ထုံးဘိုဝက်မွေးမြူရေးခြံအားငှားရမ်း၍ ၀က်မွေးမြူ ထုတ်လုပ်မှုလုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်လိုသူ လုပ်ငန်းရှင်/ကုမ္ပဏီများမှ အဆိုပြုလွှာများ တင်ဒါခေါ်ယူခြင်း

တည်နေရာ :
Sector :
Buyer : 0
Type :
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်
တင်ဒါခေါ်ယူခြင်း

၁။စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနလက်အောက်ရှိ ထုံးဘိုဝက်မွေးမြူရေးခြံအားငှားရမ်း၍၀က်မွေးမြူထုတ်လုပ်မှုလုပ်ငန်းများအားလုပ်ကိုင်ဆောင်ရွက်လိုသူ လုပ်ငန်းရှင်/ကုမ္ပဏီများမှ အဆိုပြုလွှာများ တင်သွင်းနိုင်ပါရန် ကြေညာအပ်ပါသည်။

၂။တင်ဒါတင်သွင်းလိုသူများအနေဖြင့်မိမိတို့လုပ်ကိုင်ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်အသေးစိတ်(Proposal)အားသီးသန့်စာအိတ်တစ်အိတ်ဖြင့်ထည့်သွင်း၍လည်းကောင်း၊ ပေးသွင်းနိုင်မည့်ငှားရမ်းခနှုန်းထားများအား သီးသန့်စာအိတ်တစ်အိတ်ဖြင့်လည်းကောင်းထည့်သွင်းဖော်ပြလျက်အဆိုပြုလွှာများအား ၅-၁-၂၀၁၇ရက် နောက်ဆုံးထား၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မွေးမြူရေးဌာနသို့ ပေးပို့တင်ပြရမည် ဖြစ်ပါသည်။

၃။တင်ဒါရွေးချယ်ခြင်းခံရသူများသည်တင်ဒါစည်းကမ်းချက်ပါသတ်မှတ်ချက်များအတိုင်းလုပ်ငန်းများအား ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

၎။ တင်ဒါစည်းကမ်းချက်များအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊ မွေးမြူရေးဌာန ၊ ရုံးအမှတ်(၃၆) ၊ နေပြည်တော်တွင် ရယူနိုင်ပြီး Website www.lbvd.gov.mmတွင်လည်း ကြည့်ရှု့နိုင်ပါသည်။

၅။ အသေးစိတ်အချက်အလက်များအား သိရှိလိုပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊ ဖုန်းနံပါတ် - ၀၆၇ - ၄၀၈၄၈၀ ၊ ၀၆၇ - ၄၁၈၄၅၇ တို့သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Opening Date 14-Dec-2016 | Wed
Closing Date 05-Jan-2017 | Thu
Expire In Coming 1 day
ဆက်သွယ်ရန်
0
Scroll