မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တည်နေရာ :
Sector :
Buyer : 0
Type :
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်
၁။ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ကွင်းအမှတ်(၄၁၆-ဃ)၊ ယခင်မြင်းပြိုင်ကွင်းဟောင်းတွင် ဆောက်လုပ်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံးနောက်ဆက်တွဲလုပ်ငန်း (၁၇)မျိုး၊ ဆောက်လုပ်ခြင်းအတွက် လုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါသဖြင့် အဆောက်အအုံတည်ဆောက်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိထားသည့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါ တင်သွင်းရန်ဖိတ်ခေါ်အပ်ပါသည်-
၂။ ဆောင်ရွက်လိုသော လုပ်ငန်းရှင်များသည် တင်ဒါအဆိုပြုလွှာနှင့် စည်းကမ်းချက်များကို ၆-၄-၂၀၁၆ ရက်မှ ၈-၄-၂၀၁၆ ရက်အထိ (၂၄×၆၅) လမ်းထောင့်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံးတွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး အသေးစိတ်သိရှိလိုပါက ဤရုံးတွင် ရုံးချိန်အတွင်း လာရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။ တင်ဒါအဆိုပြုလွှာနှင့် စည်းကမ်းချက်များကို ၂-၅-၂၀၁၆ ရက်တွင် တင်ဒါဖွင့်လှစ်မည်ဖြစ်ပါသည်။
၃။ လုပ်ငန်းရှင်များသည် တင်ဒါအဆိုပြုလွှာများနှင့်အတူ အဆောက်အအုံဆောက်လုပ်ခွင့် လိုင်စင်၊ ကုမ္ပဏီမှတ်ပုံတင်မိတ္တူနှင့် ကုမ္ပဏီ Profile တို့ကို တင်ပြရမည်ဖြစ်ပါသည်။
၎။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက ညွှန်ကြားရေးမှူး ဖုန်း-၀၉-၉၇၆၅၀၄၅၆၁၊ ရုံးဖုန်း-၀၂-၃၆၉၁၅၊ ၀၂-၃၆၉၁၄ တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ကြီးကြပ်ရေးကော်မတီ
မန္တလေးတိုင်းဒေသကြီးလွှတ်တော်
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Opening Date 06-Apr-2016 | Wed
Closing Date 02-May-2016 | Mon
Expire In Coming 1 day
ဆက်သွယ်ရန်
0
Scroll