BaganMart

ပင်မရုံးအဆောက်အအုံနှင့် ရေစင်ပြုပြင်ခြင်း အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တည်နေရာ  : ဧရာဝတီတိုင်းဒေသကြီး

Type    :အစိုးရတင်ဒါ
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်
ပြန်ကြားရေးဝန်ကြီးဌာန
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
မြောင်းမြခရိုင်ရုံးနှင့် နတ်မောက်မြို့နယ်ရုံးများပြင်ဆင်ရန်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည့် လူမှုအခြေပြုဗဟိုဌာန (Community Centry) အဖြစ် အဆင့်မြှင့်တင်နိုင်ရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပိုင် အောက်ပါရုံးများကို ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် လုပ်ငန်းဆောင်ရွက်လိုသော ကုမ္ပဏီများမှ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဈေးနှုန်းလွှာများတင်သွင်းကြရန် ဖိတ်ကြားအပ်ပါသည်။
(က) မြောင်းမြခရိုင်ရုံး - ပင်မရုံးအဆောက်အအုံပြုပြင်ခြင်း
(ခ) နတ်မောက်မြို့နယ်ရုံး - ပင်မရုံးအဆောက်အအုံနှင့် ရေစင်ပြုပြင်ခြင်း

၂။ အိတ်ဖွင့်တင်ဒါများကို ၁၃-၉-၂၀၁၆ ရက်မှ ၁၆-၉-၂၀၁၆ ရက် ရုံးချိန်အတွင်း ဝယ်ယူပြီး ၂၃-၁၀-၂၀၁၆ ရက် ညနေ ၃ နာရီအတွင်း နောက်ဆုံးထား၍ အောက်ဖော်ပြပါ လိပ်စာသို့ တင်သွင်းကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ သတ်မှတ်ချိန် ကာလထက် ကျော်လွန်သော တင်ဒါများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

၃။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အောက်ပါလိပ်စာအတိုင်း စုံစမ်းနိုင်ပါသည် -

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြောင်းမြခရိုင်ရုံး၊
မြရတနာရပ်ကွက်(ဘုရားချောင်း)၊ မြောင်းမြမြို့။
ဖုန်း- ၀၄၂-၇၀၁၉၀၊ ၀၉-၄၉၇၁၆၅၅၅
ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ နတ်မောက်မြို့နယ်ရုံး၊
နတ်မောက်-မကွေးလမ်း၊ (၄)ရပ်ကွက်၊ နတ်မောက်မြို့။
ဖုန်း- ၀၆၃-၆၉၀၉၄၊ ၀၉-၉၇၇၂၉၇၂၁၉
 
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Closing Date       : 23-Oct-2016 | Sun

 
ဆက်သွယ်ရန်

Address :