Traditional Marketing နဲ့ Digital Marketing နှိုင်းယှဉ်ခြင်း

သမာရိုးကျ မားကတ်တင်း (Traditional Marketing)  နှင့် ဒီဂျစ်တယ် မားကတ်တင်း (Digital Marketing)

- - - - - - - - - - - - - - - - - - - - - - - - - - - - - - -

မားကတ်တင်းဆိုတဲ့သဘောက Customer တွေရဲ့ လိုအပ်ချက်၊လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးရင်း မိမိအတွက် အမြတ်ဖန်တီးတဲ့သဘောပါ။ Customer တွေရဲ့ လိုအင်တွေကို ဖြည့်ဆည်းဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ချဉ်းကပ်လာကြပါတယ်။

သမာရိုးကျ မားကတ်တင်း

- - - - - - - - - - - - - -

သမာရိုးကျမားကတ်တင်းဆိုတာကတော့ ရှေးကတည်းက ကျင့်သုံးလာတာပါ။ တီဗွီ၊ရေဒီယို၊မဂ္ဂဇင်းများနှင့်ဘေလ်ဘုတ်တွေ အသုံးပြုပြီး Customer တွေကို ဆွဲဆောင်တာပါ။ ယနေ့ခေတ်မှာတော့ Offline Marketing လို့လည်း အလွယ်ခေါ်ကြပါတယ်။ သမာရိုးကျမားကတ်တင်းမှာတော့ Customer တွေကို တိုက်ရိုက်ထိတွေ့တဲ့ဗျူဟာဘက်ကို သွားပါတယ်။ သမာရိုးကျ မားကတ်တင်းကတော့ Radio Advertising တွေလုပ်ရတယ်၊ Billboard တွေထောင်ရတယ်၊ နေရာစုံလျှောက်သွားပြီး မားကတ်တင်းဆင်းရတယ်။ သူ့ရဲ့ အားနည်းချက်က ကုန်ကျစရိတ်မြင့်မားပါတယ်။ ထို့အပြင် ကိစ္စဝိစ္စများတဲ့အတွက် အလွန်ပဲ လက်ဝင်ပါတယ်။ ပြီးတော့ အကျိုးရလဒ်ကို တွက်ချက်ဖို့ မလွယ်ကူပါဘူး။

ဒီဂျစ်တယ် မားကတ်တင်း

- - - - - - - - - - - - -

နိုင်ငံတကာမှာတော့၂ဝရာစုကုန်ခါနီးကတည်းကအင်တာနက်ဖွံ့ဖြိုးလာပေမယ့် မြန်မာနိုင်ငံမှာတော့ ၂၁ရာစုအစောပိုင်းမှသာ နည်းပညာပိုင်းမှာ သိသိသာသာတိုးတက်လာခဲ့ပါတယ်။ ယနေ့ ၂ဝ၁၆ခုနှစ်မှာလည်း မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုသူ ၁၃သန်းအထိ ရှိလာပြီဖြစ်ပါတယ်။ ဒီဂျစ်တယ်မားကတ်တင်းဆိုတာကတော့ အင်တာနက်မီဒီယာများကို အခြေပြု၍ ကုန်ပစ္စည်းများကို ဈေးကွက်အတွင်းသို့ ထိုးဖောက်တဲ့မဟာဗျူဟာပဲ ဖြစ်ပါတယ်။ ဒီဂျစ်တယ် မားကတ်တင်းထဲမှာတော့ Social Media မားကတ်တင်း၊ Email မားကတ်တင်း ၊ Search Engine မားကတ်တင်း တို့အပြင် PPC နှင့် ဝက်ဘ်ဆိုက်များလည်း အကျုံးဝင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အခြား Social Media တွေထက် Facebook ကိုသာ လူတွေစုနေတဲ့အတွက် Social Media လို့ဆိုလိုက်တာနဲ့ Facebook ပဲ ပြေးမြင်တက်ကြပါတယ်။ ဒီဂျစ်တယ် မားကတ်တင်းရဲ့ အားသာချက်ကတော့ အချက်အလက်များ အလွယ်တကူရှာနိုင်ပြီး Target ကို အလွယ်တကူသတ်မှတ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ထို့အပြင် ကုန်ကျစရိတ်လည်း နည်းပါးပါတယ်။

အချုပ်အားဖြင့်ဆိုသော် လက်ရှိမြန်မာနိုင်ငံမှာတော့ သမာရိုးကျ မားကတ်တင်းကို ပိုမိုအလေးပေးတာ တွေ့ရပါတယ်။ ငွေသုံးတဲ့နေရာမှာလည်း သမာရိုးကျ မားကတ်တင်းက ၇ဝရာခိုင်နှုန်း၊ ဒီဂျစ်တယ် မားကတ်တင်းက ၃ဝရာခိုင်နှုန်း သုံးစွဲနေကြပါတယ်။ တဖြည်းဖြည်း နည်းပညာတိုးတက်လာသည်နှင့်အမျှ သမားရိုးကျမားကတ်တင်းသည် အားပျော့သွားမယ့်သဘောမှာ ရောက်နေပြီး အချိန်ကြာလာသည်နှင့်အမျှ ဒီဂျစ်တယ် မားကတ်တင်းသည်သာလျင် အဓိကအက္ခရာဖြစ်လာပေမည်။

www.baganmart.com

လုပ်ငန်းရှင်များ ရောင်းဝယ်ရာ

 

Follow Us