သီလဝါ အထူးစီးပွားရေးဇုန် နှင့် ကျန်စစ်မင်းအိမ်ရာစီမံကိန်း အပိုင်း(၂)တို့တွင် တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများဆောင်လုပ်ရန် တင်ဒါခေါ်ယူ

တည်နေရာ  :

Sector    :

Buyer     :0

Type    :
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်
ဆောက်လုပ်ရေးဝန်ကြီးဌာန
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
အဆိုပြုတင်ဒါခေါ်ယူခြင်း
၁။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ သန်လျင် - ကျောက်တန်းမြို့နယ်များရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော အောက်ဖော်ပြပါနေရာများတွင် တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
(က) လှိုင်သာယာမြို့နယ်၊ ကျန်စစ်မင်းအိမ်ရာစီမံကိန်း အပိုင်း(၂)ရှိ မြေဧရိယာ၂၃ဧကခန့်တွင်တန်ဖိုးသင့်အိမ်ရာအဆောက်အအုံများဆောက်လုပ်ခြင်း
(ခ) သန်လျင် - ကျောက်တန်းမြို့နယ်၊ သီလဝါ အထူးစီးပွားရေးဇုန် အထောက်အကူပြု လူနေမြေကွက် (၅၈၈)ကွက်ရှိ မြေဧရိယာ ၃၁ဧက ပေါ်တွင် တန်ဖိုးနည်းအိမ်ရာ အဆောက်အအုံများ ဆောက်လုပ်ခြင်း
၂။ အဆိုပါလုပ်ငန်းများအတွက် နိုင်ငံသားဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းဆိုင်ရာ အဆိုပြုလွှာများကို ၃၀-၉-၂၀၁၆ ရက် နောက်ဆုံးထား၍ ပေးပို့သွားရန် အဆိုပြုတင်ဒါ ခေါ်ယူအပ်သည်။
၃။ တင်ဒါစည်းကမ်းချက်များ၊ စီမံကိန်းတည်နေရာပြမြေပုံနှင့် အဆောက်အအုံဒီဇိုင်းများ၊ အဆိုပြုလွှာပါဝင်ရမည့် အချက်အလက်များကို ရုံးအမှတ်(၄၀)၊ အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ၊ မြိြု့ပနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် ၁-၉-၂၀၁၆ရက်စတင်ဝယ်ယူနိုင်ပြီး တင်ဒါစည်းကမ်းချက်များနှင့်အညီ အိတ်ဖွင့်တင်ဒါအဆိုပြုလွှာတင်သွင်းကြရမည်ဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း -၀၆၇-၄၀၇၅၂၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါသည်။
တင်ဒါရွေးချယ်ရေးဦးစီးကော်မတီ
 
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Opening Date     : 01-Sep-2016 | Thu

Closing Date       : 30-Sep-2016 | Fri

Expire In        : Coming 1 day
 
ဆက်သွယ်ရန်
0