BaganMart

စစ်ကိုင်တိုင်း အားကစားကွင်း၊ ပွဲကြည့်စင် နှင့် ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်း အိတ်ဖွင့်တင်ဒါ

တည်နေရာ  : စစ်ကိုင်းတိုင်းဒေသကြီး

Type    :အစိုးရတင်ဒါ
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် အောက်ဖော်ပြပါလုပ်ငန်းများအား အိတ်ဖွင့်တင်ဒါခေါ်ယူမည်ဖြစ်သည်။
၁။ အားကစားနှင့်ကာယသိပ္ပံ (မုံရွာ)တွင် ဆောင်ရွက်မည့်လုပ်ငန်းများ
(၁၀၂×၂၅)ပေ အာစီ(၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ(၂)လုံး၊ (၁၂၀×၆၀)ပေ အားကစား(၁)ရုံ၊ (၂၄၀×၆၀)ပေဘတ်စကက်ဘောနှင့်ဘော်လီဘောအားကစားရုံ(၁)ရုံ၊ (၆၀×၃၀)ပေလူပျိုဆောင်(၁)လုံး၊ (၆၀×၃၀)ပေအပျိုဆောင်(၁)လုံး၊ ကား(၆)စီးဆံ့မော်တော်ယာဉ်ဂိုဒေါင်(၁)လုံး၊ လေ့ကျင့်ရေးဘောလုံးကွင်း(၁)ကွင်း၊ အားကစားရုံ(၃)ရုံအား နှစ်ထပ်လျှာထိုး ကြမ်းခင်း၊ လမ်း၊ ရေမြောင်းဆောင်ရွက်ခြင်း၊ ခြံစည်းရိုးအား အောက်ခံအုတ်ခုံ(၁)ပေအမြင့်ပြုလုပ်ခြင်း။
၂။ မီတာ(၄၀၀)ပြေးလမ်း Synthetic ခင်းခြင်းလုပ်ငန်း (မုံရွာတိုင်းအားကစားကွင်း)
၃။ဂါလန်(၁၀၀၀၀)ဆံ့ ရေကန်၊ ဂါလန်(၁၆၀၀)ဆံ့ ရေစင်၊ ဘောလုံးကွင်း မြေညှိခြင်း၊ မြက်စိုက်ခြင်း၊ နှုန်းဖွဲပြာပြည့်ခြင်း၊ Apron and Drain ပြုလုပ်ခြင်း၊ (၁၀)မီတာ သေနတ်ပစ်ရုံ တည်ဆောက်ခြင်း (စစ်ကိုင်း)
၎။ (၃၈ပေ × ၃၇ပေ၆လက်မ) (၃)ခန်းတွဲ ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်း (ဘုတလင်၊ တမူး၊ ကသာ၊ စစ်ကိုင်း၊ ရေဦး၊ မော်လိုက်၊ မြင်းမူ၊ တန့်ဆည်၊ ချောင်းဦး၊ ဆားလင်းကြီး၊ ဗန်းမောက်၊ ကလေးဝ၊ ခန္တီး၊ မြောင်၊ ဒီပဲယင်း၊ အရာတော်၊ ကနိ၊ ပုလဲ၊ ထီးချိုင့်၊ ကောလင်း၊ ပင်လည်ဘူး)
၅။မီတာ(၄၀၀)အားကစားအတွင်း Inner Fencing ကာရံခြင်း(မင်းကင်း၊ ပုလဲ၊ မြောင်၊ ဘုတလင်၊ ကလေးဝ၊ ဆားလင်းကြီး၊ ခင်ဦး၊ အရာတော်၊ ကနိ၊ တန့်ဆည်၊ ပင်လည်ဘူး၊ ရေဦး)
၆။(၁၂၀×၉၀)ပေ အားကစားရုံတည်ဆောက်ခြင်း (ယင်းမာပင်၊ မော်လိုက်)
၇။(၁၂၀×၆၀)ပေ ကာယဗလရုံနှင့် (၁၀၀×၆၀)ပေ အလေးမရုံတည်ဆောက်ခြင်း(ကန့်ဘလူ)
၈။( ၁၀၀×၂၈)ပေ ပွဲကြည့်စင် တည်ဆောက်ခြင်း(မင်းကင်း)
တင်ဒါလျှောက်လွှာဝယ်ယူရန် - ၂၇-၆-၂၀၁၆ရက်မှ ၂၂-၇-၂၀၁၆ရက်အထိ
တင်ဒါလျှောက်လွှာတင်သွင်းရက် -၂၉-၇-၂၀၁၆ရက်
နေရာ၊ အချိန် -တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ရုံးချိန်အတွင်း
ဆက်သွယ်စုံစမ်းရန်ဖုန်း - 071-22913၊ 071-26285
 
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Closing Date       : 29-Jul-2016 | Fri

 
ဆက်သွယ်ရန်

Address :