












အဏ္ဏဝါရေကြောင်းဆိုင်ရာ စက်မှုလက်မှုလုပ်ငန်းများနှင့် ငါးဖမ်းသင်္ဘောများအတွက် ပိုလီယူရီသိန်း (Polyurethane) ဖော့ဆေးဖြန်းခြင်း
စျေးနူန်း | : 1300 Kyats per Square Feet (s) |
အနည်းဆုံး အရေအတွက် | : 1 Square Feet (s) |
Brand | : Cool Speed |
Model | : FI 003 |
လုပ်ငန်းအမည် | : Sea Technology International Limited Unverified Member |
ဖုန်းနံပါတ် | : 01-202782,01-298415 |
အီးမေလ် | : |
နေရာဒေသ | : ရန်ကုန်တိုင်းဒေသကြီး |
Density | : 40kg/m³ (2.5 lb./ft³) |
Thermal Conductivity | : 0.017 kcal/m h C |
Working Temperature | : -70˚C to +100˚C |
Compressive Strength | : 2.20 kg/cm² |
Shear Strength | : 1.73 kg/cm² |
Tensile Strength | : 2.80 kg/cm² |
Flexural Strength | : 2.80 kg/cm² |
Elastic Modulus | : 70 kg/cm² |
Shear Modulus | : 9.15 kg/cm² |
အဏ္ဏဝါရေကြောင်းဆိုင်ရာ စက်မှုလက်မှုလုပ်ငန်းများနှင့် ငါးဖမ်းသင်္ဘောများတွင် အသုံးပြုခြင်း
ပိုလီယူရီသိန်း (Polyurethane) ဖော့ဆေးသည် ရေပေါ် ပေါ်စေသောဂုဏ်သတ္တိရှိသောကြောင့် လှေများ၊ သင်္ဘောများ၊ ကုန်တင်တွဲရေယာဉ်များ၊ ဘော်ယာများ၊ ရေပေါ်လွန်းကျင်းများ စီးပွားရေးသုံးရေယာဉ်များစသည့် အဏ္ဏဝါရေကြောင်းဆိုင်ရာလုပ်ငန်းများတွင် တွင်ကျယ်စွာအသုံးပြုနိုင်သည်။
1. ရေစုပ်ဝင်မှုခံနိုင်ရည်မြင့်မားခြင်း။
2. အသုံးပြုရလွယ်ကူခြင်းနှင့် စီးပွားရေးတွက်ချေကိုက်ခြင်း။
3. ရေယာဉ်၏ကိုယ်ထည်အတွင်း ထိုးသွင်းခြင်းဖြင့် နေရာလပ်များကိုဖြည့်ပေးပြီး ရေယာဉ်ကို ရေတွင်အလွယ်တကူမနစ်မြှုပ်စေခြင်း။
4. ရေခဲရိုက်ထားသော ငါးများနှင့် ရေခဲများသိုလှောင်ထားရှိရာနေရာရှိ နံရံများ အဖုံးများ ပိုက်များတွင် ဖော့ဆေးကိုအသုံးပြုခြင်းဖြင့် ပြင်ပမှအပူများ အခန်းအတွင်းသို့ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း။
5. အပူပမာဏကိုလျှော့ချစေခြင်းဖြင့် ရေခဲအရည်ပျော်ခြင်းကို အထူးကာကွယ်ပေးခြင်း။
6. ပတ်ဝန်းကျင်မှလာသော ပူနွေးသောလေများ၊ အင်ဂျင်စက်ခန်းမှလာသောအပူငွေ့များကို ကာကွယ်ပေးခြင်း။
7. စွမ်းအင်လိုအပ်ချက်လျှော့နည်းစေခြင်းစသည့် အကျိုးကျေးဇူးများစွာကို ရရှိစေပါသည်။
အဏ္ဏဝါရေကြောင်းဘော်ယာများ
1. ပိုလီယူရီသိန်း (Polyurethane) ဖော့ဆေးကို ဘော်ယာများတွင် အသုံးပြုခြင်းဖြင့် ဘော်ယာနံရံများသည် ပတ်ဝန်းကျင်မှ ထိခိုက်မှုဒဏ်ကိုခံနိုင်ရည်မြင့်မားခြင်း။
2. ပိုလီယူရီသိန်း (Polyurethane) ဖော့ဆေးသည် ရေပေါ်ပေါ်စေသောဂုဏ်သတ္တိရှိသောကြောင့် ဘော်ယာများအတွက် အသုံးပြုမည်ဆိုပါက အထူးသင့်လျော်မှုရှိုခြင်း။
3. ရေစုပ်ဝင်မှုခံနိုင်ရည်မြင့်မားသောကြောင့် ဘော်ယာများအား ရေမြှုပ်ကဲ့သို့ အလွယ်တကူနစ်မြှုပ်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း။
4. ဘော်ယာများအား ပင်လယ်ဆားငန်ရေကြောင့်သံချေးတက်ခြင်း၊ ပေါက်သွားခြင်းတို့ မှ ကင်းဝေးစေခြင်း။
5. ဘတ်တီးရီးယားများ၊ ရေပိုးမွှားများ တွယ်ကပ်ခြင်း၊ မှိုတက်ခြင်းကို ခုခံကာကွယ်နိုင်ခြင်း ရှိပါသည်။
ပိုလီယူရီသိန်း (Polyurethane) ဖော့ကိုအသုံးပြုနိုင်သော နေရာများ
အအေးခန်းသိုလှောင်ရုံများ၊ အစားအသောက်နှင့် အဖျော်ယမကာစက်ရုံများမှ အဆင့်မြင့်နည်းပညာစက်ရုံခန်းများ၊ လေဆိပ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ အီလက်ထရောနစ် စက်ရုံများ၊ LPG-LNG သိုလှောင်ကန်များ၊ ပိုက်လိုင်းများ၊ ကွန်ဒိုအဆင့်မြင့်တိုက်ကြီးများ၊ တိုက်ခန်းများ၊ ကျောင်းများ၊ ဆေးရုံများ၊ အဏ္ဏဝါရေကြောင်းဆိုင်ရာ စက်မှုလက်မှုလုပ်ငန်းများနှင့် ဘော်ယာများ လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အဦးများ မွေးမြူရေးဆိုင်ရာ အဆောက်အဦးများ စသည့်တို့ ဖြစ်ပါသည်။
ပိုလီယူရီသိန်း (Polyurethane) ဖော့၏အဓိကအကျိုးကျေးဇူးများ
စွမ်းအင်သက်သာခြင်း အပူဒဏ်ခံနိုင်ခြင်းနှင့် ကုန်ကျစရိတ်သက်သာခြင်း
ဖော့ဆေးသည် အပူကိုသိသာထင်ရှားစွာခုခံကာကွယ်နိုင်ခြင်းနှင့် အခန်းအတွင်းအအေးဓာတ်ကို တာရှည်စွာထိန်းသိမ်းထားနိုင်ခြင်း (ဥပမာ။ ။ အဲယားကွန်းအခန်းများတွင် အသုံးပြုပါက လျှပ်စစ်ဓာတ်အား အများအပြားသုံးစွဲမှုနှင့် ကုန်ကျစရိတ်အား သက်သာစေပါသည်။) အတွင်းမှလေများကို အပြင်သို့ မထွက်စေခြင်းနှင့် အပြင်မှလာသောလေများကို အတွင်းသို့ မဝင်နိုင်အောင်ကာကွယ်ပေးခြင်း၊ လေမလုံ၍ လေစိမ့်ဝင်သောကြောင့် ဖြစ်ပွားတက်သော အစိုပြန်မှုများကို ကာကွယ်နိုင်ခြင်း၊ အဖက်ဖက်မှလာသောအပူဒဏ်ကို ခုခံနိုင်စွမ်းရှိခြင်းစသော အထူးဂုဏ်သတ္တိများပါရှိသောကြောင့် ဖော့ဆေးသည် နွေရာသီအတွက် အကောင်းဆုံးသောရွေးချယ်မှုတစ်ရပ်ဖြစ်ပါသည်။
အလွယ်တကူမီးမလောင်နိုင်သော ဂုဏ်သတ္တိရှိခြင်း
ပိုလီယူရီသိန်း (Polyurethane) ဖော့သည် အလွယ်တကူမီးမလောင်နိုင်သော ဂုဏ်သတ္တိရှိသောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အကာအကွယ်ပစ္စည်းတစ်ခုအဖြစ် အသုံးပြုမည်ဆိုပါက အလွယ်တကူမီးလောင်မှုကို ခုခံနိုင်စွမ်းရှိပါသည်။
ရေလုံခြင်းနှင့် ရေစုပ်ဝင်မှုခံနိုင်ရည်မြင့်မားခြင်း
ဖော့ဆေးကို စတင်အသုံးပြုသောအခါ အရည်အနေဖြင့် အပေါက်ငယ်များ၊ ချိုင့်ခွက်များ၊ အက်ကွဲကြောင်းများ ကွက်လပ်များကို ဖြည့်ပေးပြီး ခဏအတွင်းဖော့အဖြစ်ပြောင်းလဲသွားသောကြောင့် ရေလုံခြင်းနှင့် ရေဒဏ်ခံနိုင်ခြင်း စသည့် ဂုဏ်သတ္တိများကို ရရှိစေပါသည်။ ထို့ အပြင် ရေစုပ်ဝင်မှုခံနိုင်ရည်မြင့်မားခြင်းစသည့် အကျိုးကျေးဇူးများကို ထပ်မံရရှိစေနိုင်ပါသည်။
အသံလုံခြင်း
ပတ်ဝန်းကျင်အသံပျံနှံ့မှု ကာကွယ်နိုင်ခြင်းဖြင့် ပတ်ဝန်းကျင်မှလာသောအသံများကို ကာကွယ်နိုင်ခြင်း (သို့) အသံလုံခြင်း စသော ဂုဏ်သတ္တိများကြောင့် စီးပွားရေးဆိုင်ရာ စက်မှုလက်မှုလုပ်ငန်းများအတွက်များစွာ အကျိုးကျေးဇူးရှိသော ဖော့ဆေးအမျိုးအစားဖြစ်ပါသည်။
ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိခြင်း
ပိုလီယူရီသိန်း (Polyurethane) ဖော့ဆေးကို အသုံးပြုသောအခါ ဖော့ဆေးသည် အနံ့မရှိသောကြောင့် ပတ်ဝန်းကျင်သို့ အနံ့ဆိုးများ ပျံ့နှံ့ခြင်းစသည့် ဆိုးကျိုးများကို မဖြစ်ပေါ်စေနိုင်ခြင်း၊ ဖော့ဆေးသည် ကျစ်လျစ်သိပ်သည်းမှုအကောင်းဆုံးဖြစ်သောကြောင့် အမှုန့် ထွက်ခြင်းမရှိသည့်အတွက် ကျန်းမာရေးရှုထောင့်မှကြည့်မည်ဆိုပါက သင့်တော်သော ဖော့ဆေးတစ်မျိုးဖြစ်ပါသည်။ ပိုလီယူရီသိန်း (Polyurethane) ဖော့သည် အပြည်ပြည်ဆိုင်ရာပတ်ဝန်းကျင်ထိန်းသိမ်းမှု အသိအမှတ်ပြုလက်မှတ် (ISO-14000) ရရှိထားသောကြောင့် ဖော့ဆေးကိုအသုံးပြုခြင်းဖြင့် လူမူပတ်ဝန်းကျင်တွင် မည့်သည်ဆိုးကျိုးမှ သက်ရောက်ခြင်းမရှိသောကြောင့် ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုရှိသော ယုံကြည်စိတ်ချစွာသုံးစွဲသင့်သော ဖော့ဆေးအမျိုးအစားဖြစ်ပါသည်။
အခန်းအတွင်းလေထုမျှတခြင်း
ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေးဂျင်စီ (EPA) အရ အခန်းအတွင်း လေအရည်အသွေးနေထိုင်မှု၏ အဓိကကျသော အချက်တစ်ချက်ဖြစ်သည်။ ဖော့ဆေးကို အသုံးပြုခြင်းဖြင့် မလိုလားအပ်သော စိုစွတ်မှုများဝင်ရောက်ခြင်းနှင့် ပတ်သက်ပြီး မှိုများဖြစ်ပေါ်ခြင်း၊ ညစ်ညမ်းခြင်း၊ အနံ့မရှိသောကြောင့် အသုံးပြုသူများအား အသက်ရှုလမ်းကြောင်းနှင့် ပတ်သက်သော ဝေဒနာများ မဖြစ်ပေါ်စေခြင်း၊ ဖော့ဆေးတွင် အသုံးပြုထားသော ဓာတုပစ္စည်းများကြောင့် အသုံးပြုသူများအပေါ်တွင် ဓာတ်မတည့်ခြင်းနှင့် Allergies ဖြစ်ခြင်းစသည့် ဆိုးကျိုးများမဖြစ်ပေါ်စေနိုင်ပါ။
-
KODEN CVS-128 Digital Brings Big Catch
-
KODEN CVS-1410/1410HS Digital eye
-
ONWA KCOMBO 7
-
ICOM IC-718 SSB HF Transceiver
-
နေအိမ် အဆောက်အဦးများ အသစ်တည်ဆောင်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများအတွက် ပေါ်လီယူရီသိန်း (Polyurethane) ဖော့ဆေးဖြန်းခြင်း
-
အအေးခန်းသိုလှောင်ရုံများ၊ အအေးခန်းအရောင်းကောင်တာများ၊ အအေးခန်း ကွန်တိန်နာများ၊ Freezer များ အတွက် ပေါ်လီယူရီသိန်း (Polyurethane) ဖော့ဆေးဖြန်းခြင်း
-
အဏ္ဏဝါရေကြောင်းဆိုင်ရာ စက်မှုလက်မှုလုပ်ငန်းများနှင့် ငါးဖမ်းသင်္ဘောများအတွက် ပိုလီယူရီသိန်း (Polyurethane) ဖော့ဆေးဖြန်းခြင်း