Hotel Project, Service Apartment Project များအတွက် ကုမ္ပဏီအဖွဲ့အစည်းများထံမှ လုပ်ငန်းအဆိုပြုလွှာခေါ်ယူခြင်း

တည်နေရာ :
Sector :
Buyer : 0
Type :
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်
လုပ်ငန်းအဆိုပြုလွှာခေါ်ယူခြင်း
Thilawa Propery Development Limited (TPD)၏ သန်လျင်/ ကျောက်တန်းမြို့နယ်အတွင်းရှိ သီလဝါအထူးစီးပွားရေးဇုန် လူနေအိမ်ရာနှင့် ကုန်သွယ်မှုဆိုင်ရာဧရိယာ (Residential & ommercial Area)အတွက် အကောင်အထည်ဖော်ဆောင်မည့် အောက်ဖော်ပြပါလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ရန် စိတ်ပါဝင်စားသော မြန်မာနိုင်ငံသားလုပ်ငန်းရှင်များ၊နိုင်ငံခြားသားလုပ်ငန်းရှင်များနှင့် ဖက်စပ်လုပ်ငန်းရှင်များထံမှ လုပ်ငန်းအဆိုပြုလွှာ (Request for Proposal ) ခေါ်ယူလိုပါသည်။
၁။ Hotel Project
၂။Service Apartment Project
အထက်ဖော်ပြပါလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံခြင်း၊ဒီဇိုင်းရေးဆွဲခြင်း၊ဖွံဖြိုးတည်ဆောက်မှု နှင့် လုပ်ငန်းလည်ပတ်ခြင်းများပြုလုပ်နိုင်ရန် အလားတူလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ နှင့် အပြည်ပြည်ဆိုင်ရာတို့၌ လုပ်ငန်းအတွေ့အကြုံရှိသော ငွေရေးကြေးရေးခိုင်မာသော နာမည်ကောင်း ဂုဏ်သတင်းနှင့် ပြည့်စုံသော ကုမ္ပဏီအဖွဲ့အစည်းများထံမှ လုပ်ငန်းအဆိုပြုလွှာ (Request for Proposal ) ခေါ်ယူလိုပါသည်။

(က) အဆိုပြုလွှာတင်သွင်းရာတွင် လုပ်ငန်းအာမခံစပေါ်ငွေ USS 100,000 အားပေးသွင်းရပါမည်။
လုပ်ငန်းအဆိုပြုလွှာအောင်မြင်ခြင်းမရှိပါက ပြန်လည်ထုတ်ပေးပါမည်။

(ခ)လုပ်ငန်းအဆိုပြုလွှာပုံစံဝယ်ယူချိန်တွင် လုပ်ငန်းအဆိုပြုလွှာ စည်းကမ်းနှင့် အတူ Project Location Map, Project Layout Map နှင့် Project Scope တို့ကို TPD မှ ပူးတွဲပေးအပ်ပါမည်။

(ဂ)လုပ်ငန်းအဆိုပြုလွှာရောင်းချမည့်ရက်မှာ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၉ရက် ဖြစ်ပြီး အဆိုပြုလွှာ ပိတ်မည့်ရက်မှာ ၂၀၁၆ခုနှစ် နိုဝင်ဘာလ ၁၅ ရက် ဖြစ်ပါသည်။

(ဃ)လုပ်ငန်းအဆိုပြုလွှာပုံစံတစ်စောင်လျှင် ကျပ်(၁၀၀၀၀၀/-)ဖြင့် အောက်ပါလိပ်စာအတိုင်း ရုံးချိန်အတွင်း လာရောက်စုံစမ်းဝယ်ယူနိုင်ပါသည်။

အမှတ်(၂၉)၊Roof Top Floor ပြည်ထောင်စုသမ္မတနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချူပ် မင်းရဲကျော်စွာလမ်း၊လမ်းမတော်မြို့နယ်၊ရန်ကုန်မြို့
ဖုန်း(+၉၅၁)၂၃၀၁၇၇၂၊၂၃၀၁၇၇၃၊၂၃၀၁၈၅၃
[email protected]
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Opening Date 29-Sep-2016 | Thu
Closing Date 15-Nov-2016 | Tue
Expire In Coming 1 day
ဆက်သွယ်ရန်
0
Scroll