လမ်း/တံတားလုပ်ငန်းများ၌ အသုံးပြုရန်လိုအပ်သော လမ်းခင်းကျောက်မျိုးစုံအား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တည်နေရာ  :

Sector    :

Buyer     :0

Type    :
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း(တင်ဒါအမှတ်-၂/၂၀၁၆-၂၀၁၇)

၁။ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် လက်အောက်ရှိ မြောင်းမြ၊ ဝါးခယ်မ၊ အိမ်မဲမြို့နယ်တို့မှ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်တွင်ရရှိသော ပြည်ထောင်စု/တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေများဖြင့် ဆောင်ရွက်မည့် လမ်း/တံတားလုပ်ငန်းများ၌ အသုံးပြုရန်လိုအပ်သော လမ်းခင်းကျောက်မျိုးစုံအား သက်ဆိုင်ရာ လမ်းပိုင်းအတွင်းရှိ လုပ်ငန်းခွင်နှင့် အနီးဆုံးစုရပ်သို့ ပစ္စည်းဖိုး၊ သယ်ယူပို့ဆောင်ခအပါအဝင် (မြန်မာကျပ်ငွေဖြင့်) ဝယ်ယူလိုပါသည်။

၂။ လိုအပ်သည့်လမ်းခင်းပစ္စည်းများ၏ အမျိုးအစား၊ အရေအတွက်၊ ပစ္စည်းစုရပ်၊ ဝယ်ယူလိုသည့် အသေးစိတ်စာရင်းနှင့် တင်ဒါစည်းကမ်းသတ်မှတ်ချက်များကို မြောင်းမြခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၏ ကြော်ငြာသင်ပုန်းတွင် ၁-၉-၂၀၁၆ရက်မှစတင်၍ ဖော်ပြထားမည်ဖြစ်ပါသည်။

တင်ဒါပိတ်မည့်ရက်/အချိန် -၁၃-၉-၂၀၁၆ ရက် အင်္ဂါနေ့ညနေ ၃၀း၀၀နာရီ
တင်ဒါဖွင့်မည့်နေရာ -မြောင်းမြခရိုင်၊ လက်ထောက်ညွှန် ကြားရေးမှူး (မြို့ပြ)ရုံး၊ လမ်းဦးစီးဌာန၊ မြောင်မြကြိုးတံတားအောက်၊ မြောင်မြမြို့
တင်ဒါဖွင့်မည့်ရက်/အချိန် -၁၄-၉-၂၀၁၆ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၁၀း၀၀နာရီ
တင်ဒါ လျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို အောက်ဖော်ပြပါဌာနတွင် ၁-၉-၂၀၁၆ ရက်မှစ၍ ရုံးချိန်အတွင်း ဝယ်ယူစုံစမ်းနိုင်ပါသည်။
တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့
မြောင်းမြခရိုင်၊ လမ်းဦးစီးဌာန
ဖုန်း-၀၄၂-၇၀၁၅၃
 
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Opening Date     : 01-Sep-2016 | Thu

Closing Date       : 13-Sep-2016 | Tue

Expire In        : Coming 1 day
 
ဆက်သွယ်ရန်
0