တည်ဆောက်ရေးပစ္စည်းများအား သတ်မှတ်စံချိန်စံညွှန်းများအတိုင်း မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်

တည်နေရာ :
Sector :
Buyer : 0
Type :
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၅) နှင့် နေပြည်တော်ထိန်းသိမ်းရေး နေပြည်တော်ကောင်စီနယ်မြေမှ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း တာဝန်ယူဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများ၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်း လုပ်ငန်းများအတွက် လိုအပ်သော တည်ဆောက်ရေးပစ္စည်းများအား သတ်မှတ်စံချိန်စံညွှန်းများအတိုင်း မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ တင်ဒါနှင့်ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက ညွှန်ကြားရေးမှူးရုံး၊ တည်ဆောက်ရေး(၅)၊ ငွေစာရင်းဌာနစိတ်နှင့် ဖုန်း -၀၉-၂၅၀၀၆၄၉၀၉၊ ၀၉-၇၉၉၂၂၀၃၆၇ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။တင်ဒါလျှောက်လွှာတစ်စောင်လျှင် ပစ္စည်းတန်ဖိုးပေါ်မူတည်၍ သတ်မှတ်နှုန်းဖြင့် ညွှန်ကြားရေးမှူးရုံး၊ တည်ဆောက်ရေး(၅)၊ ငွေစာရင်းဌာနစိတ်၊ ဘဲကုန်း ဆည်မြောင်းဝင်း၊ ပျဉ်းမနားမြို့တွင် ဝယ်ယူနိုင်ပါသည်။
၃။ (က) တင်ဒါအဆိုပြုလွှာစတင်ရောင်းချမည့်ရက်/ အချိန် (Profile အထောက်အထားများတင်ပြရမည်) - ၁ - ၉ -၂၀၁၆ ရက် (ရုံးချိန်အတွင်း)
(ခ) လျှောက်လွှာအရောင်းပိတ်မည့်ရက် - ၃၀-၉-၂၀၁၆ ရက် ညနေ ၄း၃၀နာရီ
(ဂ) တင်ဒါဖွင့်မည့်ရက်/အချိန် - ၆-၁၀-၂၀၁၆ ရက် နံနက် ၁၀း၀၀နာရီ
(ဃ) တင်ဒါဖွင့်ဖောက်စိစစ်မည့်နေရာ - ညွှန်ကြားရေးမှူးရုံးဝင်း(ဓမ္မာရုံ) ဘဲကုန်းဝင်း၊ တည်ဆောက်ရေး(၅) ၊ ပျဉ်းမနားမြို့
တင်ဒါခေါ်ယူရေးလုပ်ငန်းကော်မတီ
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Opening Date 01-Sep-2016 | Thu
Closing Date 30-Sep-2016 | Fri
Expire In Coming 1 day
ဆက်သွယ်ရန်
0
Scroll