃၀ RC (၃)ထပ် (ရေ/မီမပါ)
တည်နေရာ - မရမ်းကုန်မြို့နယ်၊ သဇင်ရုံးလမ်း၊ နာဂလိုဏ်ဂူဝင်း၊ ရန်ကုန်တိုင်းဒေသကြီး၊
(ခ) အကြောင်းအရာ - အဝီစိရေတွင်းတူးဖော်ခြင်းလုပ်ငန်း
တည်နေရာ - အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
(ဂ) အကြောင်းအရာ - မိုးကြိုးလွဲတပ်ဆင်ခြင်းလုပ်ငန်း
တည်နေရာ - အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၂၁-၄-၂၀၁၆ ရက်မှ ၆-၅-၂၀၁၆ ရက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြိုနယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင်း အမှတ်စဉ်(က) အတွက် တင်ဒါပုံစံတစ်စောင်လျှင် ၅၀၀၀ိ/-နှုန်းဖြင့်လည်းကောင်း၊ အမှတ်စဉ်(ခ)နှင့်(ဂ)အတွက် တင်ဒါပုံစံတစ်စောင်လျှင် ၂၀၀၀ိ/-နှုန်းဖြင့်လည်းကောင်း သတ်မှတ်ရုံးချိန်အတွင်း လာရောက်ဝယ်ယူနိုင်ပါသည်။

၃။ ကြီးကြပ်မှုကော်မတီအနေဖြင့် လုပ်ငန်းဆောင်ရွက်မည့်ပုံစံနှင့် ပက်သက်၍ တင်ဒါပုံစံလာရောက်ဝယ်ယူချိန်တွင် ရှင်းလင်းဖြေကြားပေးမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် သတ်မှတ်တင်ဒါအာမခံကြေးကို ဤဦးစီးဌာန၊ စီမံရေး၊ လေ့ကျင့်ရေးနှင့် ငွေစာရင်းဌာနခွဲတွင် ကျသင့်ငွေပေးသွင်းပြီး ငွေသွင်းပြေစာမတ္တူကို သတ်မှတ်အိတ်ဖွင့်တင်ဒါပုံနှင့်အတူ ပူးတွဲ၍ တင်သွင်းရမည်။
၎။ တင်ဒါတင်သွင်းရမည့်နေရာ/နေ့ရက် - ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုးစီဌာန၊ အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။ ၁၁-၅-၂၀၁၆ ရက်၊ နံနက် ၁၀း၀၀ နာရီအတွင်း တင်ဒါအဖွဲ့ဝင်များ ရှေ့မှောက်၌ လာရောင်တင်သွင်းရမည်။

၅။ တင်ဒါဖွင့်မည့်ရက်/အချိန် - ၁၂-၅-၂၀၁၆ ရက်၊ နံနက် ၁၀း၀၀ နာရီ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီဌာန၊ အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။

၆။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက တယ်လီဖုန်း အမှတ် ၀၁-၆၅၈၁၂၀၊ ၆၅၈၁၂၅ များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ကြီးကြပ်မှုကော်မတီ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန
 
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Opening Date     : 21-Apr-2016 | Thu

Closing Date       : 11-May-2016 | Wed

Expire In        : Coming 1 day
 
ဆက်သွယ်ရန်
0