ချင်းပြည်နယ်စာရင်းစစ် ချုပ်ရုံးမှ အဆောက်အအုံဆောက်လုပ်ခြင်းများအတွက် အိတ်ဖွင့်တင်ဒါ

တည်နေရာ :
Sector :
Buyer : 0
Type :
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ချင်းပြည်နယ်စာရင်းစစ် ချုပ်ရုံးမှ အောက်ဖော်ပြပါ အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
(က) ထန်တလန်မြို့နယ် စာရင်းစစ်ရုံး၊ ဝန်ထမ်းအိမ်ရာနှစ်ခန်းတွဲ RCC (၂)ထပ် အလျား ပေ၆၀×အနံ ပေ၃၀× အမြင့် ၂၄ပေကို သွပ်မိုးအတွင်းအပြင်၊ ရေမီးသွယ်တန်းခြင်းနှင့် မိလ္လာလုပ်ငန်း အပါအဝင်ဖြစ်ပါသည်။
(ခ) တွန်းဇံမြို့နယ် စာရင်းစစ်ရုံး RCCတစ်ထပ် အလျား ၆၁ပေ× အနံ ၃၈ပေ× အမြင့် ၁၂ပေကို သွပ်မိုးအတွင်းအပြင်၊ ရေမီးသွယ်တန်းခြင်းနှင့် မိလ္လာလုပ်ငန်း အပါအဝင်ဖြစ်ပါသည်။
(ဂ) တွန်းဇံမြို့နယ် စာရင်းစစ်ရုံး၊ ဝန်ထမ်းအိမ်ရာနှစ်ခန်းတွဲ RCC (၂)ထပ် အလျား ပေ၆၀×အနံ ပေ၃၀× အမြင့် ၂၄ပေကို သွပ်မိုးအတွင်းအပြင်၊ ရေမီးသွယ်တန်းခြင်းနှင့် မိလ္လာလုပ်ငန်း အပါအဝင်ဖြစ်ပါသည်။
(ဃ) ပလက်ဝမြို့နယ် စာရင်းစစ်ရုံး၊ ဝန်ထမ်းအိမ်ရာနှစ်ခန်းတွဲ RCC (၂)ထပ် အလျား ပေ၆၀×အနံ ပေ၃၀× အမြင့် ၂၄ပေကို သွပ်မိုးအတွင်းအပြင်၊ ရေမီးသွယ်တန်းခြင်းနှင့် မိလ္လာလုပ်ငန်း အပါအဝင်ဖြစ်ပါသည်။

၂။အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းများကို ၁-၇-၂၀၁၆ ရက်မှစ၍ ဝန်ထမ်းအိမ်ရာများအတွက်တစ်စောင်လျှင် ကျပ် ၁၀၀၀၀နှုန်းနှင့် ချင်းပြည်နယ် စာရင်းစစ်ချုပ်ရုံးတွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ပါသည်။

၃။တင်ဒါပုံစံများကို ၂၉-၇-၂၀၁၆ရက် ၁၆း၃၀နာရီ နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ပါသည်။

၎။အသေးစိတ် သိရှိလိုပါက ဖုန်း-070-21095၊ 070-22560 နှင့် 070-22561 တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တင်ဒါခေါ်ယူရေးလုပ်ငန်းကော်မတီ
ချင်းပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ဟားခါးမြို့
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Opening Date 01-Jul-2016 | Fri
Closing Date 29-Jul-2016 | Fri
Expire In Coming 1 day
ဆက်သွယ်ရန်
0
Scroll