အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း

တည်နေရာ :
Sector :
Buyer : 0
Type :
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်
၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခရိုင်လမ်းဦးစီးဌာနများမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်း/တံတားတည်ဆောက်ရေးလုပ်ငန်းများအား ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် တိုင်ရင်းသားပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များသို့ အိတ်ဖွင့်တင်ဒါပေးသွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက ညွှန်ကြားရေးမှူးရုံးသို့ ဖုန်း-၀၇၁-၂၃၇၆၄၊ ၂၂၅၄၁ သို့ဆက်သွယ်၍လည်းကောင်း၊ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း မေးမြန်းနိုင်ပါသည်။

၃။ သိုဖြစ်ပါ၍ အိတ်ဖွင့်တင်ဒါပုံစံဖြစ်ပြီး စိတ်ပါဝင်စားသူ တိုင်းရင်းသား လုပ်ငန်းရှင်များအနေဖြင့် လမ်း/တံတား တည်ဆောက်ရေးနှင့် လိုအပ်သော အချက်အလက်ပုံစံ၊ တင်ဒါအာမခံကြေးပေးသွင်းမှုချလန်နှင့် ဈေးနှုန်းများပြည့်စုံစွာဖြင့် တင်ဒါစိစစ်ရေးကော်မတီ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးသို့ ၁၃-၅-၂၀၁၆ ရက် ညနေ ၁၆း၀၀ နာရီအရောက် တင်ဒါပေးသွင်းနိုင်ကြောင်းနှင့် တင်ဒါပုံစံများကို စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာန၊ မုံရွာမြို့တွင် ထုတ်ယူနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

အိတ်ဖွင့်တင်ဒါစိစစ်ရေးအဖွဲ့
ဖုန်း-၀၇၁-၂၃၇၆၄၊ ၂၂၅၄၁
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Opening Date 25-Apr-2016 | Mon
Closing Date 13-May-2016 | Fri
Expire In Coming 1 day
ဆက်သွယ်ရန်
0
Scroll