ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့ တင်ဒါခေါ်ယူခြင်း

တည်နေရာ :
Sector :
Buyer : 0
Type :
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့
တင်ဒါခေါ်ယူခြင်း

၁။ ရန်ကုန်တိုင်းဒေသကြီးအစိုးရတင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့သည် အောက်ဖော်ပြပါလုပ်ငန်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် တင်ဒါတင်သွင်းလိုသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတိုင်းရင်းသားများပိုင် ပြည်တွင်းကုမ္ပဏီများအား တင်ဒါများတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-
စဉ် တင်ဒါအမှတ် လုပ်ငန်းအကြောင်းအရာ
(က) DERB/၀၁/ ၂၀၁၆-၂၀၁၇ တောင်ဥက္ကလာပမြို့နယ် ၊ သစ္စာလမ်းနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ငါးမာန်အောင်ဘုရားလမ်းတို့ ဆက်သွယ်သည့်နှစ်လမ်းသွား ငမိုးရိပ်ချောင်းကူး တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း
(ခ) DERB/၀၂/ ၂၀၁၆-၂၀၁၇ သင်္ဃန်းကျွန်းမြို့နယ် ၊ လေးထောင့်ကန်လမ်း(စံပြဈေးအနီး) လူကူးခုံးကျော် တံတားတစ်စင်းတည်ဆောက်ခြင်းလုပ်ငန်း

၂။ တင်ဒါများကို နည်းပညာပိုင်းဆိုင်ရာ အဆိုပြုလွှာနှင့် ငွေကြေးဆိုင်ရာ အဆိုပြုလွှာဟူ၍ သီးခြားစာအိတ်များဖြင့် တင်ဒါတင်သွင်းသူများလိုက်နာရန် ညွှန်ကြားချက်များ (Instructions to Tenderers) နှင့်အညီ တင်သွင်းရန် ဖြစ်ပါသည်။

၃။ တင်ဒါစာရွက်စာတမ်းများ အပြည့်အစုံကို ၂၀-၁၂-၂၀၁၆ ရက်မှစ၍ ၃၀- ၁၂ - ၂၀၁၆ရက် အထိ ကျောက်တံတားမြို့နယ် ၊ ဆူးလေဘုရားလမ်း ၊ မြို့တော်ခန်းမ ၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဒုတိယထပ် ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)တွင် ၀ယ်ယူနိုင်ပါသည်။

၎။ ၂၆-၁-၂၀၁၇ ရက် ရုံးချိန်အတွင်း တင်ဒါစာရွက်စာတမ်း အပြည့်အစုံကို အထက်ဖော်ပြပါဌာနသို့ တင်းသွင်းရပါမည်။ နောက်ကျတင်သွင်းသော တင်ဒါများကို လက်ခံစဉ်းစားမည် မဟုတ်ပါ။

၅။ တင်ဒါခေါ်ယူခြင်းနှင့်စမ်လျဉ်း၍ သိရှိလိုသောအချက်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) တယ်လီဖုန်းအမှတ် ၀၉-၇၃၀၈၃၉၈၆ (ရုံးဖုန်း) သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့
ရန်ကုန်တိုင်းဒေသကြီး
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Opening Date 20-Dec-2016 | Tue
Closing Date 26-Jan-2017 | Thu
Expire In Coming 1 day
ဆက်သွယ်ရန်
0
Scroll