ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လိုအပ်သော သံချောင်း၊ ဘိလပ်မြေနှင့် အုတ် များ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တည်နေရာ  :

Sector    :

Buyer     :0

Type    :
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၇-
၂၀၁၈ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်ဧရိယာ အရှေ့ဘက်နယ်နိမိတ်အလျား (၈၂၀၀)ပေအား အုတ်ခြံစည်း ရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် အသုံးပြုရန် အောက်ဖော်ပြပါ လိုအပ်သော သံချောင်း၊ ဘိလပ်မြေနှင့် အုတ်တို့အား မြန်မာကျပ်ငွေဖြင့် တင်ဒါစနစ်နှင့် ၀ယ်ယူလိုပါ၍ တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

(၁) ၁။1/4'' Ø MS Rod ၁၀.၄၄တန်
(၂)1/2'' Ø MS Rod ၄၇.၅၉တန်
(၃) ဘိလပ်မြေ ၈၈၄၇အိတ်
(၄) အုတ် ၅၇၆၈၇၄ချပ်

၂။ တင်ဒါပုံစံရောင်းချမည့်ရက် - ၁-၉-၂၀၁၇ရက်မှ ၈-၉-၂၀၁၇ရက်အထိ(ရုံးချိန်အတွင်း)
၃။ တင်ဒါပုံစံရောင်းချမည့်နေရာ - Aerodrome Standards & Safety Division ရုံးခန်း
လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၊
လေဆိပ်လမ်း၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ်-၀၁-၅၃၃၀၁၃
၎။ တင်ဒါတင်သွင်းရမည့်နောက်ဆုံးရက် - ၁၅-၉-၂၀၁၇ရက်၊ (သောကြာနေ့)၁၂း၀၀နာရီ
အချိန်နှင့်နေရာ Aerodrome Standards&Safety Division ရုံးခန်း
လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၊
လေဆိပ်လမ်း၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့။

၅။ တင်ဒါဖွင့်လှစ်မည့်ရက်နှင့်အချိန်/နေရာ - ၁၉-၉-၂၀၁၇ရက်၊ (အင်္ဂါနေ့) မွန်းလွဲ ၁း၀၀နာရီ
လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၊
လေဆိပ်လမ်း၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့။

၆။ ပစ္စည်းတင်သွင်းရမည့်နေရာ - ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်
ရေးစီမံကိန်းလုပ်ငန်းခွင်

၇။ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် - ၀၁-၅၃၃၀၁၃ သို့ ရုံးချိန်အတွင်း တိုက်ရိုက်ဆက်သွယ်
မေးမြန်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးလုပ်ငန်းကော်မတီ
 
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Opening Date     : 01-Aug-2017 | Tue

Closing Date       : 08-Sep-2017 | Fri

Expire In        : Coming 1 day
 
ဆက်သွယ်ရန်
0