အမျိုးအစားတူသော ကုန်ပစ္စည်းများကို သင်နှစ်သက်လျှင်
Digital Theodolite
AW Weighing Scale
Megger MJ15
KODEN CVS-128 Digital Brings Big Catch
KODEN CVS-1410/1410HS Digital eye
Multi Currency Detector
Multi Currency Detector
ကြည့်ရှု့သူ အရေအတွက် : 770 view counts

Multi Currency Detector

စျေးနူန်း :
အနည်းဆုံး အရေအတွက် : 1 Piece(s)
Brand : MNZ
Model : MD 502
ရောင်းသူရဲ့ အချက်အလက်များ
လုပ်ငန်းအမည် : URANUS Co., Ltd. Unverified Member
ဖုန်းနံပါတ် : 01-8603121, 01 571238
အီးမေလ်
နေရာဒေသ : ရန်ကုန်တိုင်းဒေသကြီး
Specification(အသေးစိတ်အချက်အလက်များ)
Speed : <0.5 sec/ sheet
Detection Features : Magnetism, Infrared, Image, Spectrum, Length, Thickness
Dimensions : 220x140x90 (mm)
Net Weight : 1.05 KGS
Temperature : 0 ˚C ~ 40 ˚C
Battery : Rechargeable, 10.8V/1000mAH
Power Supply : AC 100V ~ 240V 50/60Hz DC 12V/1.5A
Power Consumption : ≤ 10W
Available Currencies : US $, Euro, British Pound, Singapore $, Hong Kong $, Chinese Yuan, Thai Baht
Display : LCD
Place of Origin : Yangon In Myanmar
Descriptions(ကုန်ပစ္စည်းအကြောင်း)

URANUS Co., Ltd. မှ တင်သွင်းရောင်းချသည့် MNZ အမှတ်တံဆိပ် ငွေရေစက်များသည် ရာစည်းအုပ်များထဲမှ ငွေလျော့ခြင်း ကင်းဝေစေသဖြင့် အမှန်တကယ် စိတ်ချမ်းသာရမှု၊ အကြမ်းခံပြီး ငွေစက္ကူအဟောင်းအနွမ်းများ ရေတွက်နိုင်၍ အမှန်တကယ် အသုံးဝင်မှု၊ မြန်မာငွေစက္ကူများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းကြောင့် မြန်နှုန်းမြင့်ရေတွက်ရာတွင် အခြားငွေရေစက်များထက် မှန်ကန်တိကျမှု၊ (ပစ္စည်းတန်ဖိုး+လက်ခ) တစ်ကျပ်မကုန် အာမခံရက် ၁၀၉၅ ရက် (၃)နှစ် အာမခံကဒ်ပြားပါရှိမှု၊ စက်ရုံမှ တိုက်ရိုက်မှာယူတင်သွင်းရောင်းချ၍ စက်အပိုပစ္စည်း အလွယ်တကူ ၀ယ်ယူနိုင်မှု၊ ရှားရှားပါးပါးပျက်ခဲ့လျှင် ၂၄နာရီအတွင်း တာဝန်ယူဖြေရှင်းပေးနိုင်မှုနှင့် ခေတ္တအစားထိုးသုံးစွဲနိုင်ရန် စီစဉ်ပေးနိုင်မှု၊ စသည့် ၀ယ်သူလိုအပ်ချက်များ အားလုံးနှင့် ပြည့်စုံပါသည်။ ငွေတစ်သောင်းနှင့်အထက် နေ့စဉ် အကြိမ်ကြိမ်လက်ခံရေတွက်နေရသော လုပ်ငန်းများ (ဥပမာ-စားသောက်ဆိုင်၊ စူပါမားကတ်၊ အရောင်းပြခန်းနှင့် လက်လီအရောင်းဆိုင်များ)၊ ငွေသား ကျပ် သိန်းဆယ်ဂဏန်းမှ ရာဂဏန်းအထိ နေ့စဉ်စာရင်းရေးသွင်းတွက်ချက်နေရသော ကုမ္ပဏီများ၊ တန်ဖိုးကြီး ပစ္စည်းများရောင်းချခြင်းဖြင့်လည်းကောင်း၊ ၀န်ဆောင်မှုပေးခြင်းများဖြင့်လည်းကောင်း ၀င်ငွေရှာ၍ ၀ယ်သူ စိတ်ကျေနပ်မှုအား အထူးအလေးထားသည့်လုပ်ငန်းများ၊ ဘဏ်များ၊ အချိန်နှင့်အမျှ ၀င်ငွေရှာပေးနိုင်သည့် ၀န်ထမ်းများ၏ အဖိုးတန်လုပ်ငန်းချိန်များအား အကျိုးရှိရှိ ထိထိရောက်ရောက် သုံးစွဲလိုသည့် ကုမ္ပဏီများ၌ သုံးစွဲရန် အထူးသင့်လျော်သည်။

MNZ ငွေရေစက် အမျိုးအစားကွဲပြားမှုများ
MNZ ငွေရေစက်၏ အမျိုးအစားကွဲပြားမှုပေါ်မှုတည်၍ ငွေစက္ကူ ရွက်ရေတစ်ရာလျှင် ရေတွက်နှုန်းမှာ ၂.၆ စက္ကန့်မှ ၆စက္ကန့်အတွင်း ရေတွက်နိုင်ခြင်း၊ ကျပ်ငွေနှင့် ဒေါ်လာ ငွေစက္ကူ အတု/အစစ် ခွဲခြားပေးနိုင်ခြင်း၊ ရေတွက်လိုသော ပမာဏအား ကြိုတင် Set လုပ်ထားနိုင်ခြင်း၊ Speed အနှေး အမြန် အလိုအလျောက် ချိန်ပေးနိုင်ခြင်း၊ စက်ပျက်ခြင်း (သို့) error တက်ပါက error report ပေးနိုင်ခြင်း၊ စသည်ဖြင့် လုပ်ဆောင်စွမ်းကို မူတည်၍ တန်ဖိုးကွာခြားပါသည်။

MNZ ငွေရေစက်၏ အာမခံ
MNZ ငွေရေစက်၏ အာမခံ(၃)နှစ် အပြည့်မှာ ပစ္စည်းတန်ဖိုး (၃)နှစ် အခမဲ့ + လက်ခ အခမဲ့ (၃)နှစ် ဖြစ်ပါသည်။ အခြားငွေရေစက်များ၏ အာမခံ(၃)နှစ်မှာ ပစ္စည်းတန်ဖိုး (၁) နှစ် အခမဲ့ + လက်ခ အခမဲ့ (၂) နှစ် ဖြစ်ပါသည်။ MNZ ငွေရေစက်တန်ဖိုးအား တစ်ကျပ်မကုန် အာမခံရက် ၁၀၉၅ ရက်မျှနှင့် စားကြည့်လျှင်ပင် တရုတ်အိမ်တွင်းစက်မှုလက်မှုထုတ် ငွေရေစက်များထက် တန်လွန်းမကတန်နေပြီး ပိုမို စိတ်ချမ်းသာစေမည်ဖြစ်ကြောင်း အာမခံနိုင်ပါသည်။

MNZ ငွေရေစက်၏ အထူးဝန်ဆောင်မှု
အထူးဝန်ဆောင်မှု အနေဖြင့်လွန်ခဲ့သည့် ၁၀နှစ်မှပဲ ၀ယ်ဝယ်၊ ပြုတ်ကျပြီးပဲ ကွဲထားထား၊ MNZ အမှတ်တံဆိပ်ဆိုလျှင် တစ်ကျပ်မကုန် (ပစ္စည်းတန်ဖိုး+လက်ခ လုံးဝ အခမဲ့) နှုန်းထားဖြင့် ၂၄နာရီ အတွင်း တာဝန်ယူဖြေရှင်းပေးနေပါသည်။ MNZ ငွေရေစက်ကို နယ်မှ ၀ယ်ယူလိုပါက ဘဏ်မှ ငွေလွှဲလိုက်ရုံဖြင့် စက်သီးသန့် (သို့) ၀န်ထမ်းနှင့် အတူ ပို့ဆောင်ပေးပါသည်။ ရန်ကုန်မြို့တွင်း ဖုန်းဆက်မှာယူရုံဖြင့် လုပ်ငန်းခွင်အရောက် ရှင်းလင်းပြသရောင်းချပေးနိုင်ပါသည် အထူးဝန်ဆောင်မှုအနေဖြင့် ဘယ်မြို့ဖြစ်ဖြစ် အရောက်ပို့စနစ်ဖြင့် ဆောင်ရွက်ပေးသည်။

Business Description(လုပ်ငန်းအကြောင်း)

2000 ပြည့်နှစ်မှစတင်ခဲ့သော MNZ ဘဏ်လုပ်ငန်းသုံးငွေရေစက်သည် ဆန်းသစ်မှုနှင့် အရည်အသွေး ကောင်းမွန်မှုကြောင့် ဈေးကွက်ဦးဆောင်သူအဖြစ် ရပ်တည်လျက်ရှိသည်။ URANUS Co., Ltd. မှ တင်သွင်းရောင်းချသည့် MNZ အမှတ်တံဆိပ် ငွေရေစက်များသည် (10) နှစ်ကျော် အတွေ့အကြုံဖြင့် မြန်မာကျပ်ငွေများအတွက် အထူးထုတ်လုပ်ထားသော အကြမ်းခံပြီး အဟောင်းအနွမ်းဆိုဒ်စုံ ရေတွက်နိုင်ခြင်း၊ ကမ္ဘာအဆင့် Certificate များစွာရ စက်ရုံကြီးမှ ဥရောပနိုင်ငံများသို့တင်ပို့ နေသော အရည်အသွေးအတိုင်း ထုတ်လုပ်ထားသည့် ကမ္ဘာစံချိန်မီ ငွေရေစက်ဖြစ်ပါသည်။ လူကြီးမင်းတို့ ၏ငွေတွေကို တိတိကျကျ မြန်မြန်ဆန်ဆန် ရေတွက်နိုင်ဖို့ အတွက် ကျွန်တော်တို့ ရဲ့ MNZ အမှတ်တံဆိပ်ကို အသုံးပြုခြင်းအားဖြင့် အချိန်ကုန် ငွေကုန်သက်သာစေနိုင်ပါသည်။ ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ စားသောက်ဆိုင်များ၊ ဓာတ်ဆီဆိုင်၊ လက္ကားနှင့်လက်လီရောင်းချသူများနှင့် အထူးသင့်လျော်ပါသည်။ စက်အမျိုးအစားပေါင်း (၂၀)ကျော်ထဲမှ လူကြီးမင်းတို့လုပ်ငန်းလိုအပ်ချက်နှင့် အကိုက်ညီဆုံးအမျိုးအစားအား စေတနာထား ရွေးချယ်နိုင်ခြင်း၊ ဝါရင့်ကျွမ်းကျင် Technician များမှ ရှားရှားပါးပါး error များအား မိနစ်ပိုင်းအတွင်း ဖုန်းဖြင့်ပင် အလွယ်တကူဖြေရှင်းပေးနိုင်ခြင်း၊ ဝန်ထမ်းပေါင်း (၁၅၀)ကျော်ဖြင့် ငွေရေစက် တစ်မျိုးတည်းအတွက် မည့်သည့်မြို့မှ မှာမှာ အရောက်ပို့ ဆောင် ရှင်းလင်းပြသပေးခြင်း စသောဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။ Bank များအတွက် တနေကုန်သုံး Heavy Duty ငွေရေစက်၊ မြန်မာနှင့် နိုင်ငံခြား ငွေကြေးမျိုးစုံ အတု/အစစ် ခွဲခြားစက်၊ ထုပ်ပိုးစက် များရရှိနိုင်ပါသည်။ အသေးစိတ်သိလိုပါက 01-8603121သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

Related Products For This Supplier
Follow Us