ရေကြောင်းအမြန်ယာဉ် သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါ (Open Tender ) ခေါ်ယူခြင်

တည်နေရာ :
Sector :
Buyer : 0
Type :
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်
၁။ ရန်ကုန်မြို့၏ သွားလာမှု အဆင်ပြေချောမွေ့စေရန် နှင့် ယာဉ်ကြောကျပ်တည်းမှု ဖြေလျှော့နိုင်ရေးအတွက် အမြန်ယာဉ်ဖြင့် ခရီးသည်သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းကို လှိုင်မြစ်နှင့် ငမိုးရိပ်ချောင်များတွင် စတင်ပြေးဆွဲရန် စီိစဉ်လျက်ရှိရာ လုပ်ကိုင်လို သော ပြည်တွင်းကုမ္ပဏီ လုပ်ငန်းရှင်များနှင့် ပြည်တွင်း/ပြည်ပပေါင်းစပ်လုပ်ကိုင်လိုသည့် ကုမ္ပဏီများကို ဖိတ်ခေါ်အပ်ပါသည်။

၂။ ခရီးသည်တင် အမြန်ရေယာဉ်များကို အောက်ပါအတိုင်း ပြေးဆွဲရန်ရည်ရွယ်ပါသည်။
(က) လှိုင်မြစ်ကြောင်းတစ်လျှောက်တွင် တစ်စီးလျှင်ခရီးသည် (၅၀ မှ ၁၀၀) (Design) အကြား တင်ဆောင်နိုင်သည့် ရေ ယာဉ်များ ပြေးဆွဲခြင်း။
(ခ ) ငမိုးရိပ်ချောင်းတစ်လျှောက်တွင် တစ်စီးလျှင် ခရီးသည် (၃၅ မှ ၆၀) ( Design) အကြားတင်ဆောင်နိုင်သည့် ရေယာဉ်များ ပြေးဆွဲခြင်း။

၃။ တင်ဒါလျှောက်လွှာပုံစံနှင့် တင်ဒါစည်းကမ်းချက်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ၊ အခန်းအမှတ်(၂၁၆)တွင် ၂၁-၁၁-၂၀၁၆ ရက်မှ ၂၀-၁၂-၂၀၁၆ထိ ရုံးချိန်အတွင်း ၀ယ်ယူနိုင်ပါသည်။ တင်ဒါလျှောက်လွှာ များကို ပြည့်စုံစွာဖြည့်စွက်ပြီး ၂၆-၁၂-၂၀၁၆ ရက် ညနေ ၄း၃၀ နာရီ နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် တင်ဒါစည်း ကမ်း ချက်များနှင့် ကိုက်ညီသော အဆိုပြုလွှာတင်သွင်းမှုများကို အမြန်စိစစ်ရွေးချယ်သွားမည်ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းအမှတ် ၀၉-၇၇၇၁၆၉၈၂ နှင့် ၀၉-၉၇၇၉၅၆၄၉၀ တို့သို့ ရုံးချိန်အတွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါစီစစ်ရွေးချယ်ရေးကော်မတီ
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Opening Date 21-Nov-2016 | Mon
Closing Date 26-Dec-2016 | Mon
Expire In Coming 1 day
ဆက်သွယ်ရန်
0
Scroll