About BaganTrade's Help

BaganMart ဆိုတာဘာလဲ?

BaganMart သည် လုပ်ငန်းရှင်များ အချင်းချင်း ချိတ်ဆက်ရောင်းဝယ် နိုင်တဲ့ Myanmar B2B eCommerce platform ဖြစ်ပါတယ်။ လုပ်ငန်းရှင်များအနေနဲ့ မိမိရဲ့ Showroom ထဲက ပစ္စည်းတွေကို Online Showroom အနေနဲ့ BaganMart.com ပေါ်မှာတင်ထားခြင်းဖြင့် ကုန်ပစ္စည်း အသေးစိတ် အချက်လက်တွေကို အနယ်နယ်အရပ်ရပ်က ဝယ်ယူလိုတဲ့ လုပ်ငန်းရှင်များ အင်တာနက်မှ အလွယ်တကူ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဝယ်ယူလိုတဲ့ လုပ်ငန်းရှင်များအနေဖြင့် ဝယ်လိုတဲ့ ကုန်ပစ္စည်းအကြောင်းကို Showroom တစ်ခုပြီး တစ်ခု သွားကြည့်ရမယ့်အစား အင်တာနက်ပေါ်မှာ ဓါတ်ပုံ ၊ ဗီဒီယိုတွေ နဲ့ အသေးစိတ်ကြည့်ပြီး အကြိုက်ဆုံးပစ္စည်းကို Online က မှာယူ၍ပဲဖြစ်ဖြစ် ၊ လူကိုယ်တိုင် သွားရောက်၍ပဲဖြစ်ဖြစ် ဝယ်ယူနိုင်ပါတယ်။