စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)

တည်နေရာ  :

Sector    :

Buyer     :0

Type    :
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်
၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်အတွင်း ဂျပန်ချေးငွေ(ODA Loan)ဖြင့် ဆောင်ရွက်မည့် အောက်ဖော်ပြပါ မြို့(၈)မြို့ ရေရရှိရေးလုပ်ငန်းအတွက် လိုအပ်သော အောက်ဖော်ပြပါလုပ်ငန်းများအား တင်ဒါစနစ်ဖြင့် လုပ်ငန်းအပ်လိုပါသဖြင့် ဈေးနှုန်းအဆိုပြုလွှာ တင်သွင်းနိုင်ပါသည်-

(က) ဖျာပုံမြို့ ရေရရှိရေးလုပ်ငန်း - Lot(2) Pump procurement and installation work
(ခ) ဖျာပုံမြို့ရေရရှိရေးလုပ်ငန်း - Lot(3) Power Supply Work
(ဂ) မြစ်ကြီးနား၊ မုံရွာ၊ မကွေး၊ စစ်တွေ၊ ဘားအံ၊ ထားဝယ်၊ မြိတ်မြို့ ရေရရှိရေးလုပ်ငန်း - Lot(5) Civil Construction Work

၂။ ဖျာပုံမြို့ ရေရရှိရေးလုပ်ငန်း Lot(2) နှင့် Lot(3)၏ နည်းပညာစံချိန်စံညွှန်းအဆိုပြုလွှာ (Technical Proposal)နှင့် ဈေးနှုန်းအဆိုပြုလွှာ (Financial Proposal) များကို ၁၈-၅-၂၀၁၆ ရက် နံနက် ၉း၀၀ နာရီ နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်ပြီး တင်ဒါဖွင့်ပွဲအား ၁၈-၅-၂၀၁၆ ရက် နံနက် ၁၀း၀၀ နာရီ တိတိတွင် ဆောင်ရွက်မည်ဖြစ်ပါသည်။

၃။ မြစ်ကြီးနား၊ မုံရွာ၊ မကွေးနှင့် စစ်တွေမြို့ ရေရရှိရေးလုပ်ငန်း (Lot-5) Civil Construction Work များ၏ နည်းပညာစံချိန်စံညွှန်းအဆိုပြုလွှာ (Technical Proposal)နှင့် ဈေးနှုန်းအဆိုပြုလွှာ (Financial Proposal) များကို ၁၉-၅-၂၀၁၆ ရက် နံနက် ၉း၃၀ နာရီ နောက်ဆုံးထား၍ တင်သွင်းရမည် ဖြစ်ပြီး တင်ဒါဖွင့်ပွဲအား ၁၉-၅-၂၀၁၆ ရက် နံနက် ၁၀း၀၀ တိတိတွင် ဆောင်ရွက်မည်ဖြစ်ပါသည်။

၎။ ဘားအံ၊ ထားဝယ်နှင့် မြိတ်မြို့ရေရရှိရေးလုပ်ငန်း(Lot-5) Civil Construction Work များ၏ နည်းပညာ စံချိန်စံညွန်းအဆိုပြုလွှာ (Technical Proposal)နှင့် ဈေးနှုန်းအဆိုပြုလွှာ(Financial Proposal)များကို ၂၀-၅-၂၀၁၆ ရက် နံနက် ၉း၃၀ နာရီ နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်ပြီး တင်ဒါဖွင့်ပွဲအား ၂၀-၅-၂၀၁၆ ရက် နံနက် ၁၀း၀၀ နာရီတိတိတွင် ဆောင်ရွက်မည်ဖြစ်ပါသည်။

၅။ အိတ်ဖွင့်တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရုံးအမှတ်(၁၄)၊ နေပြည်တော်(တယ်လီဖုန်း အမှတ်-၀၆၇-၄၀၉၄၀၇၊ ၄၀၉၂၁၅) တွင် ဆက်သွယ်ရယူနိုင်ပါသည်။

တင်ဒါခေါ်ယူရေးလုပ်ငန်းကော်မတီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
 
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Opening Date     : 05-Apr-2016 | Tue

Closing Date       : 18-May-2016 | Wed

Expire In        : Coming 1 day
 
ဆက်သွယ်ရန်
0