Hover on the image to zoom

ပြောင်း၊ ပဲပုပ်၊ မြေပဲ သီးနှံတို့ စိုက်ပျိုးရန်အတွက် လက်တွန်း မျိုးစေ့ချကိရိယာ

Brand brand
Model model
အနည်းဆုံး အရေအတွက်
1 Unit(s)
စျေးနူန်း : 220000 Myanmar Kyats

ရောင်းသူရဲ့ အချက်အလက်များ

Pioneer Agrobiz Co. Ltd. packaage
ဖုန်းနံပါတ် : 01-528720, 09-773189910, 09-5107059, 09-795506830, 09-5104218
အီးမေလ် :
နေရာဒေသ :
message ပို့ရန်

စွမ်းဆောင်ရည်များ • ဤလက်တွန်းမျိုးစေ့ချကိရိယာသည် အရည်အသွေးကောင်းမွန်၍ အလေးချိန် ၁၂ ကီလိုဂရမ်ခန့်သာရှိသောကြောင့် ပေါ့ပါးပြီး အသုံးပြုရလွယ်ကူပါသည်။ အသုံးပြုနိုင်သော ပမာဏမှာ တစ်နေ့ လျှင် ၂ဧကမှ ၃.၃ ဧကအထိ မျိုးစေ့ချနိုင်ပါသည်။ • မြေပြန့် ၊တောင်ပေါ်၊ ကုန်းမြင့် ဒေသမရွေး အသုံးပြုနိုင်ပါသည်။ ဤမျိုးစေ့ချကိရိယာတွင် မျိုးချပေါက် ခုနှစ်ပေါက်ပါဝင်ပြီး ပြောင်း၊ ပဲပုပ်၊ မြေပဲ၊ ဝါ အစရှိသည့်အတွက် အထူးသင့်လျော်သည်။ စိုက်ကျင်းတစ်ကျင်းလျှင် တစ်စေ့မှ နှစ်စေ့သာ အစေ့ချရန် တိကျစွာ ပြုလုပ်ထားသောကြောင့် မျိုးစေ့ချွေတာပြီး လေလွင့်ဆုံးရှုံးမှု နည်းပါးစေပါသည်။ • အရည်အသွေးကောင်းမွန်သောဂီယာကို အသုံးပြုထားသောကြောင့် အသုံးပြုရာတွင် ဘီးလည်ပတ်မှုပေါ့ပါးချောမွေ့ ပြီး တာရှည်အသုံးခံပါသည်။ • စက်၏ကိုယ်ထည်မှာ ထွင်းဖောက်မြင်နိုင်သော ကိုယ်ထည်ကိုအသုံးပြုထားသောကြောင့် အသုံးပြုသူအနေဖြင့် အစေ့ချရာတွင် တိကျမှုရှိခြင်းကိုသိရှိနိုင်ပြီး ကျန်ရှိသော အစေ့ပမာဏနှင့် မြေသြဇာအခြေအနေတို့ ကို လွယ်ကူစွာသိရှိနိုင်သည်။ • အသုံးပြုသူအနေဖြင့် မိမိချလိုသော မျိုးစေ့အရေအတွက် တန်းခြား၊ စိုက်ကျင်းအနက်တို့ ကို အလိုရှိသလို ချိန်ညှိနိုင်ပါသည်။ • လက်ကိုင်တန်းကို မိမိလိုချင်သည့် အမြင့်ပမာဏအတိုင်း သီးသန့် ချိန်ညှိသတ်မှတ်နိုင်ပါသည်။ အသုံးပြုပုံ • လက်ကိုင်ခုံ၊ တွန်းခုံ၊ ကိုယ်ထည်နှင့် ဆက်စပ်ပစ္စည်းများကို အညွှန်းအတိုင်း တပ်ဆင်ပါ။ • မျိုးစေ့ နှင့် အသုံးပြုမည့်မြေသြဇာကို ပုံးအတွင်းသို့ ထည့်သွင်းပါ။ • မျိုးစေ့ချကိရိယာအား စိုက်တန်းအတိုင်းထား၍ အစေ့ချခွက်အား မြေပြင်နှင့် ထောင့်မှန်အနေအထားထားပါ။ • လက်တန်းအားကိုင်ပြီး အရှေ့သို့ ခပ်မှန်မှန်တွန်းသွားပါ။ ပုံမှန်အားဖြင့် ဖြေးဖြေးမှန်မှန်တွန်းပေးပါ။ မြန်မြန်တွန်းခြင်း၊ နောက်ပြန်ပြန်ဆွဲခြင်းများ မပြုလုပ်ရ။ ဆောင်ရန်/ရှောင်ရန်။ • ကိရိယာအားမတပ်ဆင်ခင် အညွှန်းအား သေချာဖတ်၍ ပုံတွင်ပြထားသော အညွှန်းအတိုင်းတပ်ဆင်ပါ။ ပုံတွင် ပြထားသော အညွှန်းအတိုင်းတပ်ဆင်ပါ။ • စိုက်သွားအား မိမိစိုက်ပျိုးလိုသော သီးနှံအရွယ်အစားနှင့် ကိုက်ညီအောင် ချိန်ညှိပါ။ • မျိုးစေ့အားမထည့်သွင်းမီ ခြောက်သွေ့အောင်ပြုလုပ်ပါ။ မျိုးစေ့များကို စိုစွတ်နေပါက အစေ့ချရာတွင် လွယ်ကူစွာမကျဆင်းနိုင်ပါ။ • မစိုက်ပျိုးမီ မိမိလိုချင်သော ပုံစံ၊ စိုက်တန်းနှင့် ထည့်သွင်းလိုသော မြေသြဇာပမာဏကို ချိန်ညှိနိုင်ရန် ကနဦးစမ်းသပ်ခြင်းက ပိုမိုကောင်းမွန်ပါသည်။ • ကိရိယာအစိတ်အပိုင်းများကို ပုံမှန်စစ်ဆေးခြင်း၊ အသုံးပြုပြီးပါက ပုံမှန်သန့် ရှင်းရေုးပြုလုပ်ပေးခြင်း၊ မြေသြဇာထည့်သောပုံးကို သေသေချာချာသန့် ရှင်းပေးခြင်း အစရှိသော ပြုပြင်ထိန်းသိမ်းမှုကို ပုံမှန်ပြုလုပ်ပေးပါ။ အသုံးမပြုပါက ခြောက်သွေ့သောနေရာတွင် သိမ်းဆည်းထားပါ။

စုစုပေါင်းအလေးချိန်
: ၈.၅ ကီလိုဂရမ်
စက် အလေးချိန်
: ၇.၂ ကီလိုဂရမ်
လုပ်ဆောင်မှု
: မျိုးစေ့ + မြေသြဇာ
မျိုးချနိုင်သောအနက်
: ၅.၇ စင်တီမီတာ (ချိန်ညှိနိုင်)
မျိုးစေ့ပမာဏ
: ≥၂.၉ ကီလိုဂရမ်
မြေသြဇာပမာဏ
: ≥ ၇.၅ ကီလိုဂရမ်
တိကျမှု
: ≥ ၉၅%
စိုက်ပျိုးနိုင်သောသီးနှံ
: ပဲပုပ်၊ ပြောင်း၊ မြေပဲ အစရှိသော သီးနှံများ
မျိုးစေ့ချေနှုန်း (လိုသလို ချိန်ညှိနှုန်း)
: တစ်နေရီ ၃၀-၄၀ မီတာ (အသင့်တော်ဆုံး)
ထုတ်ပိုးမှု
: စက္ကူသေတ္တာ
မျိုးစေ့ချနိုင်သော မြေအမျိုးအစား
: မည့်သည့်မြေအမျိုးအစားမဆို အသုံးပြုနိုင်

Product Review for "ပြောင်း၊ ပဲပုပ်၊ မြေပဲ သီးနှံတို့ စိုက်ပျိုးရန်အတွက် လက်တွန်း မျိုးစေ့ချကိရိယာ"

Write Your Own Review

Your email address will not be published. Required fields are marked *

(Click to rate on scal of 1-5)

Scroll