စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြေကွက် ၁ ဒသမ ၉၄ ဧကပေါ်တွင် ဈေးအဆောက်အအုံများ ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တည်နေရာ :
Sector :
Buyer : 0
Type :
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြေကွက် ၁ ဒသမ ၉၄ ဧကပေါ်တွင် ဈေးအဆောက်အအုံများ ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


ရန်ကုန်၊ စက်တင်ဘာလ ၆


စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပုလဲမြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ပိုင်ဈေး အလျား (၅၂၀’)၊ အကျယ် (၁၆၇’) မြေကွက် ၁ ဒသမ ၉၄ ဧကပေါ်တွင် ဈေးအဆောက်အအုံများ ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်ထားသည်။


အဆိုပါဈေးအတွင်း (က)ဈေးဆိုင်ခန်း (သံထည်) ၁၀’ x ၁၀’ x ၁၂’ ဆိုင်ခန်း (၈၀)ခန်း၊ (ခ)ပျံကျရုံ (သံထည်) ၆၅’ x ၂၅’ x ၁၀’ (၁)ရုံ၊ (ဂ)သားငါးရောင်းဆိုင်ခန်း (သံထည်) ၈’ x ၈’ x ၁၀’ ဆိုင်ခန်း (၁၀)ခန်း၊ (ဃ)ဈေးအ တွင်း ကွန်ကရစ်ခင်းခြင်း (ကွန်ကရစ်) ၆၉၀’ x ၁၄’ x ၆’ ၊ ၇၅၀’ x ၉’ x ၆’ ၊ (င) စက်ရေတွင်း တူးခြင်း (တွင်း နက်) ၄” ၁၀၀၀’ ၊ (စ) ဈေးဝင်းခြံတံခါးပြုလုပ်ခြင်းနှင့် အများသုံးအိမ်သာဆောက်လုပ်ခြင်း လုပ်ငန်းပါဝင်မည် ဖြစ်သည်။


အိတ်ဖွင့်တင်ဒါလျှောက်လွှာကို (၇.၉.၂၀၁၈) ရက်မှ (၆.၉.၂၀၁၈) ရက်အထိ ရယူနိုင်ပြီး တင်ဒါကို (၆.၁၀.၂၀၁၈) ညနေ ၄ နာရီတွင် တင်သွင်းရမည်ဖြစ်သည်။


အသေးစိတ်သိရှိလိုပါက စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ မုံရွာမြို့၊ ဖုန်း ၀၇၁-၂၃၁၅၂ ၊ ၀၇၂-၂၂၂၄၈၊ ၀၇၁-၂၂၈၈၆ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Opening Date 06-Sep-2018 | Thu
Closing Date 06-Oct-2018 | Sat
Expire In Coming 1 day
ဆက်သွယ်ရန်
0
Scroll