UNDP ၏ အထောက်အပံ့ဖြင့် စံကိုက်ကျေးလက်ကျန်းမာရေးဌာနခွဲများ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တည်နေရာ :
Sector :
Buyer : 0
Type :
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်

UNDP ၏ အထောက်အပံ့ဖြင့် စံကိုက်ကျေးလက်ကျန်းမာရေးဌာနခွဲများ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


ရန်ကုန်၊ စက်တင်ဘာ ၁


ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၏ ပြည်သူလူထု ပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းမှ သံတွဲမြို့နယ်၊ လှေကြီးချိုင်ကျေးရွာနှင့် ခမောင်းတုန်းကျေးရွာများတွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၏ အထောက်အပံ့ဖြင့် စံကိုက်ကျေးလက် ကျန်းမာရေး ဌာနခွဲများ တည်ဆောက်ခြင်း လုပ်ငန်းကို တင်ဒါစနစ်ဖြင့် လုပ်ငန်းအပ်နှံဆောင်ရွက်သွားရန် အိတ်ဖွင့်တင်ဒါခေါ်ယူထားသည်။


အိတ်ဖွင့်တင်ဒါများကို (၁.၉.၂၀၁၈) ရက်မှ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံး၊ ပြည်သူ့ဆေးရုံ၊ သံတွဲမြို့တွင် စတင်ကာ ရောင်းချပေးသွားမည်ဖြစ်သည်။


တင်ဒါလျှောက်လွှာများကို မြို့နယ်တင်ဒါလက်ခံရေးနှင့် စိစစ်ရေး ကော်မတီ (TRAC) မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ သံတွဲမြို့၊ ရခိုင်ပြည်နယ်သို့ (၁.၁၀.၂၀၁၈) ရက် နံနက် ၁၀ နာရီ နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။


အသေးစိတ်သိရှိလိုပါက သံတွဲမြို့နယ် တင်ဒါခေါ်ယူရေးကော်မတီ (ဖုန်း - ၄၄၀၂၂၅၈၂၁ ၊ ၀၉ - ၄၄၈၀၃၄၁၀၄ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Opening Date 01-Sep-2018 | Sat
Closing Date 01-Oct-2018 | Mon
Expire In Coming 1 day
ဆက်သွယ်ရန်
0
Scroll