ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တည်နေရာ :
Sector :
Buyer : 0
Type :
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်
နေပြည်တော်ကောင်စီ ပြည်သူ့ကျန်းမာရေးဦးစီးဌာန
တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ (၂၀၁၆-၂၀၁၇)ဘဏ္ဍာရေးနှစ်တွင် အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများအား ဆောင်ရွက်မည်ဖြစ်ပါ၍ မြန်မာနိုင်ငံသားလုပ်ငန်းရှင်ကုမ္ပဏီများသည် သတ်မှတ်ချက်နှင့်အညီ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
(က) တည်ဆောက်ရေးလုပ်ငန်းများ
- ကျေးလက်ကျန်းမာရေးဌာနခွဲ စံကိုက်အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်း
- ဆေးပေးခန်းနှင့် နှစ်ခန်းတွဲဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်း
- အဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများတွင် မျက်နှာကြက်များအား ပန်ကာတပ်ဆင်ခြင်း
- အလံတိုင်စိုက်ရန်အုတ်ခုံနှင့် လျှောက်လမ်းများကို ကွန်ကရစ်ခင်းခြင်း
- အိမ်သာမိလ္လာကန်ပြုလုပ်ခြင်း
- မွေးခန်းနှင့် မွေးလူနာစောင့်နားနေခန်းများတွင် ကြွေပြား(နံရံ၊ အခင်း) ကပ်ခြင်း
- ရေစင်နှင့် မီးစက်အိမ်ပြုလုပ်ခြင်း
- ခြံစည်းရိုးပြုလုပ်ခြင်း နှင့် ဆိုင်းဘုတ်ပြုလုပ်ခြင်း
- မွေးလူနာခန်းတွင် Drainပြုလုပ်ခြင်း
(ခ) မြေညှိခြင်း

၂။ (က) အိတ်ဖွင့်တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက် - ၂၁-၉-၂၀၁၆ရက်
(ခ) အိတ်ဖွင့်တင်ဒါလျှောက်လွှာနောက်ဆုံးတင်သွင်းရမည့်ရက် -၂၀-၁၀-၂၀၁၆ရက် (ကြာသပတေးနေ့)
(ဂ) အိတ်ဖွင့်တင်ဒါလျှောက်လွှာပြန်လည်တင်သွင်းရမည့်နေရာ - နေပြည်တော်ကောင်စီ ပြည့်သူ့ကျန်းမာရေးဦးစီးဌာန ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်
(ဃ) အိတ်ဖွင့်တင်ဒါဖွင့်မည့်ရက် -၂၁-၁၀-၂၀၁၆ရက်(သောကြာနေ့)

၃။ အသေးစိတ်အချက်အလက်များသိရှိလိုပါက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည့်သူ့ ကျန်းမာရေးဦးစီးဌာနတွင် လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနံပါတ် -၀၆၇-၅၅၀၂၉၄၊ ၀၆၇-၅၅၀၁၈၄ တို့သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Opening Date 21-Sep-2016 | Wed
Closing Date 10-Oct-2016 | Mon
Expire In Coming 1 day
ဆက်သွယ်ရန်
0
Scroll